Nov
30
2009
FMI က သူ့ကုမ္ပဏီအစုရှယ်ယာ ဝယ်ထားတဲ့သူတွေအတွက်ဆိုရင် အိမ်ယာစီမံကိန်းမှာ ဦးစားပေး ရောင်းသွားမယ် ဆိုပဲ..။ FMI ကပဲ မန္တလေးမှာ ရှိတဲ့ မြန်မာဆင်ဘိလပ်မြေနဲ့ အသင့်သုံး ကွန်ဂရစ်တွေ ထုတ်လုပ်တဲ့ လုပ်ငန်း ရှယ်ယာတွေ ၁၇၃၇သန်းနဲ့ ပြန်ရောင်းတယ်..။ FMI ပဲ suzuki ကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ၅%သော ရှယ်ယာတွေ ထုတ်ရောင်းချလိုက်တယ်ဆိုပဲ..။ FMI ပဲ stream မော်တော်ဆိုက်ကယ် အစီးရေ ၈၀၀၀ ထုတ်တယ်ဆိုပဲ..။ စက်ရုံတောင် ထပ်ချဲ့ထားတယ်တောင် ဆိုပါတယ်..။ ဒါတွေက FMI နဲ့ ပတ်သက်တဲ့ share တွေထုတ်ရောင်းတာနဲ့ business activities တချို့ပါပဲ..။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းတွေ အကျဉ်းအကြပ်တွေကြားမှာ မလူးသာမလွန့်သာနဲ့ ဖြစ်နေတဲ့ ကုမ္ပဏီကြီးတွေရှိသလို လက်ရှိ run နေတဲ့စီးပွားရေးပုံစံတွေ ပြောင်းလဲပြီး လုပ်ငန်းတွေ အသက်ဝင်အောင် လုပ်ဖို့ရုန်းကန်နေတယ်ဆိုတာ အတိုင်းသား သတိထားမိလောက်ပါတယ်..။ ငွေပေါ်အောင်လုပ်ပြီး ငွေရင်းကနေ ငွေပြန်ရှာမယ့်နည်းလမ်းသုံးပြီး လုပ်ကိုင်လာရတာပါပဲ..။ ငွေမရှိ ငွေမရှာနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့တော့ ငုပ်ပြီး ပြုတ်သွားလောက်တယ်..။
မနက်က ဖတ်မိတဲ့စာအုပ်ထဲမှာ အိန္ဒိယနိုင်ငံရဲ့ အိုင်တီတော်လှန်ရေးပုံရိပ်တချို့ကို ဖတ်လိုက်ရတယ်..။ စာအုပ်က ဆရာကျော်ဝင်းဘာသာပြန်တဲ့ မူရင်း Jeffrey Sachs ရေးတဲ့ The End of Poverty ဆိုတဲ့ ဆင်းရဲခြင်းနိဂုံးဆိုတဲ့ စာအုပ်ပဲ..။ ဒီစာအုပ်အကြောင်းပြောချင်တာထက် အရမ်းနိမ့်ကျတဲ့နိုင်ငံတွေနဲ့ အဆင့်တစ်ခုကို စပြီးရလာတဲ့ နိုင်ငံတွေအကြောင်း ပြောတော့ ကိုယ့်နိုင်ငံကို အဲဒီလိုဖြစ်ချင်လာမိတယ်..။ လူတစ်ယောက်ကို တစ်နှစ်ဒေါ်လာ ၄၀၀၀ ဝန်းကျင်ဝင်ရင် ဆင်းရဲမှုမရှိဘူးလို့ ပြောလို့ရတဲ့အနေအထားပေါ့..။ ကျွန်တော်ကိုယ်တိုင် တစ်လဒေါ်လာ ၄၀၀ မဝင်နိုင်ပါ..။ ပြည်တွင်းအိုင်တီသမားအနေနဲ့ ပြည်တွင်းမှာနေရင် လှုပ်လေမြုပ်လေဖြစ်မယ့် အနေအထားဆိုတာ သိသာပါတယ်..။ အကောင်းဆုံးက outsourcing လုပ်နိုင်ရင် ကောင်းမယ်စဉ်းစားမိသလို ရင်နှီးမြုပ်နှံလာမယ့် နိုင်ငံခြား တိုင်းပြည်တစ်ခုခုရဲ့ IT company တွေသာ ရှိလာမယ်ဆို အလုပ်အကိုင်အခွင့်အလမ်းနဲ့ နည်းပညာတိုးတက်မှုက အတော်လေး ဟုတ် တယ်ဆိုတဲ့ အဆင့်မှာ ရှိလာနိုင်သလို လူတွေရဲ့ အရည်အသွေးလည်း တက်လာနိုင်မယ်..