Aug 31 2009

Mandalay News & Gossip

မန်းလေးမှာ မနေ့က မိုးတွေရွာချလိုက်တာ တချို့နေရာတွေ ပေါင်လည်လောက် ရေမြုပ်တယ်..။ ၂၆ ဘီလမ်းမပေါ်တောင် ကျုံးရေရှိတဲ့ဘက် ရေမြုပ်ပါတယ်..။ မိုးရေတော်တော်ပါပြီး ရွာချတာမျိုး ဒါနဲ့ဆို တစ်သက်လုံးမှာ ၂ ခေါက်ကြုံဖူးသွားတယ်..။ ဖြစ်ချင်တော့ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့အချိန်မှာ အလုပ်တစ်ခုနဲ့ အပြင်ရောက်နေတဲ့အချိန်လည်း ဖြစ်နေလေတော့ မိုးစဲတဲ့အထိ အချိန်ကြာကြာလည်း ထိုင်စောင့်မနေနိုင်တာနဲ့ မိုးရေချိုးရင်း သူငယ်ချင်းနဲ့အတူ ဆိုက်ကယ်နဲ့အပြင်ထွက်တော့မှ လမ်းတွေရေမြုပ်နေတာ သိရတော့တယ်။ ဆိုက်ကယ်ကို ခဲရာခဲဆစ် စီးယူရတယ်။ ရေများတဲ့လမ်းတွေ ကွေ့ပတ်မောင်းရင်း လမ်းတိုင်းလိုလို ရေတွေပြည့်နေတာကို သတိထားမိတယ်။ ၇၃ လမ်းပေါ်မှာရှိတဲ့ ဆိုင်တချို့ ရေ၀င်တဲ့အတွက် ဆိုင်တွေတောင်ပိတ်ထားတာတွေ့ရသေးတယ်။ ဒီလိုမိုးရွာတဲ့အချိန် မန်းသားများ လမ်းလည်ခေါင်ထွက်ပြီး မြန်မာ့အားကစား ဘယ်ဆီဘယ်ဝယ် လွှမ်းစေဖို့ရယ်မသိ အားထုတ်ကြိုးပမ်းနေသူတွေကို ရှောင်ရတာလည်း အလုပ်တစ်လုပ်ပေါ့။ မိုးရွာထဲမှာ ဆိုက်ကယ်ထွက်မစီးရတာ ကြာပြီဆိုတော့ အခုလို ထွက်စီးရတာလည်း ပျော်ဖို့ကောင်းပါတယ်။ တစ်ခုဆိုးတာက ဆိုက်ကယ်ခဏခဏ ထိုးရပ်တတ်တာကိုပါပဲ။

အဲဒီနေ့ နေ့လည်ပိုင်းလောက်က မိုးမရွာခင် ဘွေဆော်ဦး မိုးကြိုးပစ်ချလိုက်တာ CDMA (69 အစဖုန်းလိုင်း) တွေ ခေါ်မရ အော်မရ ဖြစ်ကုန်ပါတယ်။ ကြားရတဲ့သတင်းအရတော့ တိုင်မိုးကြိုးပွတ်သွားတယ် ဆိုပဲ။ ဒါပေမယ့် နောက်ထပ် ၂ နာရီလောက်ကြာတော့ လိုင်းတွေ ပြန်ရသွားတယ်လို့လည်း သိရပါတယ်။

ဖုန်းလိုင်းတွေအကြောင်းပြောနေတော့ GSM ကဒ်မချိုး ဖုန်းလိုင်းအတွက် ၁၈ ၀န်းကျင်လောက်နဲ့ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ ၀ယ်လိုအားရော ရောင်းလိုအားပါ မျှတနေတဲ့အတွက် တက်ရိပ်ရှိဖို့မမြင်သေးကြောင်းကို ဖုန်းဈေးကွက်ခန့်မှန်းသူတို့ရဲ့ လက်တို့သတင်းတချို့ကြောင့် သိရပါတယ်။

