Dec 31 2009

Happy New Year

၁။ မိဘကို လက်ရှိအခြေအနေထက် ပိုပြီးစိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကြိုးစားမယ်..။

၂။ ချစ်သူကို ပျှောရွှင်ပြီး စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကြိုးစားမယ်..။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုခိုင်မာအောင် အားတက်သရောကြိုးစားပြီး ဒီထက်ခိုင်မာတဲ့လမ်းကြောင်းတွေ အားသွန်ခွန်စိုက် လျှောက်လှမ်းနိုင်အောင် ကြိုးစားမယ်..။

၎။ ကိုယ်ဝါသနာပါတာပဲဖြစ်စေ လုပ်ကိုလုပ်ရမယ့် အလုပ်တွေကိုပဲဖြစ်စေ လုပ်ရတဲ့အချိန်တွေမှာ ကိုယ်တတ်တဲ့ပညာရယ် ကိုယ်လုပ်ရတဲ့အလုပ်အပှေါရယ်မှာ တန်ဘိုးထားပြီး ကြိုးစားမယ်..။

၅။ ၂၀၁၀ အပြောင်းအလဲတွေဖြစ်မယ့်ကြားမှာ ကောင်းသောအပြောင်းအလဲတွေနဲ့ မျောပါနိုင်အောင် ကျွန်တှောကြိုးစားနိုင်သလို ဘလှောဂါညီအစ်ကိုမောင်နှမတွေနဲ့ ကမဿဘာသူ ကမဿဘာသားတွေအားလုံး ကြိုးစားတိုးတက်ခိုင်မာစေဖို့ ဆနဿဒပြုရင်း.. ၂၀၁၀ ကန့်လန့်ကာကို ဆွဲဖွင့်ကြည့်မယ်..။

အားလုံး လက်ခုတ်တီးလိုက်စို့..။ ငါတို့လျှောက်မယ့်လမ်းက ငါတို့အောင်မြင်ခြင်းလမ်း..။

VN:F [1.8.8_1072]
Rating: 10.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Dec 22 2009

UnCuttable

dsc_0974

Dedicated to my ANGEL.

VN:F [1.8.8_1072]
Rating: 7.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: -1 (from 1 vote)
  • Share/Bookmark

Dec 21 2009

Monday Review

L’Oreal ကို ၁၉၀၇မှာ ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ယူဂျင်းရှူးလားက တည်ထောင်ပါတယ်။ မူပိုင်မှတ်ပုံတင်ပြီး ပြင်သစ်မှာရှိတဲ့ အလှပြင်ဆိုင်တွေဆီကို လမ်းတကာလည်ပြီး ဆိုင်ပေါက်အရောက်လိုက်ရောင်းပါတယ်..။ အဲဒီတုန်းက L’Oreal ဆိုတဲ့ တံဆိပ်နဲ့ မဟုတ်သေးပါဘူး..။ L’Aureole ဆိုတဲ့ စာလုံးပေါင်းနဲ့ပဲ ဖြစ်ပါတယ်..။ အဓိပ္ပါယ်က Halo လို့ ဆိုပါတယ်..။ ၁၉၅၇မှာ ရှူးလားကွယ်လွန်ပြီး သူ့လက်ထောက် ဖရန်ဆွာဒါလေက ဥက္ကဌဖြစ်လာတယ်..။ ၁၉၆၃ မှာ ကော်ပိုရေးရှင်းဖြစ်လာပြီး နိုင်ငံတကာပုံစံဖြစ်အောင်ပြင်လိုက်တယ်..။ လက်ဝဲနိုင်ငံရေးသမားတွေ စွက်ဖက်မှာစိုးလို့ ဒီလိုပုံစံပြုပြင်လိုက်တာပါ..။ အဲဒီအချိန် ပြင်သစ်မှာ ဒိတ်ဒိတ်ကျဲကုမ္ပဏီကြီးတွေကို နိုင်ငံတော်က ထိန်းချုပ်တာမျိုး လုပ်တတ်လို့ပါပဲ..။ ၁၉၇၃မှာ ရှူးလားရဲ့သမီးနဲ့ ဆွေးနွေးပြီး Nestle ဆိုတဲ့ စားစရာထုတ်ရောင်းတဲ့ လုပ်ငန်းနဲ့ ရှယ်ယာခွဲဝေပူးပေါင်းမှုတွေ လုပ်ခဲ့တယ်..။ ဘက်တင်ကုတ်ဟာ L’Oreal ရဲ့ အစုရှယ်ယာတော်တော်များများကို ပိုင်ဆိုင်ထားပါတယ်..။ Gesparal လို့ နာမည်ပေးထားတဲ့ ဟိုးလ်ဒင်းကုမ္ပဏီတစ်ခုဖွဲ့စီးပြီး Nestle က ၄၉ ရာခိုင်နှုန်း ဘက်တင်ကုတ်က ၅၁ ရာခိုင်နှုန်း အသီးသီးယူကြတယ်..။ တစ်ခါ Gesparal က L’Oreal ရဲ့ ရှယ်ယာထက်ဝက်ကျော်ကို ပိုင်ဆိုင်လိုက်ကြတယ်..။ ကျန်တဲ့ရှယ်ယာတွေကို အများအတွက်ထုတ်ရောင်းလိုက်တယ်..။ ဒီပုံစံက ဒီနေ့အထိ အဲဒီအတိုင်းပါပဲ..။

