Michelle in Yangon Downtown

မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ..။ ဒီပုံလေးဖြစ်ဖို့အတွက် အောက်မှာ ပြင်ဆင်ချက်မလုပ်ရသေးတဲ့ မူရင်းဖိုင်တစ်ခုတင်ပေးထားပါတယ်..။ ညာဘက်မှာရှိနေတဲ့လူတွေနဲ့ ကလေးကို life style ပုံစံဖြစ်လို့ ထည့်ရိုက်လိုက်ပေမယ့် edit လုပ်တဲ့အချိန်မှ မလိုချင်တော့ဘူး ဖြစ်လာပါတယ်..။ ဒါကြောင့်ပဲ photoshop မှာ ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။ အရောင်တွေပြင်ထားပါတယ်..။

Memories of Michelle

ပြီးခဲ့နှစ်ကုန်ပိုင်းက မန္တလေးမှာဓါတ်ပုံ workshop ကလေးတစ်ခုလုပ်ပါတယ်..။ ဓါတ်ပုံကို ဝါသနာသိပ်ပါပြီး အရမ်းကို သင်ယူချင်စိတ်များလွန်းတာကြောင့် ဒီ workshop ကလေးတက်ဖို့အတွက် ပိုက်ဆံစုပြီးတက်ရတယ်..။ နောက်ပြီး လာသင်မယ့်ဆရာတွေကလည်း တကယ့်ဆရာသမားတွေဖြစ်တဲ့ Rarindra Prakarsa နဲ့ Kenvin Pinardy တို့..။ ပြီးတော့ ကျွန်တော့်နောင်တော်ကြီး ဆရာကိုကျော်ဇောလေးတို့ ဦးစီးတာဆိုတော့ ကျွန်တော်မဖြစ်မနေ သွားခဲ့ပါတယ်..။ ချစ်သူ Michelle က Model အနေနဲ့ ဝိုင်းလုပ်ပေးတော့ တကယ်ပဲ အားတက်သရောသွားခဲ့တယ်..။

Browsing the Nature

ရှမ်းပြည်တောင်ပိုင်းကို အလည်သွားရင် ဘယ်သူမဆိုတော့ ကလောဘက် ရွာငံဘက်တွေ သွားရပါတယ်..။ တောင်တန်းတွေနဲ့ စိုက်ထားတည် လည်ကွင်းတွေ တမျှော်တခေါ် လှမ်းမြင်ရတော့ ကြည်နူးရတာ အမှန်ပဲ။ လေယာဉ်ပေါ်ကများ ကြည့်ရင် မြင်ကွင်းတွေက ပိုပြီးတောင်စွဲမက်စရာ ကောင်းလှပါတယ်..။ ရောင်စုံဖြာဝေ မောတို့မြေရဲ့အလှပေါ့လေ..။