ထူးဆန်းတာလည်းမဟုတ် မထူးဆန်းတာလည်းဟုတ်တဲ့ သတင်းတစ်ပုဒ်လည်း ရှိပါသေးတယ်။ ထုံးစံအတိုင်း မြန်မာ့အင်တာနက် ကွန်နရှင်ဟာ လိပ်နဲ့အပြိုင်ကြဲတာကနေ အခုဆိုရင် ခရုနဲ့ပါ အပြိုင်ကြဲနေပြီဖြစ်ပါတယ်။ အင်တာနက်တွေ နှေးကွေးလွန်းတဲ့အတွက် ညီမင်းစံ အလုပ်မတွင်ဘူး ဖြစ်နေပါတယ်။ မိုးနတ်မင်းကြီး ထိုင်မနေနဲ့ ကြုံသလို မ စေ လို့အော်ဖို့တောင် အားမရှိတဲ့အနေအထားမှာ ရှိနေပါတယ်။ အင်တာနက်လိုင်းမကောင်းလို့ အလုပ်မပြီးဘူးဆိုပြီး ရုံးကိုပြောလည်း ကြာလို့အက်ကြောင်းထပ်တဲ့အတွက် ဘယ်ဘက်အောက်မျက်ခမ်းတွေ အလကားနေရင်းလှုပ်နေလို့ အားအားရှိတိုင်း မြန်မာတယ်လီပို့ကို စိတ်ထဲကနေသာ ကြိတ်ပြီး နာနာလေး သတိတရဖြစ်နေတော့တာပါပဲ။ သိပ်မသေချာလှတဲ့ သတင်းတစ်ခုက တယ်လီပို့ ရုံးချုပ်ကို ရတနာပုံတယ်လီပို့ကို ရွှေ့နေတယ်ဆိုတဲ့သတင်းပါပဲ။ သေချာရေရာအောင် ကြေငြာထားတာမဟုတ်တဲ့အပြင် လက်တို့သတင်းလေးဖြစ်တဲ့အတွက် ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့..။

VN:F [1.8.8_1072]
Rating: 4.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Aug 29 2009

Three Photos

မိန်းကလေးပုံတွေချည့်ပဲ ရိုက်တင်နေတယ် ထင်မှာစိုးလို့ ယောက်ျားလေးပုံတွေလည်း တင်ပေးလိုက်ပါတယ်။ ပုံထဲက သုံးကောင် အဲလေ သုံးယောက်က ချင်းတွင်းကောလိပ်က လျှပ်စစ်နဲ့ပတ်သက်လို့ အထူးပြုလေ့လာနေကြတဲ့ မဟာပညာကျော် သုံးပါး အဲလေ သုံးယောက်ဖြစ်ပါတယ်။ ရိုက်ပေးထားတာ နည်းနည်းကြာပါပြီ..။ အခုမှာ သူတို့ ဓါတ်ပုံတွေ လာတောင်းတာနဲ့ မထူးပါဘူး ဆိုပြီး အင်တာနက်ပေါ်ပါ တင်ပေးလိုက်တယ်။

မိုးပေါ်မှာ ဘာတွေရှိမလဲ ..။

Up to the SKY

Up to the SKY

မိန့်မိန့်ကြီးထိုင်နေကြည့်ရတာလည်း အရသာတစ်မျိုးရယ်..။ (ခုံပေါ်က မနည်းဆင်းခိုင်းရတယ်.. သြော်..)

On Chair

On Chair

ဒီလိုတောင်းဆိုကြည့်ဖူးလား..။ (ခပ်တည်တည်မနေတတ်တော့လည်း ရိုက်ရခက်တာပေါ့)

dsc_7373
Give me some strength !!!

ပုံတွေက ကျွန်တော်နှစ်သက်တဲ့ အရောင်တွေနည်းနည်း ကစားထားတာပါ..။ ဘာဘာ ညာညာ မစဉ်းစားဘဲ စိတ်ထဲပေါ်လာတဲ့အတိုင်းရိုက်ပြီး ကြိုက်တဲ့အရောင်တွေ ပြန်ချိန်ထားတာပါ။

VN:F [1.8.8_1072]
Rating: 8.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Aug 26 2009