လော်ရယ်လ်အကြောင်း ဖတ်လိုက်ရတာလေးအတွက် တော်တော်လေး ဗဟုသုတရလိုက်တယ်..။ လော်ရယ်လ်ကို တစ်ကမ္ဘာလုံးသိအောင်လုပ်သွားတာက ပြင်သစ်နိုင်ငံသားမဟုတ်တဲ့ အင်္ဂလန်နိုင်ငံသား အိုဝင်ဂျုံးဆိုတဲ့သူပါ..။ လစ်ဗာပူးလ်မြို့နားမှာမွေးပြီး အောက်စ်ဖို့ဒ်မှာခေတ်မှီဘာသာစကားတွေ အတတ်သင်ခဲ့တယ်..။ ၁၉၆၉မှာ ဘွဲ့ရတယ်..။ ပြင်သစ်သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီးတော့ လော်ရယ်လ်မှာ အလုပ်ဝင်လုပ်တယ်..။ ရာထူးတွေတက်ပြီး ၁၉၇၈ကနေ ၁၉၈၁ အထိ အီတလီဌာနခွဲကို သူဦးစီးတယ်..။ ၁၉၈၁ ကနေ ၁၉၈၄အထိ အမေရိကန်ဌာနခွဲကို ဦးစီးတယ်..။ ဦးဆောင်ပြီး လုပ်ခဲ့တဲ့သက်တမ်း ၁၇နှစ်ကျော် ရှိသွားခဲ့ပြီ..။ ဆက်တိုက်အောင်မြင်နေတုန်းပဲ..။ ဘာကြောင့်အောင်မြင်သလဲဆိုတာ ရှင်းတယ်..။ ဈေးကွက်သုတေသနနဲ့ အလှကုန်ပစ္စည်းတွေကို အမျိုးအစားအလိုက် သုတေသနလုပ်တာကို အားသွန်ခွန်စိုက် လုပ်လို့အောင်မြင်တယ်လို့ အချုပ်အားဖြင့် သိရတယ်..။ စီးပွားရေးလုပ်ငန်းတွေရဲ့ အားသာချက် အားနည်းချက်တွေနဲ့ လုပ်ငန်းတွေအောင်မြင်ခြင်း မအောင်မြင်ခြင်းတွေမှာ သုတေသနအလုပ်တွေက တံတားတွေ လှေခါးတွေပဲ..။ research မရှိရင် အမှောင်ထဲလမ်းလျှောက်ရသလိုပဲ စမ်းတဝါးဝါးနိုင်နေမှာပါပဲ..။ မြန်မာသူဌေးတွေ တော်တော်များများ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာ မသိပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နောင်တစ်ချိန် ရှိကောင်းရှိလာနိုင်မယ်ဆိုရင် ဈေးကွက်ဖော်ဆောင်ဖို့အတွက် အပြိုင်အဆိုင်လုပ်ရစတမ်းဆို စူးစမ်းရှာဖွေတဲ့သူတွေက နှာတစ်ဖျားသာမှာ ကျိန်းသေပါပဲ..။

