Bogyoke Market Snapshot II

ဒီနေ့ ပြင်ဖြစ်တဲ့ နောက်ထပ် ပုံနှစ်ပုံ ထပ်တင်ထားလိုက်တယ်။ ပုံတွေကို အရောင်တွေ ကစားထားတာလေးတွေက အခုလောလောဆယ် စိတ်ထဲရှိနေတဲ့ ဓါတ်ခံအတိုင်းပဲ ကစားထားမိတယ်..။

Michelle in Yangon Downtown

မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ..။ ဒီပုံလေးဖြစ်ဖို့အတွက် အောက်မှာ ပြင်ဆင်ချက်မလုပ်ရသေးတဲ့ မူရင်းဖိုင်တစ်ခုတင်ပေးထားပါတယ်..။ ညာဘက်မှာရှိနေတဲ့လူတွေနဲ့ ကလေးကို life style ပုံစံဖြစ်လို့ ထည့်ရိုက်လိုက်ပေမယ့် edit လုပ်တဲ့အချိန်မှ မလိုချင်တော့ဘူး ဖြစ်လာပါတယ်..။ ဒါကြောင့်ပဲ photoshop မှာ ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။ အရောင်တွေပြင်ထားပါတယ်..။

At AVA

အင်းဝမှာရှိတဲ့ မယ်နုအုတ်ကျောင်းမှာ ရိုက်ထားတဲ့ပုံလေးပါ..။ မယ်နုအုတ်ကျောင်းက နာမည်ကျော်ပါတယ်..။ ကုန်းဘောင်ခေတ်လက်ရာ အပြောက်အမွှမ်းတွေနဲ့ ခန့်ခန့်ထည်ထည်ရှိနေတယ်..။ ကျောင်းရဲ့အောက်မှာ လူဝင်လို့ရတဲ့နေရာတွေရှိတယ်..။ ဒီနေရာတွေမှာ တော်တော်များများ ရိုက်ဖူးကြမယ် ထင်ပါတယ်..။ ကျွန်တော်လည်း ရိုက်ချင်နေတာတော်တော်ကြာပြီ..။ အခု မန္တလေးမှာ photography workshop လုပ်တော့မှပဲ ရိုက်ဖြစ်တော့တယ်..။

That’s why you fail!

၁။ ရည်မှန်းချက်မရှိ

လူတစ်ယောက်မှာ အနည်းဆုံးတော့ ငါဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရတယ်..။ ငါသိပ်ချမ်းသာချင်တယ် ဆိုရင် ဒီနှစ်အတွင်း ငါဘယ်လောက်မြတ်အောင်ရှာနိုင်ရမယ်..။ ငါ့ရဲ့ လှည့်ပတ်နေတဲ့ ငွေက ဘယ်လောက်အတိုင်းအတာ ဖြစ်ရမယ်..။ ငါ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တော့ ဒီနှစ်မှာဖြစ်ရမယ်..။ နောင်နှစ်မှာ ဘာဖြစ်ရမယ်..။ အဲဒါကို ထပ်ခွဲခြမ်းစိတ်ဖြာပြီး လေးလအတွင်းဘာတွေလုပ်ရမယ်..။ အဲဒီ လေးလ ရည်မှန်းချက်အတွက် တစ်လခြင်းဆီမှာ ဘာတွေလုပ်သွားမယ် ဆိုတဲ့ အသေးစိတ်စဉ်းစားထားတာမျိုးတော့ ရှိရမယ်..။ ဒီလအတွင်းရတဲ့ငွေလည်း အသုံးစရိတ်၊ နောက်လအတွင်းရတာလည်း အကြွေးတင်တာတွေဆပ်နေရရင် လုံးချာလည်ပြီး ဒီနှစ်အတွင်းလည်း ဘာမှဖြစ်လာမှမဟုတ်သလို ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်လည်း မရောက်ဘူး..။ ရည်မှန်းချက်ရှိနေဖို့ နံပါတ် ၁။ ပြီးတော့ ရည်မှန်းချက်အတိုင်းဖြစ်ဖို့ ဘယ်လိုသွားရမယ်ဆိုတာ သိဖို့ နံပါတ် ၂။ နံပါတ် ၃ အချက်ကတော့ အဲဒီရောက်အောင်သွားမယ့် လမ်းကြောင်းကို မမှိတ်မသုန်သွားဖို့ပဲ..။

