Guitarist

သူငယ်ချင်းတစ်ယောက်ကို ရိုက်ပေးထားတာပါ..။ Photography ထက် Documentary နည်းနည်း ပိုဆန်မယ် ထင်ပါတယ်..။ သူတီးနေတဲ့ သူ့ရဲ့ မုဒ်.. သူနဲ့မျက်နှာချင်းဆိုင်မှာ ရှိတဲ့လူတစ်ယောက်ကို တီးပြနေတဲ့ပုံစံ… လူငယ်တစ်ယောက်ရဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဟန် တွေ ဒီပုံလေးထဲမှာ တွေ့ရတယ်..။ နောက်ပြီး အရောင်တွေကလည်း စကားတစ်ခု ပြောနေတယ်..။ ကျွန်တော်ယူဆချက်နဲ့ ကျွန်တော့်အမြင်တွေဖြစ်တဲ့အတွက် ကွဲလွဲနိုင်ပါတယ်..။ လာရောက်ကြည့်ရှုသူတွေရဲ့အမြင်ကိုလည်း သိချင်မိတယ်..။ welcome comments.

tout_guiterist1

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

4 Responses to “Guitarist”

  • နန်းညီ Says:

    အရောင်တွေက စကားပြောတယ်ဆိုတာ နောက်က တံခါးလို့ထင်ရသောအစိမ်းရောင်ရယ်. ပန်းရောင်ရယ်.. ခုံအောက်က ခပ်ပြာပြာရယ်ကို ပြောတာလား.. လှတော့လှတယ်.. လူက အကျီဖြူဝတ်ထားလို့လည်းနေမှာ..

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • littlebrook Says:

    အရောင်လှတယ် လူအနောက်ကကွက်လပ်ဖြစ်နေတာထက် ရှေ့မှာ spaceလေးနဲနဲပိုချန်ပြီး လူကိုနောက်ရွှေ့လိုက်ရင် ပိုမိုက်မယ်မထင်ဘူးလားဗျ
    တစ်ပုံလုံးမှာ ထောင်လိုက်အကန့်လေးခုလိုကွဲနေတယ် မိုက်ပါတယ်ဗျ တစ်ယောက်နဲ့တစ်ယောက်အကြိုက်မှမတူတာ ..မုဒ်ပါတယ်ဗျ

    UN:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    Nyi Nyi >

    ကျွန်တော် ဒီပုံကိုရိုက်လိုက်တော့ snap shot ပဲ..။ ဖြစ်ချင်သလိုဖြစ် ဆိုပြီး ရိုက်လိုက်တာပါ..။ ပုံကိုပြင်တော့မှ ပုံထဲမှာ ပါတဲ့ youth life ကို ပြချင်တာကြောင့် အရောင်နည်းနည်း ကစားလိုက်တယ်..။ ပုံက ပုံမှန်တွေ့နေကြအတိုင်း အလျားလိုက်တွေ ဒေါင်လိုက်တွေ မလုပ်တော့ဘဲ လေးထောင့်စပ်စပ်လုပ်ပြီး subject ကို အလယ်ပို့ပစ်လိုက်တယ်..။ သူ့ပုံစံ လွပ်လပ်နေတယ်ဆိုတာက အင်္ကျီနဲ့လည်း ဆိုင်သွားပါတယ်..။ comment အတွက် ကျေးဇူး..။

    UA:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.8_1072]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    Little Brook >

    ကျေးဇူးပါ..။ ကျွန်တော် cropping လုပ်တော့ အဲဒါတွေထည့်စဉ်းစားကြည့်ပြီး လုပ်ထည့်လိုက်တာပါ..။ ဒီပုံကို one third idea နဲ့ လုပ်ကြည့်တော့ မလှပါဘူး..။ ကျွန်တော်ပေးချင်တာလည်း မပေါ်လွင် မကိုက်ညီဘူး ဖြစ်နေတာနဲ့ပဲ ဒီအတိုင်း ဖြစ်သွားတာပါ..။ မျက်နှာပေါ်ကျနေတဲ့အလင်းနဲ့ အမှောင်ဘက်ခြမ်းတွေကို အသားပေးလိုက်သလို ဖြစ်သွားတယ်..။

    UA:F [1.8.8_1072]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.8_1072]
    Rating: 0 (from 0 votes)

Leave a Reply