May 27 2009

Photographer Friend

ဒီရက်ပိုင်းအတွင်း အတူသွား အတူစား အတူနေပြီး ဓါတ်ပုံတွေရိုက်ခဲ့တဲ့ ကျွန်တော့်ဆရာသမားတွေရဲ့ ပုံတွေပါ..။ သူတို့ တွေကို ချောင်းရိုက်ထားတာပါ..။ ကိုရဲလွင်ဦးကိုတော့ ကင်မရာ ဗိုက်မှာကပ်ပြီး တည့်တည့်ရိုက်ထားတာပါ..။ :P

ကိုသခင်ကြီးပါ..။

20090517-dsc_5763

ကိုမောင်လှပါ..။

20090517-dsc_5762

ကိုနိုင်နိုင်ထွန်း ဖြစ်ပါတယ်..။

20090517-dsc_5769

ကိုရဲလွင်ဦး..။

20090513-dsc_5281

VN:F [1.8.8_1072]
Rating: 1.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

May 27 2009

Real Education

ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက ပေါ်လစီမိန့်ခွန်းတစ်ခုမှာ အခုလိုပြောပါတယ်။ ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ လို့ ပြောတယ်။ အဲဒီမိန့်ခွန်းက ဗြိတိသျှလူထုရဲ့ သဘောထားနဲ့ တိုက်ဆိုင်သွားတဲ့အပြင် ပညာရှင်အသိုင်းအ၀ိုင်းကလည်း ထောက်ခံကြတယ်။ ပညာခေတ်ရဲ့ စံပြ၀န်ကြီးချုပ်လို့တောင် သူ့ကိုချီးကျူးစကား ဆိုကြပါတယ်။ အဲဒီမှာ စာအုပ်တစ်အုပ် ထွက်လာတယ်။ အဲဒီစာအုပ်က တိုနီဘလဲကိုသာမကဘူး ပေါ်လစီမိတ်ကာတွေပါ အတော်တုန်လှုပ်သွားတဲ့ စာအုပ်တစ်အုပ်ပါ။ စာရေးဆရာက ပညာရေးပါမောက္ခ ALISON WOLF ပါ။ ALISON WOLF က ပညာရေးနဲ့ စီးပွားရေးနဲ့ကို ချိတ်ဆက်ပြီး စဉ်းစားထားတာကနေ ပေါ်လာတဲ့ ပြဿနာတချို့ကို သုတေသနဖန်ပြားပေါ် တင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူပေးထားတဲ့ စာအုပ်နာမည်ကိုက အမေးသဘောပါနေပါတယ်။ DOES EDUCATION MATTER? ဆိုပဲ။ အဲဒီမှာ ပညာခေတ်ရဲ့ ပညာရေးကို ပြန်ပြီး review လုပ်ဖို့လိုလာပါတယ်။

KNOWLEDGE BUSINESS

၂၁ ရာစုက ပညာခေတ်ဖြစ်မယ်ဆိုတဲ့ အမြင်ကို ၂၀ရာစု အလယ်လောက်ကတည်းက တွင်ကျယ်လာပြီးသားပါ။ စက်မှုအရင်းရှင်စနစ် အကြပ်အတည်း၊ စီမံကိန်းစီးပွားရေးစနစ် အပြို၊ သတင်းနဲ့နည်းပညာတော်လှန်ရေး အရှိန်ရလာတာနဲ့အတူ ပညာခေတ်ဆိုတဲ့ ရုပ်လုံးတဖြည်းဖြည်းပေါ်လာခဲ့တယ်။ အသိပညာလုပ်ငန်းတွေ ရှေ့တန်းရောက်လာတာနဲ့အတူ ပညာစီးပွားရေးအသွင်ပြောင်းလာတယ်ဆိုပြီး ကောက်ချက်ချလာတယ်။ နောက်ဆုံး ဘောဂဗေဒပညာရှင်တွေကိုယ်တိုင်က ပညာကို အဓိကအကျဆုံး PRODUCTIVE RESOURCE အနေနဲ့ သတ်မှတ်လာကြတယ်။ အဲဒီမှာပဲ ပညာရေး ဆိုတဲ့အရာက စီးပွားရေးနဲ့ နိုင်ငံရေးပေါ်လစီတွေအတွက် နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့တယ်။ အဲဒီမှာ ပညာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေက မျှော်လင့်ချက် အကောင်းဆုံး စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာကြတယ်။ အမေရိကန် နိုင်ငံမှာရှိတဲ့ APOLO GROUP ဆိုရင် University of Phoenix လို အကြီးဆုံး Private University လိုမျိုးထူထောင်နိုင်တဲ့အထိ ခြေလှမ်းသွက်ခဲ့တယ်။ အဲဒီလုပ်ငန်းကနေပဲ တစ်နှစ်ကို ဒေါ်လာ ၁၀၈သန်းလောက် အမြတ်ထွက်တယ်ဆိုတာလည်း သိရတယ်။