၂။ အဆိုးမြင်၊ အပြုသဘောမဆောင်

အရာရာတိုင်းက ကိုယ်တွေးထားသလို ဘယ်တော့မှဖြစ်မလာတတ်ဘူး..။ တောင်ထိပ်ကို ရောက်ချင်ရင် အကွေ့အကောက်တွေကို ဖြတ်သန်းရတယ်..။ အတက်အဆင်းတွေကို ကျော်ဖြတ်ရတယ်..။ နောက်တော့မှ ကိုယ်ရောက်ချင်တဲ့ တောင်ထိပ်ကိုရောက်တယ်..။ ကြုံနေတာတွေကို အဆိုးမြင်နေရင် လှည့်ပြန်ရမယ်.။ အကောင်းချည့် မြင်နေရမယ် မဆိုလိုဘူး..။ ဆိုးတာကို ဆိုးတယ်ဆိုတာပဲမှတ်ထားပြီး ဆက်လျှောက်ရမှာ..။ အဆိုးတွေမြင်၊ အပြစ်တွေတင်နေရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာနဲ့ အတူတူပဲ..။

Memories of Michelle

ပြီးခဲ့နှစ်ကုန်ပိုင်းက မန္တလေးမှာဓါတ်ပုံ workshop ကလေးတစ်ခုလုပ်ပါတယ်..။ ဓါတ်ပုံကို ဝါသနာသိပ်ပါပြီး အရမ်းကို သင်ယူချင်စိတ်များလွန်းတာကြောင့် ဒီ workshop ကလေးတက်ဖို့အတွက် ပိုက်ဆံစုပြီးတက်ရတယ်..။ နောက်ပြီး လာသင်မယ့်ဆရာတွေကလည်း တကယ့်ဆရာသမားတွေဖြစ်တဲ့ Rarindra Prakarsa နဲ့ Kenvin Pinardy တို့..။ ပြီးတော့ ကျွန်တော့်နောင်တော်ကြီး ဆရာကိုကျော်ဇောလေးတို့ ဦးစီးတာဆိုတော့ ကျွန်တော်မဖြစ်မနေ သွားခဲ့ပါတယ်..။ ချစ်သူ Michelle က Model အနေနဲ့ ဝိုင်းလုပ်ပေးတော့ တကယ်ပဲ အားတက်သရောသွားခဲ့တယ်..။

Browsing the Nature

ရှမ်းပြည်တောင်ပိုင်းကို အလည်သွားရင် ဘယ်သူမဆိုတော့ ကလောဘက် ရွာငံဘက်တွေ သွားရပါတယ်..။ တောင်တန်းတွေနဲ့ စိုက်ထားတည် လည်ကွင်းတွေ တမျှော်တခေါ် လှမ်းမြင်ရတော့ ကြည်နူးရတာ အမှန်ပဲ။ လေယာဉ်ပေါ်ကများ ကြည့်ရင် မြင်ကွင်းတွေက ပိုပြီးတောင်စွဲမက်စရာ ကောင်းလှပါတယ်..။ ရောင်စုံဖြာဝေ မောတို့မြေရဲ့အလှပေါ့လေ..။

Taw Kyal Waterfall

တောင်ကြီးကိုသွားရင် တောကျယ်ရေပြာအိုင်ကို သွားကြတယ်။ တောကျယ်ရေပြာအိုင် ရှမ်းပြည်တောင်ပိုင်းက ရွာငံဘက်မှာ ရှိပါတယ်။ ရေပြာအိုင်က နာမည်ကြီးသလို ရေတံခွန်လည်း နာမည်ကြီးပြီး လူသွားလူလာ များပါတယ်။ ကလောဘက်ကနေသွားရင်လည်း နီးသလို ဟဲဟိုး၊ အောင်ပန်း၊ တောင်ကြီး စတဲ့ ခရီးစဉ်တွေသွားရင်း သွားလည်ပတ်နိုင်ပါတယ်။