ဒီရက်ပိုင်းသီချင်းခွေတွေ များများထွက်ပြီး အဆိုတော်အသစ်တွေ မှိုလိုပေါက်လာတာ မိုးဦးရာသီရောက်သွားသလိုပဲ..။ တချို့အဆိုတော်တွေ နာမည်ဘယ်လိုပေးကြတယ်မသိပေမယ့် နာမည်တူတွေ သတိထားမိလာတယ်..။ ကိုလေးဖြူရဲ့ ခဏလေးများခွေမှာ တေးရေးဆရာအနေနဲ့ အားထုတ်အောင်မြင်လာပြီးနောက် ကိုယ်ပိုင်တေးစီးရီးတစ်ခွေလည်း ထွက်ထားတဲ့ ကိုလင်းလင်း နဲ့နာမည်တူတဲ့ လင်းလင်းဆိုတဲ့ အဆိုတော်တစ်ယောက် ထွက်လာတယ်..။ ကိုလင်းလင်း ဘယ်လိုသဘောရတယ် မသိပေမယ့် ကျွန်တော်တော့ နည်းနည်းအူကြောင်ကြောင်ဖြစ်သွားတယ်..။ လင်းလင်း နှစ်ယောက်ရှိသည်ပေါ့..။ ဒါနဲ့မပြီးသေးဘူး..။ ချမ်းချမ်းဆိုတဲ့ အဆိုတော်လည်း နှစ်ယောက်ရှိတယ်..။ တစ်ယောက်က မော်ဒယ်လ်မှာအောင်မြင်နေတဲ့အပြင် သီချင်းဆိုတာလည်း တော်တော်ကောင်းတဲ့ အဆိုတော်ပေါ့..။ ဒါလည်းနှစ်ယောက်ရှိတယ်..။ အခုအသစ်ပေါ်လာတဲ့တစ်ယောက်က ယောက်ျားလေး..။ ဒီလိုနဲ့ ကိုလေးဖြူနာမည်နဲ့ အဆိုတော်အသစ်တစ်ယောက် ထပ်ထွက်လာရင် ဘယ်လိုများနေမလဲမသိ..။

တရုတ်ရှေ့နေတစ်ယောက် ပြောတဲ့ စကားတစ်ခွန်း တော်တော်သဘောကျမိတယ်..။ သဘောကျလို့ သုံးလေးခေါက်လောက် ဖတ်ပြီးပြုံးမိတယ်..။ သူပြောတဲ့စကားဆိုတာ တခြားမဟုတ်ပါဘူး..။ စည်းမျဉ်းပါ..။ အမှုတစ်ခုဖြစ်ရင် တော်တော်နဲ့မပြီးနိုင်တာ ဖြစ်တဲ့အပြင် နှစ်ဖက်လုံးငွေကုန်ကြေးကျ များပါတယ်..။ ဒီကိစ္စကို သူပြောထားတာလေး သဘောကျလို့ပါ..။ စည်းမျဉ်း (၁) အမှုတစ်ခုကို တရားရုံးမရောက်ခင် ဖြေရှင်းဖို့ကြိုးစားပါ..။ စည်းမျဉ်း (၂) မဟာဗျူဟာသဘောအရပြောရရင် စည်းမျဉ်း နံပါတ် (၁)ကို လိုက်နာပါတဲ့..။ ပြဿနာကို အကြေအလည်ရှင်းဆိုတာ ပါသလို မထိခိုက်အောင် ကာဗာလုပ်ဖို့လည်း ပါပါတယ်..။ ဒါ့အပြင် နှစ်ဦးသဘောတူ ပြီးစီးတဲ့ကိစ္စဖြစ်တဲ့အတွက် ရွာလည်တိုင်ပတ်နေစရာမရှိတော့လို့ အချိန်ကုန်သက်သာတဲ့အပြင် ပိုထိရောက်ပါတယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (4 votes cast)
VN:F [1.8.8_1072]
Rating: -1 (from 1 vote)
  • Share/Bookmark

Dec 14 2009

Monday Review

နည်းပညာခေတ်ရဲ့ အပြောင်းအလဲတွေကြားထဲမှာ အနုပညာအပြောင်းအလဲတွေလည်း ဖြစ်ကုန်ပါတယ်..။ မိုဘိုင်းဖုန်းတွေ နေရာယူလာလွန်းတဲ့ ဒီဘက်ခေတ်မှာ ဂီတရေစီးကြောင်းပြောင်းသလို ဂီတဖန်တီးမှုတွေလည်း ပြောင်းလဲလာပါတယ်..။ လူဟာ အမြဲအသစ်အသစ်သော နည်းပညာရပ်တွေ စဉ်းစားတီထွင်နေတာနဲ့အမျှ အသစ်အသစ်သော နည်းပညာတွေ အချိန်နဲ့အမျှပေါ်ထွက်လာတာ မဆန်းပါဘူး..။ မိုဘိုင်းဖုန်းတွေမှာ သီချင်းသံတွေဖန်တီးနိုင်တဲ့ music creator software တွေထည့်သွင်းအသုံးပြုလာကြတာလည်း ရှိပါတယ်..။ ဂီတတူရိယာတစ်ခုအနေနဲ့ electronic နည်းပညာအသုံးချပြီး ဖန်တီးကြတာမျိုးကို individually မဟုတ်ဘဲ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ ဖင်လန်မှာရှိတဲ့ ဟဲလ်ဆင်ကီတက္ကသိုလ်တွေမှာ iPhone ကို musical instrument တွေအနေနဲ့ အသုံးချပြီး တီးခတ်ဖျော်ဖြေသွားတာမျိုး ဆိုရင်တော့ ဘယ်လိုသတ်မှတ်ရမယ်မသိဘူး ဖြစ်သွားပါတယ်..။ ဒီလိုဖျော်ဖြေဖို့အတွက် iPhone ကို တခြား sensor device တစ်ခု တပ်ဆင်ပြီး software နဲ့ထိန်းပြီးအသုံးချသွားတာလို့ ဆိုပါတယ်..။ ဒီတော့ နောင်ခေတ်တွေမှာ အတီးအမှုတ်တူရိယာဟာ mobile device လေးတွေပဲဖြစ်လာလေမလားလို့ စဉ်းစားနေမိတယ်..။