ပညာရေးမှာ များများရင်းနှီးမြှုပ်နှံနိုင်လေလေ စီးပွားရေး နိုင်ငံရေးမှာ ပိုပြီးအောင်မြင်မှုရတယ် ဆိုတဲ့ လောဂျစ်ကို ပေါ်လစီမိတ်ကာတွေကြားမှာ အထူးရေပန်းစားလာခဲ့တယ်။ ပြဿနာတော်တော်များများကို ပညာနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်စိတ်ကူးတွေနဲ့ ပညာကို မဟာဗျူဟာအသုံးခံပစ္စည်းလို သဘောထားလာကြတယ်။ KNOWLEDGE IS POWER ဆိုတဲ့ စကားခေတ်စားလာတယ်။

ပညာရေးစနစ်ကို ဈေးကွက်တစ်ခုအနေနဲ့ လုပ်ကိုင်နေကြတာတို့ နိုင်ငံရေးအရ ပေါ်လစီပါဝါကစားတာတို့ကို သံသယနဲ့ စောင့်ကြည့်နေတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။

ဆိုတော့ ပညာရေးက လူ့အဖွဲ့အစီးတစ်ခုလုံးအတွက် အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်လာတာနဲ့အတူ လူတစ်ယောက်ခြင်းရဲ့ ဘ၀အာမခံချက်အတွက် မရှိမဖြစ်အခြေခံအနေနဲ့ ဖြစ်လာတယ်။ ကျောင်းကောင်းကောင်းမှာ ဘာသာရပ်ကောင်းကောင်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့ဆိုတာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်လာတယ်။ အဲဒီမှာ တစ်ခုပြောစရာ ရှိလာတာက ကျောင်းကောင်းကောင်းဆိုတာ ငွေအကုန်အကျအများဆုံးနဲ့ နာမည်အကြီးဆုံးကျောင်းကို ဆိုလိုတာ၊ ဘာသာရပ်ကောင်းကောင်းဆိုတာ လတ်တလော ဈေးကွက်မှာ ငွေဖြစ်အလွယ်ဆုံး ဘာသာရပ်ကို ဆိုလိုတာပါ။ ဒါ့အပြင် ပညာရေးဟာ အနာဂါတ်အဆင့်နေရာမှာ အာမခံချက်တစ်ခုလို ဖြစ်လာတယ်။ အဲဒီအတွက် နောင်ရေးကို ပူပင်တတ်တဲ့ မိဘတွေက သားသမီးတွေရဲ့ အနာဂတ်ကောင်းအောင် မူကြိုအဆင့်ကနေ တက္ကသိုလ်အဆင့်ရောက်တဲ့အထိ ပညာသင်ဖို့ တရစပ်မောင်းရတော့တယ်။

ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေက ကလေးတွေရဲ့ ငယ်ဘ၀တော့ ပျောက်ဆုံးသွားတယ်။ ဆယ်ကျော်သက် မတိုင်ခင်အရွယ်တွေဆိုရင် အပေါင်းအသင်းပျောက်ပြီး ကွန်ပျူတာနဲ့ နှစ်ပါးသွားနေရတယ်။ ကွန်ပျူတာရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်နေတဲ့ ပညာရှင်တွေက ကလေးတွေ အရွယ်မတိုင်ခင်မှာ မျက်စေ့မှုန်မယ်၊ အ၀လွန်မယ် စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးရှိလာမယ်။ အထီးကျန်ဆန်မယ်၊ သာမန်ကလေးတစ်ယောက်ရဲ့ အရည်အသွေးတွေ ချို့တဲ့မယ်၊ စတဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေရှိလာမယ်။ ဒါ့ကြောင့် ပညာခေတ်ရဲ့ အနာဂါတ် ဖန်တီးရှင်တွေက တစ်ကိုယ်တော် မှန်ကြောင် ဖက်တီးလေးတွေ ဖြစ်လာမယ်။

ဆယ်ကျော်သက်အရွယ်ရောက်လာတော့လည်း လူငယ်ဘ၀ရဲ့ ကြည်နူးရင်ခုန်စရာတွေမှာ မွေ့လျော်နိုင်ဖို့ မရှိတော့ဘူး။ ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေအောက်မှာပဲ အရွယ်ကို စတေးပစ်လိုက်ရတယ်။ ကိုယ့်မိတ်ဆွေ ကိုယ့်အပေါင်းအသင်းဆိုတဲ့ စိတ် မထားနိုင်တော့ဘဲ ပြိုင်ဘက်အနေနဲ့ သဘောထားလာကြတယ်။ အကျိုးဆက်က အတ္တကို ဗဟိုပြုတဲ့ လူငယ်တွေကို မွေးထုတ်လိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဆို လူငယ်တွေရဲ့ လူ့အဖွဲ့အစီးရဲ့ လိုအပ်တဲ့ SYNERGY (စုပေါင်းစွမ်းအင်) ကို ဖန်တီးနိုင်မလားဆိုတဲ့ မေးခွန်း ထုတ်ချင်စရာ ဖြစ်လာတယ်။

MECHANICAL UNIVERSITY

ပညာရေးကို စီးပွားရေးလုပ်ဖို့ မျှော်လင့်ချက်နဲ့ ချိတ်ဆက်ဖန်တီးခြင်းက ပညာရေးရဲ့ မူလရည်ရွယ်ချက်ကို သေးသိမ်သွားစေတယ်ဆိုတဲ့ အဆိုတွေလည်း ရှိပါတယ်။ ပညာရှင်တချို့ရဲ့ ထင်မြင်ယူဆချက်အရ သေးသိမ်သွားစေတာတင် မကဘူး ပညာရေးစနစ်ကို ပုံပျက်သွားနိုင်တယ်လို့ စိုးရိမ်မကင်းဖြစ်နေကြတယ်။ စီးပွားရေးမှာ ကိန်းဂဏန်းတွေ ညွှန်ကိန်းတွေပေါ်မှာ အားပြုနေရတော့ ပညာရေးလောကမှာပါ အဲဒီဂဏန်းတွေ အရိပ်ထိုးလာတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် ပညာတတ်အလုပ်သမားတွေ ဘယ်ရွေ့ဘယ်မျှ လိုတယ်ဆိုတဲ့ လျာထားချက်ကို ချိန်ပြီးတော့ တက္ကသိုလ်တစ်ခုက တစ်နှစ်ဘယ်လောက် မွေးထုတ်ရမယ် ဆိုတဲ့ စီမံချက်တွေ ရှိလာတယ်။ အရည်အတွက်ကို အားပြုလိုက်ရင် အရည်အသွေးပိုင်း နိမ့်ဆင်းသွားတယ်ဆိုတဲ့ တူရူချက်တွေ ရှိလာမှာပါပဲ။ လန်ဒန်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက လေ့လာမှုတစ်ခုလုပ်ပါတယ်။ ဗြိတိသျှတက္ကသိုလ်တွေက မွေးထုတ်လိုက်တဲ့ ဘွဲရတွေရဲ့ ပညာရည်က လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်း သိသိသာသာ ကျဆင်းသွားတယ်ဆိုပါတယ်။