End of 2016 and Beginning of 2017

၂၀၁၆ ခုနှစ်ထဲမှာ ၂၀၁၅ တုန်းက resolution ထားခဲ့တာတွေကို တော်တော်များများ လုပ်ဖြစ်ခဲ့တယ်..။ မျှော်လင့်မထားတာတွေပဲ ကြုံတတ်ခဲ့လေတော့ အဆင်ပြေအောင် တော်တော်လေးရုန်းကန်ပြီး နေရတယ်..။ နှစ်ကုန်ပိုင်းတွေရောက်လာလေ တော်တော်ရုန်းကန်နေရလေပါပဲ..။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာဟာ ကိုယ်ထင်နေသလောက် မဟုတ်ဘဲတော်တော်ပဲ ဘေးကြပ်နံကြပ် ဖြစ်နေရတယ်..။
အသက် ၁၈ နှစ်သားကတည်းက သူများဝန်ထမ်းလုပ်ခဲ့တာကနေ အခုမှရုတ်တရက်ကြီး ဘယ်ကုမ္ပဏီမှာမှ မလုပ်တော့ဘဲ ကိုယ်တစ်နိုင်တစ်ပိုင်လေးပဲ လုပ်ဖြစ်တော့တယ်..။ ကိုယ့်အလုပ်မှာ ကိုယ်သာလျင်ပဲ့ကိုင်သူ ဖြစ်တဲ့အတွက် အတွေးရေယဉ်ကြောမှာမျောပြီး စိတ်ကူးယဉ်နေလို့ မရဘူး..။ ဝါသနာပါတာလည်း လုပ်နေတာရယ် စိတ်ကူးထားသမျှ ပုံဖော်ပြီးလုပ်နေတာဖြစ်တဲ့အတွက် ရုန်းနေကန်နေရတာပါပဲ..။ သူများလို အဖေဗိုလ်ချုပ် အမေမိုးကုတ် မဟုတ်တဲ့အတွက် မိသားစုဆီကလည်း လက်ဖြန့်တောင်းလို့မရ၊ အသိုင်းအဝိုင်းကလည်း မတောင့်တင်းလေတော့ ဘဝက ဝလုံးနဲ့ စတော့တာပဲ..။

Festival Night

ရန်ကုန်မှာ လမ်းဘေးပွဲတော်လေးတွေ ပိုများလာတာ သတိထားမိလာတယ်..။ နောက်ပြီး theme လေးတွေကလည်း တော်တော်လေးလှလာတယ်..။ နိုင်ငံခြားသားတွေအတွက် attraction ဖြစ်သလို နိုင်ငံသားတွေအတွက်လည်း လှောင်ပိတ်နေရာကနေ အပြင်ထွက် လောကနဲ့အထိအတွေ့လေးတွေ ရလာစေမယ်..။ တစ်နှစ်တစ်ခါ ကြုံရတဲ့ ဘုရားပွဲဈေးတွေ လမ်းထွက်လျှောက်ရတာထက်စာရင် ဒီလိုလေးတွေ activity အလိုက်ကလေး ဖြစ်လာတော့ လူတွေရဲ့စိတ်လည်း လွတ်လပ်လာမယ်..။

အဲဒီနေ့က ချစ်ကြည်ရေး ညဈေးပွဲလေးလုပ်ထားတာ ရောက်ဖြစ်လို့ ချစ်သူကို ရိုက်ပေးထားဖြစ်တဲ့ပုံလေးတွေ..။ သိပ်အကောင်းကြီးမဟုတ်ပေမယ့် အမှတ်တရလေးတွေပါ..။