Monday Review

FMI က သူ့ကုမ္ပဏီအစုရှယ်ယာ ဝယ်ထားတဲ့သူတွေအတွက်ဆိုရင် အိမ်ယာစီမံကိန်းမှာ ဦးစားပေး ရောင်းသွားမယ် ဆိုပဲ..။ FMI ကပဲ မန္တလေးမှာ ရှိတဲ့ မြန်မာဆင်ဘိလပ်မြေနဲ့ အသင့်သုံး ကွန်ဂရစ်တွေ ထုတ်လုပ်တဲ့ လုပ်ငန်း ရှယ်ယာတွေ ၁၇၃၇သန်းနဲ့ ပြန်ရောင်းတယ်..။ FMI ပဲ suzuki ကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ၅%သော ရှယ်ယာတွေ ထုတ်ရောင်းချလိုက်တယ်ဆိုပဲ..။ FMI ပဲ stream မော်တော်ဆိုက်ကယ် အစီးရေ ၈၀၀၀ ထုတ်တယ်ဆိုပဲ..။ စက်ရုံတောင် ထပ်ချဲ့ထားတယ်တောင် ဆိုပါတယ်..။ ဒါတွေက FMI နဲ့ ပတ်သက်တဲ့ share တွေထုတ်ရောင်းတာနဲ့ business activities တချို့ပါပဲ..။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းတွေ အကျဉ်းအကြပ်တွေကြားမှာ မလူးသာမလွန့်သာနဲ့ ဖြစ်နေတဲ့ ကုမ္ပဏီကြီးတွေရှိသလို လက်ရှိ run နေတဲ့စီးပွားရေးပုံစံတွေ ပြောင်းလဲပြီး လုပ်ငန်းတွေ အသက်ဝင်အောင် လုပ်ဖို့ရုန်းကန်နေတယ်ဆိုတာ အတိုင်းသား သတိထားမိလောက်ပါတယ်..။ ငွေပေါ်အောင်လုပ်ပြီး ငွေရင်းကနေ ငွေပြန်ရှာမယ့်နည်းလမ်းသုံးပြီး လုပ်ကိုင်လာရတာပါပဲ..။ ငွေမရှိ ငွေမရှာနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့တော့ ငုပ်ပြီး ပြုတ်သွားလောက်တယ်..။