Fake Door

ဒီပုံက အင်းဝသွားတုန်း ရိုက်ထားတဲ့ပုံပါပဲ။ အရောင်တွေ သဘောကျတာနဲ့ နည်းနည်း ကစားထားကြည့်တယ်။ အုတ်ကျောင်းတစ်ခုက မျက်နှာစာ တစ်ခုကို ရိုက်ထားတာပါ။ တံခါးပုံစံလုပ်ထားတာကို သဘောကျလို့ရယ် ကနုတ်ပန်းခက်လက်ရာတချို့ကို ကြိုက်လို့ရယ်ပါ။ အင်းဝက အနုပညာ လက်ရာတွေက တော်တော်အဖိုးတန်ပါတယ်။ Detail ရိုက်ထားပြီး upload လုပ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ကျွန်တော် အင်းဝကို ရောက်တာ နှစ်ခေါက်ရှိပေမယ့် အတွင်းဘက် ချောင်ကြိုချောင်ကြားတွေထိ ၀င်မရိုက်ဖူးသေးပါဘူး။ အခွင့်အရေးရရင်တော့လည်း ရိုက်ချင်ပါသေးတယ်။

dsc_5944

FAKE DOOR

VN:F [1.8.8_1072]
Rating: 9.0/10 (4 votes cast)
VN:F [1.8.8_1072]
Rating: -1 (from 1 vote)
  • Share/Bookmark

Aug 25 2009

ဘာရယ်တော့မဟုတ်ပါဘူး

ဘာရယ်တော့မဟုတ်ပါဘူး ဆိုတဲ့စကားက နေးတစ်ဝိုင်းတော်သားတွေ တစ်ယောက်နဲ့တစ်ယောက် စကားကိုတောင်ရောက် မြောက်ရောက် လျှောက်ပြောချင်ရင် သုံးတဲ့ စကားလုံးပါ။ အခုပြောမယ့်အကြောင်းက တကယ်လည်း ဘာရယ်တော့မဟုတ်ပါဘူး။ မှတ်ထားတာလေးပေါ့ဗျာ။ တစ်ရက် ကျွန်တော်အရေးကြီးတဲ့ php project လေးတစ်ခုကို အင်တာနက်ကနေ ကွန်ပျူတာပေါ် ဆွဲချပါတယ်။ 30 MB လောက်ရှိတဲ့ဆိုဒ်ကို ဆွဲချမိပါတယ် အခုလိုငံ့လင့်စောင့်စားဖို့အတွက် box ကလေးနဲ့ ပြပါတယ်။ အင်တာနက် ဘာကြောင့်နှေးလဲ မေးရင် အကုန်လုံးနှေးနေတာဆိုတဲ့ အဖြေကို မမေးဘဲ သိနေလေတော့ မမေးတော့ဘူး။ ရတာလေးနဲ့တင်းတိမ် သိတာလောက်နဲ့ကျေနပ် ပေးတာလောက်ပဲယူ ဆိုတဲ့မူလေးတော့ ပညာအနေနဲ့ ရလိုက်တာပေါ့ဗျာ။ Blood Diamond ထဲမှာ Leonardo ပြောတဲ့စကားက TIA လို့ ပြောတယ်။ အရှည်ကောက်က This is Africa ပေါ့..။ ဒီလိုပဲ ကျွန်တော်လည်း ပြောရချေတော့မယ်။ TIM. This is Myanmar လို့။ ဘာရယ်တော့မဟုတ်ပါဘူး..။

speed

မြန်ချက်

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Aug 20 2009

စာရေးဆရာ ကံချွန် ကွယ်လွန်

ဆရာကံချွန် ဒီနေ့ညနေ ၃ နာရီခွဲမှာ ကွယ်လွန်သွားပါတယ်။ ဆရာကံချွန်ရဲ့ ပန်းချီပြပွဲကို August 15 ကနေ 20 ရက်နေ့အထိ Oriental မှာ လုပ်နေတာဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးနေ့မှာပဲ ကွယ်လွန်သွားတာပါ။ မနက်ဖြန် မွန်းလွဲ ၂း၀၀ မှာ ကြာနီကန်သုသ၁န်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ သတင်းကြားရတော့ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာကံချွန်ကို ကျွန်တော်ငယ်ငယ်ကတည်းက သူ့ရဲ့စာပေတွေကနေ တဆင့် ရင်းနှီးခဲ့ပါတယ်။ တို့တော့မယ်တဲ့ဆိတ်တော့မယ် ဟာသတွေ ပန်းချီဆွဲနည်းစာအုပ်တွေကနေတဆင့် ရင်းနှီးခဲ့ပါတယ်။ ကောင်းကင်မှာ ကြယ်တစ်ပွင့် ထပ်လွင့်သွားပြန်ပြီ။

VN:F [1.8.8_1072]
Rating: 9.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark