Diary

ပျော်ရွှင်စရာကောင်းတဲ့ စီးမျောပျော်ဝင်မှုတွေ ကျွန်တော့်ဆီဘယ်အချိန် ဝင်ရောက်လာမလဲဆိုတာစောင့်ရင်း ကြယ်ပန်းတွေ တဖြုတ်ဖြုတ်ကြွေ နေခဲ့တယ်..။ ကျွန်တော့်လိုကောင်အတွက် ကျောတစ်ခင်းဆိုတာ မြရာပင်ကြီးထက်က လတစ်စင်းလိုပါပဲ..။ အတိတ်တွေခြွေချထားတဲ့ မြေပြင်ထက်က ပန်းဖွေးဖွေးကို လှတယ်ခံစားရတာထက် ရင်ဖိုစရာကောင်းလောက်တဲ့ မာယာတွေလို့ မြင်တတ်လာတာ ဘယ်လိုအကြောင်းအရာတွေရဲ့ နှိုးဆော်မှုကြောင့်လဲဆိုတာ ကျွန်တော် မသိနိုင်တော့ပါ..။ လူတစ်ယောက်အနေနဲ့ အသက်ရှုသွင်းရှုထုတ်လုပ်ရင်းကပဲ လောကအကြောင်း ရိုးရှင်းသေဝပ်စွာ နားလည်နေတတ်ပေမယ့် အဲဒီလူတွေရေးတဲ့ သမိုင်းစာမျက်နှာတွေကြားမှာ ရုပ်လုံးသစ်တွေ ဖောင်းကြွနေခဲ့တယ်..။

ညနေရီအချိန်က လွှတ်ခနဲဖြုတ်ချလိုက်တဲ့ အလင်းစိုင်တစ်ခုကို ထွေးပွေ့ကြည့်ဖို့ကြိုးစားရင်း ကျွန်တော့်စိတ်တွေ ရုန်းကြွနေတယ်..။ အချိန်က ကျွန်တော့်ကို ဆာလောင်မှုတစ်ခု ဖန်တီးခိုင်းလိုက်တဲ့နောက်တော့ ကျွန်တော့်ရဲ့ စားသုံးမှုတွေ စိတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်..။ ဒီလိုနဲ့ လောင်မြီးကျလိုက် ရုန်းကန်တက်လိုက်ရင်း မီးတွေဟုန်းဟုန်းတောက်တဲ့မြို့ကို နောက်ဆုံးသော မျက်ရည်စတွေနဲ့အတူ တေးသွားတစ်ပုဒ်ကို ကျွန်တော်သီကုံးလိုက်တယ်..။

တစ္ဆေတစ်ကောင်ရဲ့ ချွန်မြလက်ထနေတဲ့ လက်သည်းတွေကြားမှာ စေးထန်းထန်း နီစွန်းပေနေတဲ့ သွေးစတွေလို ကျွန်တော်ရှေ့ဆက်စရာ လမ်းစတွေမရှိတော့..။ လက်လက်ထနေတဲ့ တောက်ပမှုတွေကြားမှာ စူးဝေစွာ လှဲခွေနေခဲ့လိုက်ရတယ်..။ ထီးတစ်လက်လို ကိုယ့်ကိုယ်ကိုယ် ခေါက်သိမ်းခွင့်ရရင် သိပ်ကောင်းမှာပဲ..။ ကျွန်တော်နေတဲ့ လောကအတွက် ကျွန်တော်ရှင်သန်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ရှင်သန်ခြင်းကတော့ ကျွန်တော်မဟုတ်ခဲ့ပြန်ဘူးလေ..။ ဒီလိုနဲ့ ပုံပြင်တွေထဲမှာ ကျွန်တော်စွန်းပေလာခဲ့တာ ရာစုနှစ်တွေတောင် ပြောင်းရော့မယ်..။ နိုးထခြင်းတရားတွေ ဆင်ခြင်တတ်ခြင်းတရားတွေနဲ့အတူ ကောင်းကင်အိုလည်း ပြိုခဲ့ပြီပဲ..။