မန္တလေးရတနာပုံဈေးကြီး မီးလောင်သွားတာ တစ်နှစ်ကျော်လို့ ၂ နှစ်ထဲရောက်သွားပါပြီ။ မီးလောင်သွားတဲ့အထဲ MICT ကနေ နာမည်ပြောင်းထားတဲ့ YCC (Yadanabon Cyber Corporation) လည်းပါသွားပါတယ်..။ အဲဒီနောက်မှာ အိုင်တီနဲ့ ပတ်သက်လို့ အရှိန်ရနေတဲ့ အင်အားစုတွေ ပြိုကွဲသွားလိုက်တာ ဖွာလံကြဲလို့ပါပဲ..။ အဲဒီနောက်ပိုင်း ကွန်ပျူတာ ပညာရှင်အသင်းအနေနဲ့ နည်းပညာဆိုင်ရာ ဟောပြောပွဲတွေ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ အားသွန်ခွန်စိုက် မလုပ်နိုင်တော့ဘဲ အရှိန်ဝပ်ကျသွားပါတယ်..။ ဈေးချိုအိုင်တီဇုန်ဆိုပြီး ဈေးချိုပလာဇာ လေးထပ်မှာဖွင့်ထားတဲ့ အိုင်တီလုပ်ငန်းတွေရှိလာသလို အပြင်မှာဖွင့်ထားတဲ့ သင်တန်းတွေလည်း ရှိပါတယ်..။ အခုဈေးချိုအိုင်တီဇုန်မှာ ကွန်ပျူတာပညာရှင်များအသင်းက ကြီးမှူးကျင်းပမယ့် ဟောပြောပွဲတစ်ပွဲရှိပါတယ်..။ December 16 မှာ ပြုလုပ်မှာ ဖြစ်ပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဟောပြောပွဲတွေလုပ်သွားမယ်လို့ သိရပါတယ်..။ ဟောပြောမယ့် လူတွေက ကိုရဲရင့်ဝင်း၊ ကိုဝင်းထိန်းဝင်း၊ ကိုထွန်းခိုင်၊ ကိုဇော်မိုးထွန်းတို့က program ပိုင်း၊ online exam တွေအကြောင်း၊ နည်းပညာတွေအကြောင်း ဆွေးနွေးသွားမှာ ဖြစ်သလို workshop ပုံစံတစ်ခုလည်း လုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်..။ နည်းပညာဟောပြောပွဲတွေ ဆွေးနွေးဖလှယ်ပွဲတွေ ငတ်နေတဲ့ မန္တလေးသား ကွန်ပျူတာစိတ်ဝင်စားသူတွေနဲ့ ပညာရှင်တွေကို လက်တို့လိုက်ရပါတယ်..။ ဒီလိုပွဲမျိုးတွေ များများလုပ်သင့်ပြီး activity များများရှိမှသာ လမ်းပျောက်နေတဲ့ ကွန်ပျူတာသမားတော်တော်များများ ကမ်းမမြင်လမ်းမမြင်ဖြစ်နေတာကနေ လွတ်သွားမယ်ထင်ပါတယ်..။

