Diary
မနေ့ညက စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေတာ မနက် ၃ နာရီထိုးသွားတယ်..။ အိပ်ဖို့ သင့်ပြီး ဆုံးဖြတ်မိတာ မနက် လေးနာရီ ခွဲ..။ ခက်တာက ပြန်စဉ်းစားကြည့်တော့ ၃ နာရီထိုးကနေ လေးနာရီခွဲလောက်ထိ ကိုယ့်ကိုယ်ကိုယ် အိပ်ပျော်သွားသလား ဘာလုပ်နေသလဲဆိုတာ ဘယ်လိုမှ ပြန်စဉ်းစားလို့မရဘူး..။ ငိုက်နေတာလည်း မဟုတ်ဘူး..။ ကွန်ပျူတာရှေ့မှာ ငုတ်တုတ်ပဲ..။ စာလည်း ဆက်ဖတ်မနေဘူး..။ အဲဒီ ၁ နာရီခွဲလောက် မှေးခနဲ အိပ်ပျော်သွားတယ်လို့လည်း မခံစားရဘူး..။ အိပ်ငိုက်တယ်ဆို အနည်းဆုံးတော့ သိမှာပဲလေ..။ အခုဟာက ဖြစ်မှမဖြစ်တာ..။ ဆိုတော့ကာ နည်းနည်းတော့ အနားယူသင့်တယ်လို့ စဉ်းစားမိပြီး အိပ်လိုက်တာ..။
လုပ်နေတဲ့ program တစ်ခုက error ပေါင်း သောင်းခြောက်ထောင်ကို logic error ကအစ အမှိုက်ထုပ်ပြန်ဖြည်သလို လုပ်နေရတော့ အတော်လေးကို ခေါင်းစားနေတယ်..။ အဲဒါကို လုပ်နေရတာတစ်ဖက်ရယ် project ကိစ္စလေးတစ်ခုကို ဇွတ်ရောအတင်းရော နားပူနားဆာ လာလုပ်နေလို့ ကူပြီး လုပ်ပေးနေတာကတစ်ခုရယ်..။ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ ဖြေရမယ့် စာမေးပွဲတစ်ခုအတွက် စာအသည်းအသန် ဖတ်နေရတာတစ်ချက်ရယ်..။ လက်ရှိအလုပ်လုပ်နေတာ အဆင်မပြေတဲ့အပြင် အိမ်ကပါ ငွေထိုင်ဖြုန်းတီးနေသူအဖြစ် မြင်နေတော့ကာ ရလာတဲ့ depression ရယ်..။ နေ့လည်စာနဲ့ ညစာဆိုပြီး ဘယ်နှနပ်မှန်းမသိအောင် လွတ်နေမိတဲ့အတွက်ရယ်..။ အင်း …



November 6th, 2009 at 6:38 pm
ဘာစာမေးပွဲ ဖြီမလိုလဲ။ ဘာပဲ ဖြီဖြီ အောင်မြီပါစေ။
November 7th, 2009 at 2:59 am
မမကြီး..
ဘယ်တုန်းက တရုတ်ဖြစ်သွားတာတုန်း..။ @_@
November 7th, 2009 at 4:37 am
စိတ်လိုလက်ရ ကျုံးကို တပတ်လောက် ပတ်ပြေးလိုက်ပါလားးဝ)
November 7th, 2009 at 6:24 am
မစုလတ်ရယ်..။ အတော်နောက်တာ..။ ကျုံးတစ်ပတ်လမ်းလျှောက်မိလို့ ဆရာဝန်က ထပ်မလျှောက်ပါနဲ့.. ကြာရင် ခြေထောက်က အကြောတွေ ဂိ ကုန်မယ် ပြောလို့ ရပ်ထားရတယ်..။
November 7th, 2009 at 7:47 am
ကိုမင်းစံရေ … တချို့ကိစ္စတွေကို ဥပက္ခာသာ ပြုထားလိုက်ဗျ ..
ပျော်အောင်နေ … အချိန်တန်တော့ အားလုံးကောင်းသွားမယ် ..း)
November 9th, 2009 at 3:55 am
ထို့တူ…..