အရည်အတွက်များများ မွေးထုတ်နိုင်ရေးဆိုတဲ့ ကိစ္စနဲ့အတူ ပြဿနာတွေလည်း တပြုံတမကြီးရှိနေပါသေးတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ တင်းကြပ်လာတယ်။ ပညာသင်စရိတ်တွေ မြင့်တက်လာတယ်။ တက္ကသိုလ်တွေ ကိုယ်တိုင်ကလည်း ငွေကြေးအကြပ်အတည်းတွေနဲ့ ကြုံလာတယ်။ ပိုအရေးကြီးတဲ့ အချက်က တက္ကသိုလ်တွေရဲ့ မူလကိုယ်ရည်ကိုယ်သွေး မှုန်ဝါးလာတယ်။ တကယ်တမ်းပြောကြစတမ်းဆိုရင် တက္ကသိုလ်ပညာရေးစနစ်ဆိုတာ အသေမဟုတ်ဘူး။ အတိတ်ကနေ သင်္ခန်းစာထုတ်ယူရေး သက်သက်တင် မဟုတ်ပါဘူး..။ အနာဂါတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုကို အားပေးတဲ့ သုတေသန ပညာရေးဖြစ်ပါတယ်။ အဲဒီအနေအထားကနေ တစ်စတစ်စ ဝေးလာခြင်းက တက္ကသိုလ်တစ်ခုအတွက် အရင်းအမြစ်ခန်းခြောက်လာခြင်း DRAINING RESOURCES လို့ ဝေဖန်ကြပါတယ်။

ဒီနေရာမှာ ပါမောက္ခ အယ်လစ်ဆန်ရဲ့ စကားတစ်ခွန်းကို ပြန်ညွှန်းလိုပါတယ်။ ကျွန်တော်တို့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှု၊ ကျင့်ဝတ်၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာပေါင်းစုံကနေ စနစ်တကျ ဖန်တီးခဲ့ကြတယ်။ ဒီနေ့ ကျွန်တော်တို့က ပညာရေးမှ ပညာရေးသက်သက်လုပ်နေရင် တာဝန်ကျေပါ့မလား။ လို့ မေးထားပါတယ်။ သူစိတ်ခေါ်လိုက်တဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှာ ပညာဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ဆန်းစစ်ဖို့ ဖြစ်လာတော့တယ်။

REAL EDUCATION

ပညာခေတ်၊ ပညာစီးပွား၊ ပညာအလုပ်သမား..။ လက်ရှိအခြေအနေမှာ ပညာဆိုတဲ့စကားက အကျယ်လောင်ဆုံး မြည်ဟည်းနေတယ်။ အခုတော့ အဲဒီပညာဆိုတာက ပညာစစ်ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြတယ်။ ဒီနေ့ အပြောများနေတဲ့ ပညာဆိုတာက သတင်းအချက်အလက်တွေကို အသုံးတည့်ရေးရှုထောင့်ကနေ အသွင်ပြောင်း ပုံဖော်လိုက်တဲ့ အသိပညာ ဒါမှမဟုတ် အတတ်ပညာမျှသာ ဖြစ်ပါတယ်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းကနေ ချဉ်းကပ်ထားတဲ့အတွက်ကြောင့် လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ဆေးတစ်ခုအနေနဲ့ မမျှော်လင့်သင့်ဘူး။ လတ်တလော အသုံးတည့်ပေမယ့် ရေရှည်အားကိုးအားထား လုပ်လို့ရချင်မှရမယ့် အရာတစ်ခု ဖြစ်နေတယ်။ ABSOLUTE VALUE မရှိပါဘူး။ RELATIVE VALUE ပဲရှိပါတယ်။ ဒါကြောင့် ပညာဆိုတာထက် သညာဆိုတဲ့စကားကိုပဲ သုံးရပါလိမ့်မယ်။

