That’s why you fail!

၁။ ရည်မှန်းချက်မရှိ

လူတစ်ယောက်မှာ အနည်းဆုံးတော့ ငါဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရတယ်..။ ငါသိပ်ချမ်းသာချင်တယ် ဆိုရင် ဒီနှစ်အတွင်း ငါဘယ်လောက်မြတ်အောင်ရှာနိုင်ရမယ်..။ ငါ့ရဲ့ လှည့်ပတ်နေတဲ့ ငွေက ဘယ်လောက်အတိုင်းအတာ ဖြစ်ရမယ်..။ ငါ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တော့ ဒီနှစ်မှာဖြစ်ရမယ်..။ နောင်နှစ်မှာ ဘာဖြစ်ရမယ်..။ အဲဒါကို ထပ်ခွဲခြမ်းစိတ်ဖြာပြီး လေးလအတွင်းဘာတွေလုပ်ရမယ်..။ အဲဒီ လေးလ ရည်မှန်းချက်အတွက် တစ်လခြင်းဆီမှာ ဘာတွေလုပ်သွားမယ် ဆိုတဲ့ အသေးစိတ်စဉ်းစားထားတာမျိုးတော့ ရှိရမယ်..။ ဒီလအတွင်းရတဲ့ငွေလည်း အသုံးစရိတ်၊ နောက်လအတွင်းရတာလည်း အကြွေးတင်တာတွေဆပ်နေရရင် လုံးချာလည်ပြီး ဒီနှစ်အတွင်းလည်း ဘာမှဖြစ်လာမှမဟုတ်သလို ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်လည်း မရောက်ဘူး..။ ရည်မှန်းချက်ရှိနေဖို့ နံပါတ် ၁။ ပြီးတော့ ရည်မှန်းချက်အတိုင်းဖြစ်ဖို့ ဘယ်လိုသွားရမယ်ဆိုတာ သိဖို့ နံပါတ် ၂။ နံပါတ် ၃ အချက်ကတော့ အဲဒီရောက်အောင်သွားမယ့် လမ်းကြောင်းကို မမှိတ်မသုန်သွားဖို့ပဲ..။

၂။ အဆိုးမြင်၊ အပြုသဘောမဆောင်

အရာရာတိုင်းက ကိုယ်တွေးထားသလို ဘယ်တော့မှဖြစ်မလာတတ်ဘူး..။ တောင်ထိပ်ကို ရောက်ချင်ရင် အကွေ့အကောက်တွေကို ဖြတ်သန်းရတယ်..။ အတက်အဆင်းတွေကို ကျော်ဖြတ်ရတယ်..။ နောက်တော့မှ ကိုယ်ရောက်ချင်တဲ့ တောင်ထိပ်ကိုရောက်တယ်..။ ကြုံနေတာတွေကို အဆိုးမြင်နေရင် လှည့်ပြန်ရမယ်.။ အကောင်းချည့် မြင်နေရမယ် မဆိုလိုဘူး..။ ဆိုးတာကို ဆိုးတယ်ဆိုတာပဲမှတ်ထားပြီး ဆက်လျှောက်ရမှာ..။ အဆိုးတွေမြင်၊ အပြစ်တွေတင်နေရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာနဲ့ အတူတူပဲ..။