ပြင်သစ်နိုင်ငံ ကာလဝမ်းရောဂါတွေဖြစ်ပြီး လူတွေတဖြုတ်ဖြုတ်သေနေတုန်းကပေါ့..။ မြို့ထဲမှာရှိတဲ့လူတွေ သေနေလိုက်တာ ရှင်းလို့လည်းမနိုင်..။ ဝမ်းရောဂါတွေဖြစ်တော့ ကူးဆက်နှုန်းကလည်း မြန်..။ ဒီလိုနဲ့ ဒါတွေရှင်းလို့မနိုင် ဖြစ်နေတော့ ပြင်သစ်ဘုရင်က တစ်မျိုးကြံစည်တယ်..။ သေဒဏ်ကျတဲ့ အကျဉ်းသမားငါးယောက်ကို ခေါ်ပြီး မင်းတို့မြို့ထဲက အလောင်းတွေရှင်းပြီး အသက်ရှင်သေးဦးမယ်ဆို မင်းတို့ကိုလွှတ်ပေးမယ်လို့ ပြောတယ်..။ အကျဉ်းသားတွေလည်း ရှင်းတာပေါ့..။ တစ်မြို့လုံးသာ ရှင်းလို့ကုန်သွားတယ် သူတို့ငါးယောက်မသေဘူး..။ ဒါနဲ့ ဘုရင်လည်း ကတိစကားအတိုင်းလွှတ်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ထူးဆန်းတာ သူတို့ငါးယောက်ကို ရောဂါမကူးတာပဲ..။ ဒါနဲ့ မေးတယ်..။ အကြောင်းကို စစ်လိုက်တော့ အလောင်းကောင်တွေကထွက်နဲ့ အနံ့ကို ခံနိုင်အောင် ကြက်သွန်ဖြူဝါးပြီးရှင်းလင်းရေးလုပ်လို့ဆိုပဲ..။ ဒါကြောင့် သူတို့ကို ရောဂါမကူးတာပါ..။ ကြက်သွန်ဖြူက တော်ရုံ virus ကိုနိုင်တယ်..။ ဒဏ္ဍာရီလား ပုံပြင်လားတော့ မသိပေမယ့် A/H1N1 ကြောင့် တရုတ်နိုင်ငံမှာ ကြက်သွန်ဖြူ အစလေးဆယ်လောက် ဈေးခုန်တက်သွားတယ် ဆိုပါတယ်..။ ကြက်သွန်ဖြူစားရင် တော်ရုံရောဂါကာကွယ်တယ်ဆိုပြီး စားကြတာ ဈေးကွက်မှာတောင် ကြက်သွန်ဖြူပြတ်သွားလို့ ဒီလောက်ဈေးတက်သွားတာပါ..။ စိတ်ဝင်စားတဲ့ ကုန်သည်များ export လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုပေါ့ဗျား..။ မြန်မာပြည်လည်း အတော်အဝယ်လိုက်ပုံရတယ်.. Weekly မှာဖတ်လိုက်ရတာ ကြက်သွန်ဖြူဈေးတွေ တက်ကုန်တယ်ဆိုပဲ..။

ကျောတခင်းစာ နေရာလေးတစ်ခု ကိုယ့်မှာမရှိရင် ဘယ်လောက်များ အားငယ်စရာကောင်းလိုက်မလဲဆိုတာ စဉ်းစားကြည့်ဖူးလား..။ ကိုယ်လည်း လောကီသားမို့ ဒီဒဏ်ခံရမှာလောက် အိုးမဲ့အိမ်မဲ့ဘဝဖြစ်ရမှာလောက်ကို အသက်ရလာလေ ကြောက်မိလေလို့ ဝန်ခံပါတယ်..။ တိုက်နဲ့ မနေနိုင်တဲ့သူက အိမ်.. တချို့တိုက်ခန်း.. တချို့ အိမ်.. တချို့တဲပုတ် တချို့ မိုးလုံရုံမျှ..။ ဒါပေမယ့် ကွန်တိန်နာပုံးထဲ ဝင်နေလောက်အောင်ထိ စိတ်ကူးဖူးတာ ရှိမလားမသိ..။ တကယ်ဆိုလည်း ကျောတခင်းစာ နေရာလေးပါပဲ..။ ကွန်တိန်နာ ၁၀ပေ ၁၅ ပေလောက်ရှိတဲ့ ကွန်တိန်နာပုံးခွန်တစ်ခု ၁၀သိန်းနဲ့ ၁၅သိန်းကြားရှိပြီး ပေ ၄၀လောက်ကို သိန်း ၂၀နဲ့ ၂၅ ကြားမှာပေးဝယ်ပြီး နေတဲ့သူရှိသလို အဲဒါပေးဝယ်ပြီး ရုံးခန်း.. ဂိုထောင်လုပ်တဲ့ ယဉ်ကျေးမှုတစ်ခုလည်း မြန်မာပြည်မှာ စိမ့်ဝင်လာတာ တဖြည်းတဖြည်းနဲ့ အခုဆို ဈေးကွက်တောင် ဖြစ်နေပါပြီ..။ အဲဒီကွန်တိန်နာပုံးနဲ့ ရပ်ကွက်တစ်ခုတည်ပြီး နေတဲ့ နိုင်ငံတောင်ရှိသေးမှတော့ မိုးလုံလေလုံ (အကုန်လုံတော့ ပူမယ်) ကွန်တိန်နာပုံးရှိနေတော့ မဆိုးလှဘူးပဲ ပြောရမယ်ထင်ရဲ့..။ ရန်ကုန်မှာ အခြေအနေ ဘယ်လိုမသိပေမယ့် ကျွန်တော့်အလုပ်က အိမ်ပြန်တဲ့လမ်းမှာတော့ ပလက်ဖောင်းခေါင်းအုံးပြီး မန္တလေးဆောင်း အံတုတဲ့သူတွေ မနည်းဘူးပဲ..။

