Monday Review

ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ ကိုယ်အင်္ဂါချို့ယွင်းချက်ရှိတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိတယ် ဆိုပါတယ်..။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု လွန်ကဲတယ်ဆိုရင်လည်း အဲဒီလိုဖြစ်တတ်တယ်လို့ သိရပါတယ်..။ Emotional Development လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ Intelligent Development လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေတဲ့သဘောမှာရှိတယ်လို့ ဒေါက်တာကျော်စိန်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်..။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ ရုပ်နဲ့လည်း သက်ဆိုင်တယ်ဆိုတဲ့ အချက်က ငြင်းစရာမရှိပါဘူး..။ ရုပ်ရည်ချောပြီး စွဲဆောင်အားကောင်းတဲ့သူတွေကိုပဲ လူတွေရဲ့ တိမ်းညွတ်မှု့ ပိုတတ်ပါတယ်..။ ဒီအတွက် ရုပ်ရည်ချို့တဲ့တဲ့ သူတွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အနာမျိုး ဖြစ်သွားနိုင်ဖို့ များပါတယ်..။ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်တော့ တချို့အကြောင်းအရာလေးတွေ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတယ်..။ ကျွန်တော်ဆို ရုပ်ချောတဲ့ထဲ မပါတဲ့အပြင် ကြည့်ကောင်းတယ်လို့ သတ်မှတ်ခံရသူတွေထဲတောင် မပါပါဘူး..။ တစ်နည်းအားဖြင့် ရုပ်ဆိုးပါတယ်..။ ဒီအတွက် အနည်းနဲ့ အများဆိုသလို အားနည်းချက်လို ထင်နေမိတတ်တယ်..။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ကိုယ့်ထက်မက အောင်မြင်နေတာကိုမြင်တော့ ရုပ်ရည်ဆိုတာ ဒါလောက်လည်း မဟုတ်ပါဘူး ပြန်သုံးသပ်ကြည့်လာတတ်တယ်..။ ဆိုတော့.. ကြည့်တဲ့သူအပေါ် အများကြီး မူတည်တယ် ထင်မိတယ်..။ ကိုယ့်အားနည်းချက်က ကိုယ့်ဘဝအညွန့်ကို ပြန်ခူးသလို ဖြစ်နေတာ မကောင်းဘူး..။

တစ်ရက်က စဉ်းစားခန်းဝင်ပြီး ကိုယ့်အာရုံနဲ့ကိုယ် လမ်းလျှောက်လာတုန်း ကျွန်တော့်မြင်ကွင်းထဲကို စုံတွဲလေးတစ်တွဲ ဝင်လာတယ်..။ နှစ်ယောက်စလုံး အင်္ကျီဆင်တူဝတ်ထားတယ်..။ STEP အမျိုးအစားပေါ့..။ လက်ချင်းတွဲပြီး လမ်းလျှောက်သွားတော့ ကျွန်တော့်ခေါင်းထဲ idea လေးတစ်ခုဝင်လာတယ်..။ နောက်ကျောပေးထားလျက် စုံတွဲတစ်တွဲနဲ့ လမ်းပေါ်မှာ ကားတွေဆိုက်ကယ်တွေ ရှုပ်နေတဲ့အချိန် မျဉ်းဝါက လမ်းဖြတ်ကူးနေတာကို Brand ပေါ်အောင်ရိုက်လို့ရှိရင် ဘယ်လိုနေမလဲပေါ့..။ နေရောင်ထဲဆိုဘယ်လို.. ညဆိုရင်ဘယ်လို.. မိုနိုဆိုရင်ဘယ်လို.. အရောင်တွေသုံးရင် ဘာတွေသုံးရင်ကောင်းမယ် ဆိုတာတွေကအစ လိုက်စဉ်းစားကြည့်တယ်..။ အဲဒီမှာပဲ မထင်မှတ်တာလေး ဖြစ်သွားတယ်..။ တခြားမဟုတ်ဘူး.. ကောင်လေးက ကောင်မလေးလက်ကို ဆွဲပြီး ဟိုတယ်တစ်ခုထဲ ဝင်သွားတာပဲ..။ အဲဒီမှာပဲ ကျွန်တော့်အတွေးလေးတွေ လမ်းပေါ်မှာ လွင့်ကျသွားတယ်..။

နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေများစွာထဲက micro blogging အနေနဲ့ အရမ်း ပေါ်ပြူလာဖြစ်နေတဲ့ twitter ဟာ သူခန့်မှန်းထားတဲ့ 2010 မှာ အောင်မြင်မှုတွေနဲ့ ဝေးနေတယ်လို့ ထင်ပါတယ်..။ လက်ရှိအနေအထားမှာ October လအတွက် traffic ဟာ 8.1% ထိုးကျသွားတယ် ဆိုပါတယ်..။ ဘာကြောင့် အဲဒီလို ဖြစ်သွားသလဲဆိုတာတော့ သေချာမသိရပေမယ့် twitter ရဲ့ ဝင်ငွေကိုတော့ ထိခိုက်မှာ သေချာပါတယ်..။ သတင်းဖလှယ်မှုထက် စီးပွားရေးလုပ်ငန်းတွေမျက်စေ့ကျလာတဲ့ လင့်တွေကြေငြာခြင်းတွေအတွက် အသုံးပြုတဲ့သူတွေ အဆင်မပြေမှု၊ အနှောက်အယှက်ဖြစ်မှုတွေ ဖြစ်လာမလားဆိုတာကို လေ့လာသူတချို့က ခန့်မှန်းနေကြပါတယ်..။

၁၂ လ ပိုင်းလောက်တော့ ဒုတ်ထာဝတီမြစ်နဲ့ ပြိုင်မိုက်တဲ့ ရဲရွာရေအားလျက်စစ် စီမံကိန်းက တာဘိုင်စက်တစ်လုံး စပြီး လည်ပတ်တော့မယ်ဆိုပဲ..။ ကောင်းသလား ဆိုးသလားတော့ မသိဘူး..။ နည်းပညာခေတ်ဖြစ်တဲ့အတွက် လူနေမှုအဆင့်အတန်း ပြောင်းလဲမှုတွေကြားမှာ လျက်စစ်မီးကတော့ မရှိမဖြစ် basic need ဖြစ်တဲ့အတွက် ပြည့်စုံအောင် မဖြစ်မနေ လုပ်ရပါလိမ့်မယ်..။ ဒီအတွက် ဘာဟာတွေ ဘယ်လိုလုပ်ထားပြီး ဘယ်လိုစီမံထားတယ် ဆိုတာတော့ မပြောတတ်သေးပါဘူး..။ နိုင်ငံခြားသား ဒီဇိုင်နာတွေ company ကြီးတွေက တာဝန်ခံ ဒီဇိုင်းဆွဲထားတာ ဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးတွေ ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမယ်ထင်ပါရဲ့..။

VN:F [1.8.8_1072]
Rating: 5.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
Monday Review5.0101
  • Share/Bookmark

6 Responses to “Monday Review”

  • Dawn Says:

    I think looks depends on the person who’s looking at you. I’ve always felt that if you see a person through loving eyes (I don’t mean love as in “love” love), they’ll be beautiful no matter what. And if you hate or dislike someone, that person will look ugly and just disgusting no matter how he or she might be pretty.

    လျက်တပြတ်မှာ ရေးထားတာတော့ အဲ့ဒီလို စမ်းသပ်လည်ပတ်ဖို့အတွက် မြစ်ရေကို ခေတ္တ သိုလှောင်မယ် ပြောတယ်။ တစ်ရက်ကို ၄နာရီကျ ရေပြန်လွှတ်မယ် ဆိုတော့ ကျန်တဲ့အချိန်တွေမှာ မြစ်ရေက လုံးဝ မရှိတော့ဘူးလား မသိဘူးနော်။ (သိပ်နားမလည်လို့ပါ)

    ဟိုနှစ်ယောက်က ဟိုတယ်ထဲ အအေးဝင်သောက်တာရော မဖြစ်နိုင်ဘူးလားဟင်။ :P

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • နန်းညီ Says:

    အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်ဖြင့်..
    “ဒုတ်ထာဝတီမြစ်နဲ့ ပြိုင်မိုက်တဲ့ ရုပ်လည်းဆိုးသော twitter ဟာ ကောင်လေးက ကောင်မလေးလက်ကို ဆွဲပြီး ဟိုတယ်တစ်ခုထဲ ဝင်သွားတာမြင်လို့ သူခန့်မှန်းထားတဲ့ 2010 မှာ အောင်မြင်မှုတွေနဲ့ ဝေးနေတယ်”

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    Dawn >

    thanks for your comment sis. I think, may be I hate myself. :P . Just kidding. Yours is true sis.

    ရေလှောင်လိုက် ရေထုတ်လိုက် လုပ်တာ ကောင်းတဲ့အနေအထားမှာ မရှိပါဘူး..။ မြစ်ပျက်စီးသွားတဲ့အပြင် အဲဒီမြစ်နဲ့ မြစ်ရေသောက်နေတဲ့ လယ်သမားတွေအခက်အခဲဖြစ်ပါတယ်..။ မှီတင်းနေထိုင်တဲ့ ငါးတွေ သေကုန်တယ်.။ ဒီကြားထဲ ရေကို ရုတ်ချည်းလွှတ်မှဖြစ်တဲ့အတွက် မြစ်ရေပြန်ပြည့်လာချိန် risk လည်း အပြည့်ဖြစ်နေမှာ သေချာတယ်..။

    thanks for your comment and I would like to invite you to come and give some comment.

    NMS

    UA:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    NangNyi >

    စိတ်ကူးယဉ်တတ်တယ်ဆိုတာကနေ စိတ်ရူးပေါက်တဲ့အဆင့် ရောက်သွားရင် သိပ်မကောင်းဘူး ညီမလေး..။ စိတ်ထိန်း..။

    UA:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • နန်းညီ Says:

    LP လေး လုပ်ကြည့်မိပါတယ်.. အားပေးလိုက်တာ အစ်ကိုတော်ရယ်

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Andy Says:

    Step ၀တ်ထားတဲ့စုံတွဲကို လိုက်မြင်ယောင်ကြည့်နေတာ.. မျဉ်းဝါကလမ်းဖြတ်ကူးပြီး ဟိုတယ်ထဲဝင်သွားတယ်ဆိုရော လုံးဝငုပ်ထွက်သွားတာပဲ… :(

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)

Leave a Reply