Mandalay 150th Anniversary

မန္တလေး နှစ်၁၅၀ ပြည့်လုပ်တဲ့ ပွဲကို ကျွန်တော်ရယ် ကိုသခင်ကြီးရယ် ကိုမောင်လှရယ် ကိုရဲလွင်ဦးရယ် ကိုနိုင်နိုင်ထွန်းရယ် ရောက်ပါတယ်..။ ကျွန်တော်တို့ လူစု မနက် ၇ နာရီမှာ စုမယ်လို့ ဆုံမှတ်လုပ်ထားပေမယ့် ထုံစံအတိုင်း ချော်တောငေါ့ပြီး ၇ နာရီ ခွဲလောက်မှ စုံဖြစ်ကြတယ်..။ ကိုရဲလွင်ဦးက မန္တလေးကို သူ့ကုမ္ပဏီပွဲအတွက် ရောက်လာတာပါ..။ ကိုနိုင်နိုင်ထွန်း (Exposure Photo) က ကိုသခင်ကြီးနဲ့ မတွေ့တာ ကြာလို့ရယ် မန္တလေး နှစ်၁၅၀ ပြည့်ပွဲရိုက်ချင်တာရယ်ကြောင့် ရောက်လာတာပါ..။ ကိုရဲလွင်ဦးကို ကျွန်တော် မနက်စောစော သူ့ဟိုတယ်မှာ သွားခေါ်တယ်..။ သူ့ကိုဖုန်းဆက်လိုက်ရင် သူကအမြဲ အဆင်သင့်..။ ကျွန်တော်က အိပ်ယာထ အမြဲ နောက်ကျတယ်..။ ညလည်း အတော်နဲ့ မအိပ်တော့ မနက်မထနိုင်ဘူး..။ သူလည်း ည သမားပဲ..။ ဒါပေမယ့် ဒီလူကြီး မနက်စောစောဆို နိုးနေရော..။

သူ့ကို ၀င်ခေါ်ပြီး ဟိုတယ်ကနေ ထွက်လာခဲ့တယ်..။ ကိုသခင်ကြီးရယ် ကိုနိုင်နိုင်ထွန်းရယ်က ကျွန်တော်တို့ကို စောင့်နေနှင့်ပြီ..။ ကိုနိုင်နိုင်ထွန်းက ရန်ကုန်ကနေ မန္တလေးကို ပွဲနေ့မနက်မှ ရောက်လာတာ..။ မနားသေးဘဲ ဒီပွဲကိုရိုက်မယ်ဆိုပြီးရိုက်တာပါ..။ သူနဲ့ ကိုသခင်ကြီးက ကျွန်တော်တို့ နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်ကနေ ထိုင်စောင့်နေတာ..။ ကျွန်တော်တို့လည်းရောက်ကော စားသောက်ပြီး ဆိုက်ကယ်တွေ လက်ဖက်ရည်ဆိုင်မှာ အပ်ထားပြီးတာနဲ့ လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်ဖို့ထွက်ခဲ့တယ်..။

ဓါတ်ပုံသမားတွေကို အင်္ကျီအဖြူနဲ့ လုံချည်နဲ့ မ၀တ်ထားရင် ရိုက်ခွင့်မပေးဘူးလို့ ဆိုတဲ့သတင်းကို ကိုသခင်ကြီးတို့နဲ့ တွေ့မှ သိရတယ်..။ ကျွန်တော် ကျန်တဲ့အချိန်တွေမှာ ပုဆိုးနဲ့ နေတတ်ပေမယ့် ဓါတ်ပုံရိုက်ရင် ဘောင်းဘီနဲ့ တီရှပ်ဝတ်တတ်ပါတယ်..။ ဓါတ်ပုံရိုက်ရတာ ပေါ့ပါးဖို့ပါ..။ အခုမှဂွကျပြီဆိုပြီး စိတ်ညစ်နေမိတယ်..။ ကိုရဲလွင်ဦးက ပိုဆိုးတယ်..။ သူက သရီးကွာတားနဲ့ကိုး..။ မသိဘူးကွာ.. စွဲထုတ်ခါမှထုတ် ရိုက်မယ် ဆိုပြီး ၀င်ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..။ ဟုတ်တယ်လေ.. အင်္ကျီပြန်သွားလဲနေရင် အချိန်မှီတော့မှာ မဟုတ်ဘူး..။