။ ဒီလိုအလုပ်တွေ လုပ်ဖို့အတွက် အခက်အခဲတွေကြားကနေ မဖြစ်မနေ လုပ်ရမှာပဲ..။ Vietnam မှာရှိတဲ့ outsourcing လုပ်တဲ့သူငယ်ချင်းတစ်ယောက် ရှိပါတယ်..။ သူတို့ကုမ္ပဏီက နာမည်ကြီး CMS ဖြစ်တဲ့ Joomla ကိုသုံးပြီး web developing လုပ်တဲ့အပြင် design တွေလက်ခံရေးပေးတာကို ဥရောပနိုင်ငံတွေနဲ့ ချိတ်ပြီးရေးနေပါတယ်..။ သူတို့ အလုပ်လုပ်တဲ့ ရုံးခန်းမှာ aircon မရှိပါဘူး..။ မီးလည်း လာချင်သလိုလာ ပျက်ချင်သလိုပျက်ပါပဲ..။ မီးပျက်ရင် အင်ဗာတာနဲ့ သုံးတယ်..။ အင်တာနက်လိုင်းဆိုလည်း ဖုန်းလိုင်းနဲ့ ချိတ်ထားတာပဲ ရှိပါတယ်..။ ဒါပေမယ့် ချီးကျူးစရာ ကောင်းတာက အဲဒီအဖွဲ့ထဲမှာရှိတဲ့ ဝန်ထမ်းတွေ ကိုယ်ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် တက်တက်ကြွကြွလုပ်ရင်း ပညာရှာတဲ့အလုပ်ကို လုပ်ပါတယ်..။ supervisor တွေကို Singapore လိုနိုင်ငံမျိုးမှာ မွမ်းမံသင်တန်းပေးပြီး အသစ်ဝင်လာတဲ့သူတွေကို training ပေးစေပါတယ်..။ အဲဒီနည်းနဲ့ team work တစ်ခုဖြစ်အောင် တည်ဆောက်ရင်း အလုပ်လုပ်ပါတယ်..။ ကျွန်တော်တို့ဆီမှာ အဲဒီလို software house တွေ design house တွေများများ ရှိလာမယ်ဆိုရင် တစ်နည်းအားဖြင့် IT လောကရဲ့မျက်နှာစာက ပိုထည်ဝါသွားပါမယ်..။ ဒါ့အပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ရတဲ့အတွက် ပြည်ပအခွင့်အလမ်းတွေလည်း ရလာနိုင်တဲ့အပြင် ငွေနဲ့ပေးဝယ်လို့မရတဲ့ အတွေ့အကြုံတွေ ရလာနိုင်ပါတယ်..။
Dell က သူအသစ်ထုတ်မယ့် netbook တစ်ခုမှာ Google ရဲ့ chrome OS ကို သုံးမယ်ဆိုပါတယ်..။ Google ဆိုတာ Internet ရဲ့ search engine လောကကို အုပ်စီးထားတဲ့ အင်အားကောင်း လုပ်ငန်းစုတစ်ခု ဖြစ်တယ်ဆိုတာ ပြောစရတောင် မလိုပါဘူး..။ ဒါ့အပြင် internet နည်းပညာနဲ့ ဆက်စပ်လာရတဲ့ ဒီရာစုနှစ်မှာ google က သူ့ရဲ့ OS ကို အင်တာနက်နဲ့ ချိတ်သုံးလို့ရတဲ့ပုံစံကိုပဲ စဉ်းစားထားပါတယ်..။ Application တွေကအစ အင်တာနက်ပေါ်ကနေ သုံးရမှာဖြစ်လို့ connection မရှိရင်တော့ ဒီ OS ကို သုံးဖို့ အဆင်မပြေလှပါဘူး..။ OS boot လုပ်တဲ့ speed က 12 စက္ကန့်လောက်ပဲကြာတယ် ဆိုတော့ တော်တော်မြန်သားလို့ ပြောလို့ရမယ့်အနေအထားပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့နဲ့ မကိုက်သေးဘူးဆိုတာ ပြောစရာမလိုဘူး ထင်ပါရဲ့..။ ဒီလောက်နှေးတဲ့ အင်တာနက်ကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့အတွက် ဒီ OS ကိုသုံးမယ်ဆိုရင်တော့ စိတ်ရှည်သည်းခံလော့..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