ကျွန်တော်လာရာလမ်းမှာ ဘယ်နှင်းဆီပွင့်မလဲဆိုတာ ကျွန်တော်မသိနိုင်ပေမယ့် ကျွန်တော့်လမ်းမှာ ပွင့်စေချင်တဲ့နှင်းဆီပွင့်တော့ ရှိနေမယ်ဆိုတာ ကျွန်တော်တစ်ယောက်ပဲ ကောင်းကောင်းသိမှာပါ..။ ကျွန်တော် တေးသွားတစ်ပုဒ်.. ကျွန်တော် ဂီတ တစ်ခက်.. ကျွန်တော် သစ်ရွက်တစ်ရွက်.. ဒီလိုနဲ့ ကျွန်တော် ပုံပြင်တစ်ပုဒ်..။

မီးတွေရယ်..။ ကျွန်တော့်ကိုလောင်တာ ပူလိုက်တာ..။ ကျွန်တော့်ကို လောင်ကျွမ်းဖို့အတွက် ကျွန်တော်ခွင့်ပြုပြီးသားပါ..။ လိမ္မော်ရောင်မီးခက်တွေ အနီရောင်သရဲတွေ.. ကျွန်တော့်ဆီကိုလာ.. ကျွန်တော်ပူလိုက်တာ..။ ဒီလိုနဲ့လောင်မြိုက်.. ဒီလိုနဲ့ ထပ်ပြီးရင်း ထပ်ပြီး လောင်ကျွမ်း.. ကျွန်တော့်ဘဝရဲ့ နောက်ဆုံးမြင်ကွင်းတစ်ချက်..။ ကမ္ဘာလောကကြီးက သိပ်လှတာပါလား..။

VN:F [1.7.7_1013]
Rating: 10.0/10 (1 vote cast)
VN:F [1.7.7_1013]
Rating: +1 (from 1 vote)
Diary10.0101
  • Share/Bookmark

4 Responses to “Diary”

  • နန်းညီ Says:

    ကမ္ဘာလောကကြီးက သိပ်လှတာပါလား.. လို့ တွေးနေနိုင်တုန်းပါပဲလား.. ချီးကျူးစရာကောင်းလိုက်လေ..

    UN:F [1.7.7_1013]
    Rating: 0.0/5 (0 votes cast)
    UN:F [1.7.7_1013]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    လှောင်နေတာလားဟ..

    UA:F [1.7.7_1013]
    Rating: 0.0/5 (0 votes cast)
    UA:F [1.7.7_1013]
    Rating: 0 (from 0 votes)
  • စုလတ် Says:

    နန်းညီပြောရင်လဲ ပြောချင်စရာပါပဲ …
    တော်ပါပေတယ် …းဝ)

    UN:F [1.7.7_1013]
    Rating: 0.0/5 (0 votes cast)
    UN:F [1.7.7_1013]
    Rating: 0 (from 0 votes)
  • littlebrook Says:

    အားပါးပါး ဒီလူက ရေးတတ်ရဲ့သားနဲ့ လျှိုထားတာကိုး (ကျွန်တော်လာရာလမ်းမှာ ဘယ်နှင်းဆီပွင့်မလဲဆိုတာ ကျွန်တော်မသိနိုင်ပေမယ့် ကျွန်တော့်လမ်းမှာ ပွင့်စေချင်တဲ့နှင်းဆီပွင့်တော့ ရှိနေမယ်ဆိုတာ ကျွန်တော်တစ်ယောက်ပဲ ကောင်းကောင်းသိမှာပါ..။ ကျွန်တော် တေးသွားတစ်ပုဒ်.. ကျွန်တော် ဂီတ တစ်ခက်.. ကျွန်တော် သစ်ရွက်တစ်ရွက်.. ဒီလိုနဲ့ ကျွန်တော် ပုံပြင်တစ်ပုဒ်..။) လှတယ်ဗျိုး ..

    UN:F [1.7.7_1013]
    Rating: 0.0/5 (0 votes cast)
    UN:F [1.7.7_1013]
    Rating: 0 (from 0 votes)

Leave a Reply