ဒါဆို တကယ့်ပညာအစစ် WISDOM ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ အဲဒီပညာအစစ်ဆိုတာ တစ်ပွဲထိုး မဟုတ်ဘူး။ လောကလုံး သဘောဆောင်နိုင်ရမယ်။ ရေရှည်ခံတဲ့ သဘောရှိရမယ်။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမယ်။ ဘက်ပေါင်းဆုံကနေ ချဉ်းကပ်နိုင်ရမယ်လို့ ညွှန်းဆိုလာကြတယ်။

အဲဒီဖွင့်ဆိုချက်တွေနဲ့အတူ လက်ရှိပညာရေးစနစ်ကို သုံးသပ်လာကြတယ်။ လက်ရှိအခြေအနေမှာ ပညာစနစ်ကို မဖန်တီးနိုင် သညာအဆင့်နဲ့ တန့်နေတယ်လို့ ဆိုကြပါတယ်။ တကယ့်ပညာအစစ်ကို ဦးတည်နိုင်ဖို့ဆိုရင် ဒီနေ့ ပညာရေးစနစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ လိုအပ်နေပြီလို့ ဆိုထားပါတယ်။

SOURCE : THE EDUCATION SHIBBOLETH
Ref : Education, Education Era & Challenger (KyawWin)

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

May 26 2009

Mobile Phone Games

I would like to share mobile JAVA Games for handphone user who interest in Games. Some games were tested by me and can support Nokia, Sony ericsson phones. I hope, I can share more in next.

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

May 26 2009

ထားခဲ့ဖူးသမျှ

တစ်ည..။ မယ်နန်းညီဖုန်းဆက်လာတယ်..။ ကိုမင်းစံ.. ခင်ဗျားတော့ ကျုပ် Tag ထားတယ်..။ ရှင်းပေတော့တဲ့..။ ဘာအကြောင်းလဲ မေးတော့ ထားခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေအကြောင်းတဲ့..။ မျက်ခွံနည်းနည်းအစ်သွားတယ်..။ ဘယ့်နှယ် ကိုယ်ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း အွန်လိုင်းမှာ ချရေးရမှာ နည်းနည်းတော့ လန့်တယ်..။ အမှန်တကယ်ဆို ကိုယ့်ဒိုင်ယာရီမှာတောင် ဒီကိစ္စတွေမရေးဘူး..။ မတော်လို့များ ကိုယ့်ချစ်သူ အဲဒါတွေ ဖတ်မိရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပေတော့..။ အဲဒါကို တဂျီဂျီလုပ်တာနဲ့ နားအေးပြီးရော အေးပါဟယ် လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမလား.. ဒါမှမဟုတ် သူ့ကိုပဲ အပြစ်တင်ရမလား.. ဒါမှမဟုတ် သူ့ကို Tag တဲ့ ဆရာသခင်တွေကိုပဲ အပြစ်တင်ရမလား ဆိုတာ စဥ်းစားလို့ မရဘူး..။

ကျွန်တော် စဥ်းစားတယ်..။ မေးစေ့လေး ပွတ်ခါ ပွတ်ခါနဲ့ပေါ့..။ အဲဒီမှာ ပုံပြင်လေးတစ်ပုဒ်ခေါင်းထဲရောက်လာတယ်..။ အဲဒီပုံပြင်ကို ဖတ်မိပြီး ပြုံးမိတယ်..။ အင်း..။ အားလုံးကိုလည်း ပြောပြချင်တော့ ပုံပြင်လေး နားထောင်ကြည့် အဲလေ ဖတ်ကြည့်ပေါ့နော..။