3 comments | posted in Review
Nov
27
2009

ကျွန်တော့်ညီမကို ရိုက်ထားပေးတာပါ.။
VN:F [1.8.8_1072]
Rating: 8.0/10 (7 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
7 comments | posted in Photography, Potrait
Nov
23
2009
ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ ကိုယ်အင်္ဂါချို့ယွင်းချက်ရှိတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိတယ် ဆိုပါတယ်..။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု လွန်ကဲတယ်ဆိုရင်လည်း အဲဒီလိုဖြစ်တတ်တယ်လို့ သိရပါတယ်..။ Emotional Development လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ Intelligent Development လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေတဲ့သဘောမှာရှိတယ်လို့ ဒေါက်တာကျော်စိန်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်..။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ ရုပ်နဲ့လည်း သက်ဆိုင်တယ်ဆိုတဲ့ အချက်က ငြင်းစရာမရှိပါဘူး..။ ရုပ်ရည်ချောပြီး စွဲဆောင်အားကောင်းတဲ့သူတွေကိုပဲ လူတွေရဲ့ တိမ်းညွတ်မှု့ ပိုတတ်ပါတယ်..။ ဒီအတွက် ရုပ်ရည်ချို့တဲ့တဲ့ သူတွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အနာမျိုး ဖြစ်သွားနိုင်ဖို့ များပါတယ်..။ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်တော့ တချို့အကြောင်းအရာလေးတွေ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတယ်..။ ကျွန်တော်ဆို ရုပ်ချောတဲ့ထဲ မပါတဲ့အပြင် ကြည့်ကောင်းတယ်လို့ သတ်မှတ်ခံရသူတွေထဲတောင် မပါပါဘူး..။ တစ်နည်းအားဖြင့် ရုပ်ဆိုးပါတယ်..။ ဒီအတွက် အနည်းနဲ့ အများဆိုသလို အားနည်းချက်လို ထင်နေမိတတ်တယ်..။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ကိုယ့်ထက်မက အောင်မြင်နေတာကိုမြင်တော့ ရုပ်ရည်ဆိုတာ ဒါလောက်လည်း မဟုတ်ပါဘူး ပြန်သုံးသပ်ကြည့်လာတတ်တယ်..။ ဆိုတော့.. ကြည့်တဲ့သူအပေါ် အများကြီး မူတည်တယ် ထင်မိတယ်..။ ကိုယ့်အားနည်းချက်က ကိုယ့်ဘဝအညွန့်ကို ပြန်ခူးသလို ဖြစ်နေတာ မကောင်းဘူး..။
တစ်ရက်က စဉ်းစားခန်းဝင်ပြီး ကိုယ့်အာရုံနဲ့ကိုယ် လမ်းလျှောက်လာတုန်း ကျွန်တော့်မြင်ကွင်းထဲကို စုံတွဲလေးတစ်တွဲ ဝင်လာတယ်..။ နှစ်ယောက်စလုံး အင်္ကျီဆင်တူဝတ်ထားတယ်..။ STEP အမျိုးအစားပေါ့..။ လက်ချင်းတွဲပြီး လမ်းလျှောက်သွားတော့ ကျွန်တော့်ခေါင်းထဲ idea လေးတစ်ခုဝင်လာတယ်..။ နောက်ကျောပေးထားလျက် စုံတွဲတစ်တွဲနဲ့ လမ်းပေါ်မှာ ကားတွေဆိုက်ကယ်တွေ ရှုပ်နေတဲ့အချိန် မျဉ်းဝါက လမ်းဖြတ်ကူးနေတာကို Brand ပေါ်အောင်ရိုက်လို့ရှိရင် ဘယ်လိုနေမလဲပေါ့..။ နေရောင်ထဲဆိုဘယ်လို.. ညဆိုရင်ဘယ်လို.. မိုနိုဆိုရင်ဘယ်လို.. အရောင်တွေသုံးရင် ဘာတွေသုံးရင်ကောင်းမယ် ဆိုတာတွေကအစ လိုက်စဉ်းစားကြည့်တယ်..။ အဲဒီမှာပဲ မထင်မှတ်တာလေး ဖြစ်သွားတယ်..။ တခြားမဟုတ်ဘူး.. ကောင်လေးက ကောင်မလေးလက်ကို ဆွဲပြီး ဟိုတယ်တစ်ခုထဲ ဝင်သွားတာပဲ..။ အဲဒီမှာပဲ ကျွန်တော့်အတွေးလေးတွေ လမ်းပေါ်မှာ လွင့်ကျသွားတယ်..။
နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေများစွာထဲက micro blogging အနေနဲ့ အရမ်း ပေါ်ပြူလာဖြစ်နေတဲ့ twitter ဟာ သူခန့်မှန်းထားတဲ့ 2010 မှာ အောင်မြင်မှုတွေနဲ့ ဝေးနေတယ်လို့ ထင်ပါတယ်..။ လက်ရှိအနေအထားမှာ October လအတွက် traffic ဟာ 8.1% ထိုးကျသွားတယ် ဆိုပါတယ်..။ ဘာကြောင့် အဲဒီလို ဖြစ်သွားသလဲဆိုတာတော့ သေချာမသိရပေမယ့် twitter ရဲ့ ဝင်ငွေကိုတော့ ထိခိုက်မှာ သေချာပါတယ်..။ သတင်းဖလှယ်မှုထက် စီးပွားရေးလုပ်ငန်းတွေမျက်စေ့ကျလာတဲ့ လင့်တွေကြေငြာခြင်းတွေအတွက် အသုံးပြုတဲ့သူတွေ အဆင်မပြေမှု၊ အနှောက်အယှက်ဖြစ်မှုတွေ ဖြစ်လာမလားဆိုတာကို လေ့လာသူတချို့က ခန့်မှန်းနေကြပါတယ်..။
၁၂ လ ပိုင်းလောက်တော့ ဒုတ်ထာဝတီမြစ်နဲ့ ပြိုင်မိုက်တဲ့ ရဲရွာရေအားလျက်စစ် စီမံကိန်းက တာဘိုင်စက်တစ်လုံး စပြီး လည်ပတ်တော့မယ်ဆိုပဲ..။ ကောင်းသလား ဆိုးသလားတော့ မသိဘူး..။ နည်းပညာခေတ်ဖြစ်တဲ့အတွက် လူနေမှုအဆင့်အတန်း ပြောင်းလဲမှုတွေကြားမှာ လျက်စစ်မီးကတော့ မရှိမဖြစ် basic need ဖြစ်တဲ့အတွက် ပြည့်စုံအောင် မဖြစ်မနေ လုပ်ရပါလိမ့်မယ်..။ ဒီအတွက် ဘာဟာတွေ ဘယ်လိုလုပ်ထားပြီး ဘယ်လိုစီမံထားတယ် ဆိုတာတော့ မပြောတတ်သေးပါဘူး..။ နိုင်ငံခြားသား ဒီဇိုင်နာတွေ company ကြီးတွေက တာဝန်ခံ ဒီဇိုင်းဆွဲထားတာ ဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးတွေ ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမယ်ထင်ပါရဲ့..။
VN:F [1.8.8_1072]
Rating: 5.0/10 (1 vote cast)
