End of 2016 and Beginning of 2017

၂၀၁၆ ခုနှစ်ထဲမှာ ၂၀၁၅ တုန်းက resolution ထားခဲ့တာတွေကို တော်တော်များများ လုပ်ဖြစ်ခဲ့တယ်..။ မျှော်လင့်မထားတာတွေပဲ ကြုံတတ်ခဲ့လေတော့ အဆင်ပြေအောင် တော်တော်လေးရုန်းကန်ပြီး နေရတယ်..။ နှစ်ကုန်ပိုင်းတွေရောက်လာလေ တော်တော်ရုန်းကန်နေရလေပါပဲ..။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာဟာ ကိုယ်ထင်နေသလောက် မဟုတ်ဘဲတော်တော်ပဲ ဘေးကြပ်နံကြပ် ဖြစ်နေရတယ်..။
အသက် ၁၈ နှစ်သားကတည်းက သူများဝန်ထမ်းလုပ်ခဲ့တာကနေ အခုမှရုတ်တရက်ကြီး ဘယ်ကုမ္ပဏီမှာမှ မလုပ်တော့ဘဲ ကိုယ်တစ်နိုင်တစ်ပိုင်လေးပဲ လုပ်ဖြစ်တော့တယ်..။ ကိုယ့်အလုပ်မှာ ကိုယ်သာလျင်ပဲ့ကိုင်သူ ဖြစ်တဲ့အတွက် အတွေးရေယဉ်ကြောမှာမျောပြီး စိတ်ကူးယဉ်နေလို့ မရဘူး..။ ဝါသနာပါတာလည်း လုပ်နေတာရယ် စိတ်ကူးထားသမျှ ပုံဖော်ပြီးလုပ်နေတာဖြစ်တဲ့အတွက် ရုန်းနေကန်နေရတာပါပဲ..။ သူများလို အဖေဗိုလ်ချုပ် အမေမိုးကုတ် မဟုတ်တဲ့အတွက် မိသားစုဆီကလည်း လက်ဖြန့်တောင်းလို့မရ၊ အသိုင်းအဝိုင်းကလည်း မတောင့်တင်းလေတော့ ဘဝက ဝလုံးနဲ့ စတော့တာပဲ..။