မနက်က ဖတ်မိတဲ့စာအုပ်ထဲမှာ အိန္ဒိယနိုင်ငံရဲ့ အိုင်တီတော်လှန်ရေးပုံရိပ်တချို့ကို ဖတ်လိုက်ရတယ်..။ စာအုပ်က ဆရာကျော်ဝင်းဘာသာပြန်တဲ့ မူရင်း Jeffrey Sachs ရေးတဲ့ The End of Poverty ဆိုတဲ့ ဆင်းရဲခြင်းနိဂုံးဆိုတဲ့ စာအုပ်ပဲ..။ ဒီစာအုပ်အကြောင်းပြောချင်တာထက် အရမ်းနိမ့်ကျတဲ့နိုင်ငံတွေနဲ့ အဆင့်တစ်ခုကို စပြီးရလာတဲ့ နိုင်ငံတွေအကြောင်း ပြောတော့ ကိုယ့်နိုင်ငံကို အဲဒီလိုဖြစ်ချင်လာမိတယ်..။ လူတစ်ယောက်ကို တစ်နှစ်ဒေါ်လာ ၄၀၀၀ ဝန်းကျင်ဝင်ရင် ဆင်းရဲမှုမရှိဘူးလို့ ပြောလို့ရတဲ့အနေအထားပေါ့..။ ကျွန်တော်ကိုယ်တိုင် တစ်လဒေါ်လာ ၄၀၀ မဝင်နိုင်ပါ..။ ပြည်တွင်းအိုင်တီသမားအနေနဲ့ ပြည်တွင်းမှာနေရင် လှုပ်လေမြုပ်လေဖြစ်မယ့် အနေအထားဆိုတာ သိသာပါတယ်..။ အကောင်းဆုံးက outsourcing လုပ်နိုင်ရင် ကောင်းမယ်စဉ်းစားမိသလို ရင်နှီးမြုပ်နှံလာမယ့် နိုင်ငံခြား တိုင်းပြည်တစ်ခုခုရဲ့ IT company တွေသာ ရှိလာမယ်ဆို အလုပ်အကိုင်အခွင့်အလမ်းနဲ့ နည်းပညာတိုးတက်မှုက အတော်လေး ဟုတ် တယ်ဆိုတဲ့ အဆင့်မှာ ရှိလာနိုင်သလို လူတွေရဲ့ အရည်အသွေးလည်း တက်လာနိုင်မယ်..။ ဒီလိုအလုပ်တွေ လုပ်ဖို့အတွက် အခက်အခဲတွေကြားကနေ မဖြစ်မနေ လုပ်ရမှာပဲ..။ Vietnam မှာရှိတဲ့ outsourcing လုပ်တဲ့သူငယ်ချင်းတစ်ယောက် ရှိပါတယ်..။ သူတို့ကုမ္ပဏီက နာမည်ကြီး CMS ဖြစ်တဲ့ Joomla ကိုသုံးပြီး web developing လုပ်တဲ့အပြင် design တွေလက်ခံရေးပေးတာကို ဥရောပနိုင်ငံတွေနဲ့ ချိတ်ပြီးရေးနေပါတယ်..။ သူတို့ အလုပ်လုပ်တဲ့ ရုံးခန်းမှာ aircon မရှိပါဘူး..။ မီးလည်း လာချင်သလိုလာ ပျက်ချင်သလိုပျက်ပါပဲ..။ မီးပျက်ရင် အင်ဗာတာနဲ့ သုံးတယ်..။ အင်တာနက်လိုင်းဆိုလည်း ဖုန်းလိုင်းနဲ့ ချိတ်ထားတာပဲ ရှိပါတယ်..။ ဒါပေမယ့် ချီးကျူးစရာ ကောင်းတာက အဲဒီအဖွဲ့ထဲမှာရှိတဲ့ ဝန်ထမ်းတွေ ကိုယ်ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် တက်တက်ကြွကြွလုပ်ရင်း ပညာရှာတဲ့အလုပ်ကို လုပ်ပါတယ်..။ supervisor တွေကို Singapore လိုနိုင်ငံမျိုးမှာ မွမ်းမံသင်တန်းပေးပြီး အသစ်ဝင်လာတဲ့သူတွေကို training ပေးစေပါတယ်..။ အဲဒီနည်းနဲ့ team work တစ်ခုဖြစ်အောင် တည်ဆောက်ရင်း အလုပ်လုပ်ပါတယ်..။ ကျွန်တော်တို့ဆီမှာ အဲဒီလို software house တွေ design house တွေများများ ရှိလာမယ်ဆိုရင် တစ်နည်းအားဖြင့် IT လောကရဲ့မျက်နှာစာက ပိုထည်ဝါသွားပါမယ်..။ ဒါ့အပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ရတဲ့အတွက် ပြည်ပအခွင့်အလမ်းတွေလည်း ရလာနိုင်တဲ့အပြင် ငွေနဲ့ပေးဝယ်လို့မရတဲ့ အတွေ့အကြုံတွေ ရလာနိုင်ပါတယ်..။

Dell က သူအသစ်ထုတ်မယ့် netbook တစ်ခုမှာ Google ရဲ့ chrome OS ကို သုံးမယ်ဆိုပါတယ်..။ Google ဆိုတာ Internet ရဲ့ search engine လောကကို အုပ်စီးထားတဲ့ အင်အားကောင်း လုပ်ငန်းစုတစ်ခု ဖြစ်တယ်ဆိုတာ ပြောစရတောင် မလိုပါဘူး..။ ဒါ့အပြင် internet နည်းပညာနဲ့ ဆက်စပ်လာရတဲ့ ဒီရာစုနှစ်မှာ google က သူ့ရဲ့ OS ကို အင်တာနက်နဲ့ ချိတ်သုံးလို့ရတဲ့ပုံစံကိုပဲ စဉ်းစားထားပါတယ်..။ Application တွေကအစ အင်တာနက်ပေါ်ကနေ သုံးရမှာဖြစ်လို့ connection မရှိရင်တော့ ဒီ OS ကို သုံးဖို့ အဆင်မပြေလှပါဘူး..။ OS boot လုပ်တဲ့ speed က 12 စက္ကန့်လောက်ပဲကြာတယ် ဆိုတော့ တော်တော်မြန်သားလို့ ပြောလို့ရမယ့်အနေအထားပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့နဲ့ မကိုက်သေးဘူးဆိုတာ ပြောစရာမလိုဘူး ထင်ပါရဲ့..။ ဒီလောက်နှေးတဲ့ အင်တာနက်ကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့အတွက် ဒီ OS ကိုသုံးမယ်ဆိုရင်တော့ စိတ်ရှည်သည်းခံလော့..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