VN:F [1.8.8_1072]
6 comments | posted in Review
Nov
22
2009

Orchid
အိမ်မှာ ပျင်းပျင်းရှိတာနဲ့ လက်ဆော့ထားတာလေးပါ..။ version သုံးမျိုးရှိတယ်..။ ဒီပုံလေး နည်းနည်းသဘောကျလို့ တင်လိုက်တာ..။ ဝေဖန်ပေးပါဦးဗျ…။
VN:F [1.8.8_1072]
Rating: 7.2/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
6 comments | posted in Flower, Photography
Nov
21
2009
ဒီနေ့တစ်နေကုန် အလုပ်တွေအတော်လေးရှုပ်နေခဲ့တယ်..။ Internet လိုင်းတွေ သိသိသာသာကြီးနှေးနေတယ်ဆိုတာကို ခံစားရခက်နေတယ်..။ အလုပ်လုပ်ချင်တာတွေ လုပ်လို့ကို မရဘူးဖြစ်နေတော့ စိတ်တော်တော်ပျက်မိတယ်..။ ဘာတွေ ဘယ်လိုမှားယွင်းနေတယ်တော့ မသိဘူး..။ သေချာတာတော့ အင်တာနက်ဆိုတာကြီး အရမ်းအရမ်းကိုလေးပင်နေတယ်ဆိုတာတော့ သေချာတယ်..။ တစ်ဆက်တည်း မေတ္တာပို့ထားတဲ့ eMail တစ်စောင်ဖတ်ရင်း အဲဒီတော့မှ ကိုယ်ကတိပေးထားတဲ့ ကိစ္စကို ပြန်အမှတ်ရတယ်..။ ဒီတစ်ချက်က မှတ်ဥာဏ်သိပ်မကောင်းတော့ဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သလိုပဲ..။
နေ့လယ်ပိုင်းလောက် သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာတယ်..။ သူနဲ့စကားပြောပြီး စဉ်းစားမိတာက ကင်မရာရောင်းပြီးရလာမယ့် ပိုက်ဆံဆိုတာ ကိုယ်လိုချင်တဲ့ကင်မရာရဲ့ အစွန်းထွက်လောက်တောင် မရှိဘူးဖြစ်နေတယ်..။ တော်တော်လေးကို တရားရမိတယ်..။ တကယ်ဆိုရင် ပိုက်ဆံဆိုတဲ့အရာက ကိုယ့်အတွက် အခက်ခဲဆုံးအရာဆိုတာ သိထားတာကြာလှပေမယ့် နှဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရလေတော့ အနိစ္စ ဒုက္ခ အနတ္တပေါ့လေ..။ ဘယ်တတ်နိုင်မလဲ..။ ကိုယ့်လက်ထဲမှာ ငွေသိန်းဆယ်ချီရှိရင် ဘာလုပ်မလဲ ကျွန်တော့်မေးရင် အင်း.. ကင်မရာနဲ့ ကင်မရာ ဆက်စပ်ပစ္စည်းတွေများ ဝယ်ဖြစ်မလားမဆိုနိုင်ဘူး ပြန်ဖြေဖြစ်မယ်..။ အဲဒါကို စီးပွားရေးသမား သူငယ်ချင်းက ပြောတယ်..။ အေး.. အဲဒါကြောင့် မင်းလက်ထဲ ပိုက်ဆံမနေတာတဲ့..။ မတတ်နိုင်..။ ခံစားချက်လေး နည်းနည်းပါးပါးမှ ဖိတ်စင်ကြည့်လို့ မရဘူးတဲ့လား..။
ကင်မရာသမားတစ်ယောက်မှာ ကင်မရာမရှိတော့တဲ့အချိန်အတွက် ဆာမူရိုင်းတစ်ယောက် သူ့ဓါးပျောက်နေသလိုပဲ မလုံခြုံသလို ခံစားရမယ် ထင်တယ်..။ ထင်တာပြောကြည့်တာပါ..။ ဟာတာတာနဲ့လေ..။