မင်္ဂလာတံတား (၇၃လမ်း) ကနေ ထွက်ပြီး ၂၆ လမ်းအတိုင်း မြို့တော်စည်ပင်ရှေ့မှာ လုပ်ထားတဲ့ ဗိုလ်ရှုသဘင်မဏ္ဍပ်ကို ဖြတ်ရင်း ဟို Sedona Hotel ထောင့်ထိ ကျုံးထောင့်တစ်ဝက် လမ်းလျှောက်ထွက်မယ် ဆိုပါတယ်..။ အဲဒီကနေ ပြန်ကွေ့လာပြီး မြို့တော်စည်ပင်ရုံးဘက်ကို ပြန်သွားမယ်လို့ သိရတယ်..။ ကျွန်တော်တို့မင်္ဂလာတံတားဆီရောက်တော့ လားလား.. နည်းတဲ့ ဓါတ်ပုံဆရာတွေ မဟုတ်ပါလား..။ အတော်များများကို အဲဒီမှာတွေ့ရတယ်..။ ဓါတ်ပုံဆရာတွေ ရာချီလို့..။ ကျွန်တော်တို့လည်း ၀င်ရိုက် သူတို့လည်းရိုက်ပေါ့..။ သူတို့ တော်တော်များများက အင်္ကျီအဖြူနဲ့ လုံချည်တွေ ၀တ်ထားတော့ အဝေးက လှမ်းကြည့်ရင် ဖွေးခနဲနေတာပဲ..။ ကင်မရာ ကိုင်လိုက်ကတည်းက ကျွန်တော့်စိတ်တွေ ရုန်းကြွနေပြီ..။ မရတော့ဘူး..။ ကိုရဲလွင်ဦးက သူ့ wide lens (10~20) ပေးရိုက်တယ်..။ သူ့လန်းစ်နဲ့ အတော်လေး အဆင်ပြေတယ်..။ ကျွန်တော့်ကို သွားရည်မကျကျအောင် လုပ်သွားတယ် ဒီလူကြီး..။

ဘယ်ကလူတွေနဲ့ ဘယ်လိုစုပြီး ရိုက်တယ်တော့ မသိဘူး.. လူ ၆၀၀ လောက်တော့ ပါတယ်ဆိုပဲ..။ ကျွန်တော်ရလိုက်တဲ့ ဓါတ်ပုံလေးတွေထဲက ကောင်းတာလေးတွေ ရွေးထုတ်ပြီး ဒီပေါ်မှာ share လုပ်လိုက်ပါတယ်..။

စစ်သည်တော်တွေပေါ့..

mdy_150-2

mdy_150-3

mdy_150-4

စစ်သူကြီး

mdy_150-7

mdy_150

ရဲမက်တဲ့.. (မျက်နှာမှာ မိတ်ကပ်တွေလားလို့)

mdy_150-5

ဆံပင်နီဆိုးထားတယ်…

mdy_150-19

မျက်မှန်လေးနဲ့…

mdy_150-26

Lucky ရေသန့်နဲ့ ရဲမက်ဗျ..

mdy_150-8

နန်းသိမ်းပွဲကို စိတ်ဝင်တစား လာကြည့်နေတဲ့သူ တချို့

mdy_150-10

mdy_150-11

ဗိုလ်ရှုသဘင်မဏ္ဍပ် ဆိုလား…

mdy_150-9

မောင်းတီးသူများ.. (မောင်းထုဖို့ ဘာတုတ်တံမှလည်း မတွေ့ဘူး..။ အဲဒီခေတ်က လက်သီးစုပ်နဲ့ ထုသလားမသိဘူးနော)

mdy_150-18

တိုက်ဆင်လို့ ခေါ်ရမှာလား.. မင်္ဂလာဆင်လို့ ခေါ်ရမှာလား.. (အမှန်တော့ ကျောက်ဆည်ဆင်ပါ.. ကျွန်တော် ဆင်အစစ်တွေနဲ့ လှည့်စေချင်မိတယ်..။ )

mdy_150-13

mdy_150-20

ရေသောက်တဲ့ဆင်.. (ဆင်ဗိုက်အောက်ကနေ ရေခွက်ထည့်တိုက်ရတယ်..။ အထဲကလူ အတော်ပူမယ့်အပြင် အတော်လည်း မစားသာလောက်ဘူးရယ်..)

mdy_150-22

ဝန်ကြီး

mdy_150-23

ဗုံသမား.. (ဒီလူကို ဘယ်လိုခေါ်သလဲ မသိဘူးဗျ)

mdy_150-24

mdy_150-12

အပျိုတော်

mdy_150-25

ဘုရင်နဲ့ မိဖုရားကို တင်လာတဲ့ လှည်းယာဉ် (မြင်းလှည်းမောင်းသမားလည်း ပူတော့ ရေငတ်တာပေါ့..)

mdy_150-17

ဘုရင်နဲ့ မိဖုရားပေါ့…

mdy_150-15

မြို့မနဲ့ မန္တလေး နှစ်၁၅၀

mdy_150-141

VN:F [1.8.0_1031]
Rating: 1.0/10 (1 vote cast)
VN:F [1.8.0_1031]
Rating: 0 (from 0 votes)
Mandalay 150th Anniversary1.0101
  • Share/Bookmark

12 Responses to “Mandalay 150th Anniversary”

  • CMS Says:

    ကိုပုဂံနတ်ရေ .. ဓာတ်ပုံတွေအတွက် ကျေးဇူးပါဗျာ

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • mon Says:

    enjoy a lot, thankssssss :)

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • YE LWIN OO Says:

    ညီလေး။

    အကို့ကို စုံစုံလင်လင်လေး လိုက်ပို့ပေးတာ ကျေးဇူးနော်။ ဒီနေ့ည မန်းလေး နှစ် ၁၅၀ ပွဲ ပုံတွေ တင်မယ်။

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • နန်းညီ Says:

    လန်းတယ်ဗျ.. အဲလိုလူစုံတက်စုံ ဓာတ်ပုံသွားရိုက်ကြတယ်ဆိုတော့ အတူတူ လျှောက်လိုက်ချင်လိုက်တာ..

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    ရပါတယ် ကိုချမ်း..။ ကျွန်တော်လည်း share လုပ်ချင်လို့ပါ..။

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    ကိုရဲလွင်ဦးရေ..

    အစ်ကိုအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲအစ်ကိုရာ..။ ဓါတ်ပုံကောင်းတွေ ရတယ်ဆိုရင် ကျွန်တော်လိုက်ပို့ရကျိုး နပ်တာပေါ့ဗျ..။ ဟုတ်ဖူးလား..။

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    နန်းညီ..

    နောက်ဆိုရင် နင်လည်း လာခဲ့လေ..။

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    mon

    Thank you for visiting and left comment. welcome back.

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • မေဓါဝီ Says:

    ပျော်တတ်တယ်ထင်တယ်…
    ဟာသအမြင်လည်းရှိပုံရတယ်နော်….
ိထိပ်ဆုံးပုံတွေက…ပင့်ရိုက်ထားတာလား

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    ဟုတ်ကဲ့ မမေ..
    ကျွန်တော် ပျော်လည်း ပျော်တတ်.. နောက်တီးနောက်တောက်လည်း လုပ်တတ်ပါတယ်..။ ဟုတ်ပါတယ်..။ တချို့ပုံတွေ ကျနော် မြေပြင်ပေါ် ဖင်ထိုင်လျက်သားထိုင်ပြီး ရိုက်ပါတယ်..။ တစ်ချို့ပုံတွေ လမ်းပေါ် ကင်မရာချပြီး ရိုက်ပါတယ်..။ အမျိုးမျိုးပေါ့..။

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • yom Says:

    အကို.ပုံတွေကြည့်ပြီး color တွေ တော်တော်လေးတောက်နေတယ်လို.ခံစားရပါတယ်

    UN:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UN:F [1.8.0_1031]
    Rating: 0 (from 0 votes)
  • Nyi Min San Says:

    ဟုတ်ပါတယ်..။ ကျွန်တော် အရင်တုန်းက ဆစ်ကျူရေးရှင်း လျှော့ပါတယ်..။ အခုပုံတွေက documentary ပုံတွေဆိုတော့ ဘာမှမပြင်ဘဲ ဒီတိုင်းတင်နေတာပါ..။ ကျေးဇူး..။

    UA:F [1.8.0_1031]
    Rating: 0.0/5 (0 votes cast)
    UA:F [1.8.0_1031]
    Rating: 0 (from 0 votes)

Leave a Reply