3 Responses to “Monday Review”

  • Dawn Says:

    2010 နောက်ပိုင်းမှာ စီးပွားရေး အခွင့်အလမ်းတွေ ပြန်ပြီး ကောင်းလာမယ်လို့ စီးပွားရေးသမားတွေ အတော်တော်များများက မျှော်လင့်နေကြတယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေက အဲ့ဒီအတွက် အသင့်ဖြစ်နိုင်အောင် ပြင်ဆင်နေကြရတာပေါ့။

    မြန်မာပြည်မှာလာပြီး out-sourcing လုပ်ချင်တဲ့လူတွေကလည်း မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲကိုပဲ စောင့်နေကြမယ် ထင်တယ်။ ဒါပေမယ့် နိုင်ငံခြားက ကုမ္ပဏီတွေက မြန်မာပြည်က ပရိုဂရမ်မာတွေကို cheap labour လို သဘောထားမှာ တစ်ခုပဲ စိုးရိမ်တယ်။

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • စုလတ် Says:

    ဆိုလိုရင်းက ကိုယ်တို့မြန်မာပြည်က……….

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    dawn >

    လက်ရှိအနေအထားက နိုင်ငံက အကျဉ်းအကြပ်ထဲ ရောက်နေတဲ့ အချိန်လို့ ပြောရမယ်ထင်တယ်..။ စီးပွားရေးလုပ်ငန်းတွေရော အုပ်ချုပ်ရေးယန္တယားပါ ခန့်မှန်းကြည့်လို့ မရလောက်အောင် ဖြစ်နေတယ်..။ ဆိုလိုတာက ငွေးကြေးအလုံးအရင်းလိုက် လက်ကိုင်ထားပြီး ရှေ့ဆက်လုပ်မယ့်အလုပ်တွေအတွက် ပြန်ရင်းထားရင်း လုပ်ငန်းတွေပျိုးထားပြီး အမြတ်ယူမယ်လို့ တွက်မယ်ဆိုရင် တွက်လို့ ရနိုင်ပေမယ့် အဲဒီနှစ်အတွင်းမှာ ညပ်မယ်လို့ တွက်ထားလည်း တွက်ထားလို့ရတယ်..။ ဒီတော့ ဝန်ကြီးကြီးလည်ပတ်တာနဲ့ ဝန်ပေါ့ပြီး ခပ်များများလည်ပတ်ထားတာနဲ့ရွေးဆိုရင် ကျွန်တော်တော့ ဝန်ပေါ့ပြီး ခပ်များများပဲ ပျိုးကြဲထားတာရွေးမိမယ်..။

    Outsourcing အနေနဲ့က ကျွန်တော်တို့တိုင်းပြည်နဲ့ ကိုက်တယ်လို့ ပြောလို့ရလောက်တဲ့ အနေအထားလို့ ထင်ပါတယ်..။ လူတွေရှိတယ်လို့ ထင်ပါတယ်..။ သူများတိုင်းပြည်မှာ သွားလုပ်ရင်း ရလာလောက်တဲ့ ငွေးကြေးမျိုး မျှော်လင့်ထားဖို့ မဖြစ်နိုင်သလို ဈေးကွက်မှာလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးရနိုင်ဦးမယ် မထင်ဘူး..။ ဒါပေမယ့် အရည်အသွေးပိုင်းကိုတော့ သူများနဲ့ယှဉ်ရင် မသာရင်တောင် တန်းတူလောက်ဖြစ်အောင်ထိတော့ လိုက်ထားဖို့ လိုကိုလိုမယ်..။ ဒီအတွက် ဈေးနှိမ်ခံရတယ်လို့ မစဉ်းစားဘဲ ဈေးကွက်အခြေအနေအရ အချိန်လိုသေးတယ်လို့ ပြောင်းစဉ်းစားရမလားလို့ စဉ်းစားမိတယ်..။

    ဒီလို software house တွေရှိလာရင် education level ရော human resource ပါမြင့်တက်လာနိုင်မယ်လို့ ထင်ပါတယ်..။ နိုင်ငံခြားငွေအဝင်အထွက်များလေ တိုင်းပြည်စီးပွားရေး အင်အားတောင့်လေပဲ..။

    ဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးဗျ..။

    UA:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.8_1072]
    Rating: 0 (from 0 votes)

Leave a Reply