ဒီနေ့ ၁ နာရီ ရုံးဆင်းတာနဲ့ အစည်းအဝေးတစ်ခုထိုင်ရတယ်..။ အဲဒီအစီးအဝေးလေးက အိုင်တီသမားတွေ စုထားတာလေးပါ..။ သတင်းဆိုဒ်လေးတစ်ခု လုပ်ဖို့ အားယူနေကြတဲ့အထဲမယ် ကျွန်တော်ကတော့ ကျွန်တော်တတ်တဲ့ပညာလေး မတောက်တခေါက်နဲ့ အကူအညီတချို့ပေးနေတဲ့သူပေါ့..။ သူတို့နဲ့ပြောနေ ဆိုနေတုန်းမှာပဲ အလုပ်တစ်ခုပေါ်လာတယ်..။ ဒါနဲ့ အဲဒီအလုပ်တစ်ခုကို လိုက်လုပ်ရတယ်..။ ငွေလွှဲငွေပို့ကိစ္စရဲ့ အာမခံပြီးလုပ်ရတဲ့ အလုပ်တစ်ခုဟာ တာဝန်ကြီးတဲ့အပြင် ယုံကြည်စိတ်ချရမှုဆိုတာပါ အများကြီးပါတဲ့အကြောင်းကို လုပ်နေရင်းထိုင်စဉ်းစားနေမိတယ်..။ ကျွန်တော် ကုမ္ပဏီတစ်ခုမှာ လုပ်တုန်းက ငွေကြေးနဲ့ပတ်သက်တဲ့ လှည့်လည်မှုတွေကို ဂဏန်းတော်တော်ကြီးတဲ့အထိ ထိတွေ့ဖူးပါတယ်..။ ဒါပေမယ့် အလုပ်ဖြစ်နေတဲ့အပြင် အများနဲ့ တွဲလုပ်ရတာ ဖြစ်တဲ့အတွက် စိုးရိမ်စိတ် သိပ်မရှိပေမယ့် ဒီကိစ္စတော့ နည်းနည်းစိုးရိမ်မိတဲ့အတွက် Double check, Triple Check တွေဖြစ်ကုန်တယ်..။ တာဝန်ကြီးကြီးလုပ်ဖို့အတွက် အမြဲလိုလို လွဲတတ်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် သေချာစေချင်တာကြောင့်လည်း ပါပါတယ်..။ အဆင်ပြေချောမွေ့စွာ ပြီးသွားပေမယ့် နောက်ထပ် အလုပ်တစ်ခု ထပ်ပြေးရပြန်တယ်..။
စကားပြောဆိုပြီးတဲ့နောက် သူလည်း ပေါ့ပေါ့ပါးပါး ကိုယ်လည်းပေါ့ပေါ့ပါးပါး ညှိနှိုင်းဆောင်ရွက်မှုပြီးဆုံးသွားတဲ့ သကာလအထိ စကားကို ထိန်းပြောလိုက်.. သူဆိုလိုချင်တာကို ပုံဖော်ယူလိုက်.. ကိုယ်ပြောတာကို နားလည်သဘောပေါက်အောင် ဆွဲပြောလိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် ငါးမျှားနေတဲ့သူတစ်ယောက်လို ခံစားလာရတယ်..။ အမှန်ဆို ကိုယ်ရောသူရော ဒီ့ထက်ပွင့်လင်းသင့်ပါလျက် ယဉ်ကျေးမှုဆိုတဲ့ မျက်နှာဖုံးတွေကြောင့် မွမ်းကြပ်သလို ခံစားလာရတယ်..။
အလုပ်ကိစ္စတွေအဆင်ပြေချောမွေ့စာ ဆောင်ရွက်ပြီးစီးကြောင်း ဖုန်းဆက်ပြီး ရီပို့လုပ်တဲ့အခါမှ ဘယ်ပျောက်နေတာတုန်း.. နင့်လိုက်ဖမ်းနေရတာ ဆိုပြီး အော်သံနဲ့ အသံစွာစွာ စွာစွာကို နားထဲကြားရပြီးသကာလ ပင်ပန်းမှုတချို့တော့ လျော့သွားတယ်..။ ဟူး..။ အခုလည်း မေးလ်တစ်ခု စစ်လိုက်ရတာကနေ လုပ်စရာလေးတွေ ဇယားတွေအနေနဲ့ တချို့အချိန်တွေကို စတေးရတော့မယ်..။ အင်း..။ ဒါလည်း ကောင်းပါတယ်..။ လူဆိုတာ အမြဲ အလုပ်လုပ်နေရမှာပဲ မဟုတ်လား..။ တစ်ခုပြီးတစ်ခုပေါ့လေ..။ ဒီလိုနဲ့ ဒီလိုနဲ့ ကိုယ့်ရည်မှန်းချက်တွေကနေ ဝေးဝေးသွားမှာတော့ စိုးပါတယ်..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
1 comment | posted in Diary