ရှေးတုန်းက တရုတ်ပြည်မှာ ဘုရင့်စာမေးပွဲတွေကို နိုင်ငံဝန်ထမ်း လုပ်လိုသူတွေ ဖြေကြရတယ်..။ မယုံရင် ပေါင်ချိန်ဇာတ်လမ်းတွဲတွေမှာ ပြန်ကြည့်ကြည့်နိုင်ပါတယ်..။ ရွာတစ်ရွာမှာ သူငယ်ချင်းသုံးယောက် ရှိသတဲ့..။ ဒီသူငယ်ချင်းသုံးယောက် ပညာအတူသင်ပြီး မြို့တက်လို့ စာမေးပွဲ သွားဖြေကြသတဲ့..။ စာမေးပွဲ ဖြေပြီး ပြန်အလာတော့ အပြန်လမ်းအတိုင်း တန်းတန်းမတ်မတ် ရွာမ၀င်ဘဲ ထုံးစံအတိုင်း ဝေ့ကြလေသတည်းပေါ့..။ တစ်နေရာရောက်တော့ ဗေဒင်သိပ်မှန်တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီကို ရောက်သွားသတဲ့..။ လူငယ်တွေပီပီ ဖြေထားတဲ့ စာမေးပွဲ result ကို ကြို out ချင်ကြတော့ ဘုန်းတော်ကြီးကို ၀င်တွေ့ကြသတဲ့..။ အသက်တော်တော်ကြီးပြီ ဖြစ်တဲ့ ဘုန်းတော်ကြီးလည်း လူငယ်သုံးယောက်ကို အေးအေးလူလူပဲ လက်ခံပြီး တွေ့စုံသတဲ့..။

လူငယ်သုံးယောက်က သူတို့ စာမေးပွဲဖြေထားကြောင်း..၊ သူတို့ အောင်မြင် မအောင်မြင် ဆိုတာကို သိလိုကြောင်း ပြောသတဲ့..။ ဘုန်းတော်ကြီးလည်း အိနြေ္ဒအပြည့်နဲ့ ပြောသတဲ့..။ သူပြတဲ့ နိမိတ်ကို အဓိပ္ပါယ်ကောက်ယူပါ..။ နှုတ်ကနေ မပြောဘူးလို့ ပြောသတဲ့..။ လူငယ်သုံးယောက်လည်း သဘောတူလိုက်ကြသတဲ့..။ ဘုန်းတော်ကြီးလည်း ပြောပြောဆိုဆိုနဲ့ပဲ လက်ညှိုးတစ်ချောင်း ထောင်ပြသတဲ့..။ လူငယ်သုံးယောက်လည်း ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမယ် မသိဘူးဖြစ်သွားတယ်..။ အဓိပ္ပါယ်ပြောဖို့ ပြောပေမယ့် စည်းကမ်းပြောထားပြီးသား ဖြစ်ပါတဲ့အတွက် သူတို့မှာ ဘာမှအတွန့်တက်နိုင်စွမ်း မရှိတာနဲ့ပဲ ခေါင်းကုတ်ပြီး လှည့်ပြန်သွားသတဲ့..။

ဒါကို အနားမှာရှိတဲ့ ကပ္ပိယကြီးတစ်ယောက်က ဒီအဖြစ်တွေအားလုံးကို မြင်သိကြားနေလေတော့ ဘုန်းတော်ကြီးကို သူမေးသတဲ့..။ အရှင်ဘုရား လက်ညှိုးတစ်ချောင်းထောင်တာ ဘာကိုဆိုလိုပါသလဲ ဘုရားပေါ့..။ ငါပြောထားသားပဲ.. အဓိပ္ပါယ်ကို ကိုယ့်ဖာသာကိုယ်ပဲ ကောက်လို့ဆိုပြီး မိန့်တယ်..။ ကပ္ပိယလည်း ဇွဲမလျှော့ဘူး ဘုန်းတော်ကြီးကို လျှောက်တယ်..။ နှစ်ယောက်ကျရင်ကော ဘုရား ဆိုတော့ အိမ်း တစ်ယောက် အောင်သပေါ့ကွာ တဲ့..။ နှစ်ယောက် အောင်ရင်ကော ဘုရား ဆိုတော့ အိမ်း တစ်ယောက်ကျသပေါ့ကွာတဲ့..။ ဒါဆို သုံးယောက်လုံး အောင်တယ်ဆိုရင်ကော ဘုရားဆိုတော့ ဒီတစ်ခါ သုံးယောက်လုံး တစ်ပြိုင်တည်း အောင်သပေါ့ကွာတဲ့..။ သုံးယောက်လုံး ကျတယ်ဆိုရင်ကော ဘုရားလို့ မေးတော့ ဒီတစ်ကြိမ် သုံးယောက်လုံး တစ်ပြိုင်တည်းကျသပေါ့ကွာတဲ့..။ ကပ္ပိယလည်း ပြုံးသတဲ့..။