ဒီဘက်နှစ်တွေမှာ ငပွကြီးဘွဲ့ယူထားပြီး သူနဲ့ပတ်သက်လို့ သဘာဝပါတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့အနေနဲ့ နည်းလမ်းပေါင်းများစွာကြံစဖြေရှင်းနေရတဲ့အပြင် အာဏာပိုင်တွေဘက်ကပါ ဖိဖိစီးစီးဇွတ်အတင်းအဓမ္မလိုက်လံ ထိန်းသိမ်းနေရတာက ကြွတ်ကြွတ်အိတ်၊ ပလပ်စတစ်အိတ် ပြဿနာပါပဲ..။ ရေနံအခြေခံတဲ့ chemical တစ်ခုဖြစ်တဲ့ polylatic acid (PLA) ကိုအခြေခံတဲ့ polymer လို့ခေါ်တဲ့ chemical တစ်မျိုးနဲ့ ဖန်တီးယူထားတာတွေပါ..။ အဲဒါတွေမသုံးဘဲနဲ့ bio engineering technology နဲ့စဉ်းစားထားတဲ့ polymer နဲ့တူတဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးကို အခြေခံထုတ်လုပ်ထားတဲ့ ပလပ်စတစ်ထုတ်လုပ်နိုင်ဖို့ တောင်ကိုရီးယားသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က အားသွန်ခွန်စိုက်ကြိုးပမ်းနေတယ် ဆိုပဲ..။ ဒီနည်းပညာအသုံးပြုထားတဲ့အတွက် ဆွေးမြေ့ပျက်စီးလွယ်ပြီး အဆိပ်အတောက်ဖြစ်ဖို့လည်း နည်းပါးသွားပါတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ကျစေပါတယ်..။ ဘယ်အရာမဆို ပြဿနာတစ်ခု ရှိတတ်စမြဲ ဖြစ်တတ်တဲ့နည်းတူ ဒီကြိုးစားအကောင်အထည်ဖော်နေတဲ့ ကိစ္စမှာလည်း သူ့ပြဿနာနဲ့သူ ရှိပါတယ်..။ တခြားတော့မဟုတ်ဘူး ဈေးနည်းနည်းကြီးနေတယ်ဆိုပဲ..။ ကျွန်တော်သိသလောက် ကမ္ဘာလောကကြီးဆိုတာ လူအတွက်ဖြစ်လာတာ ဖြစ်တဲ့အတွက် လူတွေလောက် ဘယ်အရာမှ အရေးမကြီးဘူး မှန်ပေမယ့် လူတွေက ထိန်းသိမ်းမှသာ ဂေဟစနစ်လည်း မယိုယွင်းဘဲ ဖြစ်နေမှာပါ..။ လူတွေဖန်တီးတာတွေက လူတွေကို ပြန်ဖျက်စီးသလို ဖြစ်နေမယ်ဆိုရင်တော့ ဘယ်လောက်ပဲကောင်းတယ်ဆိုပါစေ အားမပေးဝံ့ဘူး..။

VN:F [1.8.8_1072]
Rating: 6.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Dec 12 2009

Fire World

ဒီလိုပုံမျိုးလေးဖြစ်အောင် photoshop နဲ့လုပ်ကြည့်ရအောင်…။

11_final

Continue reading

VN:F [1.8.8_1072]
Rating: 5.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 4 votes)
  • Share/Bookmark