ဟုတ်ကဲ့..။ ပုံပြင်ကတော့ ဒါပါပဲခင်ဗျာ..။ ကျွန်တော်လည်း မယ်နန်းညီကို ပြောပါမယ်..။ လက်ညှိုးတစ်ချောင်း ထောင်ထားပါတယ်..။ ဘာအဓိပ္ပါယ်ဆိုတာ ကိုယ့်ဟာကိုယ်သာ ကောက်ယူပေတော့ခင်ဗျာ..။ ကျွန်တော် လက်ညှိုးတစ်ချောင်း ထောင်ထားပါတယ်..။ ဘယ်လို အဓိပ္ပါယ်ကောက်မယ်ဆိုတာတော့ စာဖတ်သူပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ..။

VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

May 26 2009

Mandalay 150 years Night at KuThoTaw

မန္တလေးနှစ် ၁၅၀ ပြည့်ပွဲလုပ်တဲ့ညမှာ ကုသိုလ်တော်ဘုရားမှာ ဆီမီးပူဇော်ပွဲလေး လုပ်ပါတယ်..။ ဓါတ်ပုံအသင်းက လုပ်တယ်လို့ သိရပါတယ်..။ မန္တလေးနှစ်၁၅၀ ပြည့်ပွဲ အထိန်းအမှတ် ဖြစ်တဲ့အပြင် ဓါတ်ပုံအသင်းက ကမကထလုပ်တာဖြစ်တဲ့အတွက် ဓါတ်ပုံဆရာတော်တော်များများ အဲဒီမှာ တွေ့ရပါတယ်..။ ကျွန်တော်နဲ့ သိတဲ့သူ တစ်ယောက်မှမပါပါဘူး..။ ကျွန်တော်မှ ဓါတ်ပုံအသင်းကမှမဟုတ်တာကိုး..။

ဒီမီးထွန်းပွဲလေးကို ကျွန်တော်နဲ့ သူငယ်ချင်း နိုင်နိုင်ထွန်းနဲ့ နှစ်ယောက်သွားပြီး ရိုက်ခဲ့တာပါ..။ နိုင်နိုင်ထွန်းက စောစောရောက်ပြီး ကျွန်တော်က နောက်ကျပြီးမှ ရောက်တဲ့အတွက် ပုံတွေသိပ်မရလိုက်ပါဘူး..။ ဒီပုံလေးတွေကတော့ ကျွန်တော်ရလိုက်တဲ့ ပုံလေးတွေထဲက ကျွန်တော်နှစ်သက်မိတဲ့ တချို့ပုံလေးတွေဖြစ်ပါတယ်..။ ကင်မရာက model နိမ့်တော့ ရိုက်ရတာ သိပ်အဆင်မပြေလှပါဘူး..။ ဒါပေမယ့် ကြိုးစားပြီး ရိုက်ခဲ့တဲ့ ဒီပုံလေးတွေကို share လုပ်လိုက်ပါတယ်..။

20090514-dsc_56571

ဖယောင်းတိုင်မီးတွေ ငြိမ်းသွားတာကို လိုက်ထွန်းနေတဲ့ ကလေးလေးတစ်ယောက်ပါ..။ ဖယောင်းတိုင်တွေက ထွက်တဲ့ မီးအလင်းက သူ့ရဲ့ မျက်နှာလေးကို ဟပ်နေတယ်..။ ကျွန်တော် ဒီပုံလေးကို နည်းနည်း နှစ်သက်ပါတယ်..။

20090514-dsc_56631

ကိုရင်လေးတစ်ပါး မီးညှိနေတာလေးပါ..။

20090514-dsc_5673

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark