Apr 29 2009

Monk

ဒီပုံလေးကို ကျွန်တော် သူငယ်ချင်းတွေနဲ့ အပြင်သွားရင်း လမ်းမှာ ဆင်းရိုက်ဖြစ်လိုက်တာပါ..။ အကောင်းအဆိုး ဝေဖန်ပေးကြစေလိုပါတယ် ခင်ဗျာ။

monk

VN:F [1.8.8_1072]
Rating: 3.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 28 2009

28 April 2009

ဒီရက်ပိုင်းမှာ စိတ်ဒုက္ခအကြီးအကျယ်ရောက်ရမယ်လို့ ဘယ်နက္ခတ်မှာ ဘယ်လိုဂြိုဟ်ခွင်တွေ ကြီးစိုးနေတယ် မဆိုတတ်ဘူး။ သေချာတာကတော့ ကျွန်တော် စိတ်ဖိစီးမှုတွေ သိပ်များနေခဲ့ရတာပဲ။ ရုံးကို နည်းနည်းနောက်ကျပြီးမှ ရောက်တဲ့အကျင့်လည်း ပြင်လို့မရဘူး။ အင်တာနက် နှေးနေတာလည်း သောက်ရမ်းပဲ။ သူတို့ပြင်တယ်ဆိုတာ ဘယ်ဟာကို ပြင်တယ်မသိ။ ပြင်ပြီးပြီလားဆိုတာလည်း မသိ။ ခုထိ နှေးကွေး လေးလံလိုက်တာမှ ကျွန်တော် နိုင်ငံပြောင်းဖို့ စဉ်းစားမိတဲ့အထိပဲ။ အားတက်ဖွယ် မြန်မာ့အင်တာနက် ကွန်နရှင် ကြီးပေါ့ဗျာ။

ရေတော့လာပါတယ် ကြွက်မြီးတန်းလောက် ဆိုတဲ့ အဖြစ်က လှောင်သလို ခံစားရတယ်။ ဘယ့်နှယ် နည်းနည်းတွေးကြည့်လေ များများဒေါသထွက်လေ ဖြစ်လာတယ်။ ရုံးမှာ လက်ရှိ အင်တာနက်လိုင်း သုံးလိုင်း ရှိပါတယ်။ iPStar ရယ် Bagan Broadband ရယ် Bagan ADSL လိုင်းရယ် သုံးလိုင်း။ ကျွန်တော် သုံးမျိုးလုံး သုံးကြည့်တာ ဘယ်ဟာမှ မစွံပါဘူး။ ဒါ့ကြောင့် နည်းနည်းဒေါသထွက်စရာတော့ ကောင်းနေပြီ ထင်ပါတယ်။ ဒါ့အပြင် ပိတ်ဆို့ထားတာ သိပ်များလွန်းတယ်။ ဘာမှ သုံးစားလို့ မရတော့လောက်အောင်ပါပဲ။ ပိတ်ထားပုံကလည်း ဘက်မမျှပြန်ပါဘူး။ ပိတ်စို့ထားတယ် ဆိုတာ ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ ခုထိ တရားဝင် မရှင်းပါဘူး။

ကျွန်တော် mobile phone နဲ့ ပတ်သက်တဲ့ software လေးတွေ လိုက်ရှာတာတောင် bann ခံထားရတဲ့အတွက် အလုပ်လုပ်လို့မရပါဘူး။ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာလည်း မပါပါဘူး။ နိုင်ငံရေးလည်း မဟုတ်ပါဘူး။ free mail ဖွင့်လို့ရတဲ့ ဆိုဒ်လည်း မဟုတ်ပါဘူး။ ဒါ့အပြင် အမြန်နှုန်း ရပုံခြင်းကလည်း ဘက်မမျှပြန်ပါဘူး။ Red Link က Introduce လုပ်နေတဲ့ WiMax နည်းပညာအသုံးချတဲ့ Broadband မှာတော့ ကျွန်တော့်ဘက်မှာ ပိတ်ဆို့ထားတာတွေကို အဲဒီမှာ ပွင့်နေတယ်။ အမြန်နှုန်းကျပြန်တော့လည်း သူက ပိုမြန်နေပါတယ်။ ဘယ်လိုတွေကြောင့် အဲဒီလို ၀န်ဆောင်မှုတွေ မမျှမတ ဖြစ်နေရတယ်ဆိုတာ မသိပါဘူး။ ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ရှိနေတယ် ဆိုတာကိုလည်း နားမလည်တတ်အောင်ပါပဲ။ ပုံလေးတစ်ပုံ တင်ဖို့အရေး အကြိမ်ပေါင်းများစွာ ကြိုးစားရတယ်။ စာလေးတစ်ပုဒ် ရေးတင်ဖို့အရေး လက်ချောင်းလေးတွေ တိုဝင်သွားလောက်အောင် refresh လုပ်ရတယ်။

မရတာထက် ရနေတာလေး ပိုမကောင်းဘူးလား မေးရင် ဖြေတွေးတွေကို ကျွန်တော်လည်း တွေးတတ်ပါတယ်။ ဒါပေမယ့် လွန်လွန်းလာတယ် ထင်ပါတယ်။ လက်ရှိ သုံးနေတဲ့ Bagan Broadband လိုင်းလုံးဝ ကျသွားလို့ ဖုန်းဆက်ပြောရင် ကျွန်တော်တို့လည်း ကျနေပါတယ်ဗျာ ဆိုတဲ့ သူတို့ကိုတောင် ကိုယ်ချင်းစာပေးရမယ့် ဒီဇိုင်းမျိုး ပြောနေတာမျိုး ရပ်သင့်ပါတယ်။ အောက်ကလူ အထက်လက်ညှိုးထိုး အထက်ကလူ အပေါ် ရမယ်ရှာ နေတာတွေက ပြဿနာကို ဖြေရှင်းတာ မဟုတ်ပါဘူး။ လွှဲချတယ်ပဲ ခေါ်ပါတယ်။ ပြီးပြီးရော ပစ်ထားတတ်တဲ့ အကျင့်တွေ ဘယ်တော့လောက်ထိ ထားတော့မှာလဲ။ အင်တာနက်လိုင်း မရှိရင် အလုပ်အကိုင် ပျက်ပါတယ်။ ကျောင်းစာသင်ရတာ ပျက်ပါတယ်။ thesis လုပ်ရတာတွေ project လုပ်ရတာတွေပျက်ပါတယ်။ အရေးပေါ် ဖိုင်လေးတစ်ဖိုင် ပို့ချင်တာတောင် attachment တွဲမရ မေးလ်ဘောက်စ်လည်း ဖွင့်မရ။ တောင်းပန်ရ မျက်နှာပျက်ရနဲ့ ဒါတွေ ဘယ်လိုနည်းနဲ့ အလျော်ပေးနိုင်မလဲ မေးရင် ကျွန်တော့်ကို ရူးနေတယ်ပဲ ပြောပြီး ၀ိုင်းဟားမလား မဆိုတတ်ပါဘူး။

ကျွန်တော် သည်းခံနေတာ အတော်လေး ကြာပါပြီ။ ဒီနေ့ လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဒီနေ့ ဒိုင်ယာရီကတော့ စုတ်ပြတ်သပ်နေတဲ့ အင်တာနက်သုံးရတဲ့ နေ့တွေရဲ့ စုတ်ပြတ်သပ်နေတဲ့ ဖီလင်ပေါ့။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 28 2009

Canteen

ဦးပိန်တံတားပေါ် တက်တော့ အောက်ဘက်ဆီက စားသောက်ဆိုင်လေးကို မြင်ရတယ်..။ ဒီပုံက သိပ်အကောင်းကြီးတော့ မဟုတ်ဘူးပေါ့..။ ဒါပေမယ့် သစ်ပင်အုပ်အုပ်ရယ် စားပွဲခုံတန်း နီနီလေးရယ် ကြိမ်ခုံဝါ၀ါလေးတွေက ကြည့်ရတာ လှတယ်လို့ ထင်မိတယ်..။

canteen

VN:F [1.8.8_1072]
Rating: 1.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 28 2009

Roots

ဦးပိန်တံတားက မယ်ဇယ်တန်းဆီ သူငယ်ချင်းတွေနဲ့ ရောက်ပါတယ်..။ စားသောက်ဆိုင်မှာ ထိုင်ရင်း ဒီပုံလေး ရိုက်ဖြစ်သွားတယ်..။ ကျွန်တော် အမြစ်တွေကို သဘောကျတယ်..။ အပစ်တစ်ပင်ဖြစ်ဖို့ရှင်သန်ဖို့အတွက် သစ်ပင်ရဲ့ အစိတ်အပိုင်း အားလုံး အလုပ်လုပ်ကြရတယ်..။ ပင်စည်နဲ့ အမြစ်ရဲ့ ပံ့ပိုးမှုကိုလည်း ရယူရတယ်..။ ပုံနာမည်ကိုလည်း Roots လို့ပဲ ဒါကြောင့် ပေးဖြစ်လိုက်ပါတယ်..။

roots

VN:F [1.8.8_1072]
Rating: 9.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 25 2009

Starting blog with Wordpress

ဒီဘက်ခေတ်မှာ weblog လုပ်တာတွေ ခေတ်စားလာပါတယ်..။ အရင်က blogspot ရှိနေတော့ သင်တန်းတွေတောင် ရှိပါသေးတယ်..။ ဒါပေမယ့် အခုအခြေအနေမှာတော့ ပြည်တွင်းမှာ blogspot ကို ဘန်းထားပါတယ်..။ ဒီအတွက် ၀င်ကြည့်ရ ရေးသားရတာ အခက်အခဲတွေရှိပါတယ်..။ ဒါ့အပြင် blogger ဆိုတာလည်း blogspot မှာ စာရေးမှမဟုတ်ပါဘူး..။ ကျွန်တော်တို့တွေ ကိုယ်သိတဲ့ information တွေပဲဖြစ်ဖြစ် ကိုယ်တတ်ထားတဲ့ ပညာရပ်တွေကိုပဲဖြစ်ဖြစ် ကိုယ်ရေးချင်တဲ့စာတွေကိုပဲဖြစ်ဖြစ် sharing လုပ်ချင်လာပါတယ်..။ ဒီအတွက်ကြောင့် blog တွေ ခေတ်စားလာတာလည်းပါပါတယ်..။ ကိုယ်လည်း လေ့လာရင်း သူများကိုလည်း ချပြလေ့လာစေရင်းနဲ့ တပျော်တပါးကြီး information age ကို ဖြတ်သန်းကြရတာပေါ့..။

အခု ဘလော့ရေးချင်တဲ့သူတွေနဲ့ အဆင်ပြေတဲ့ လောလောဆယ်လည်း ဘန်းမထားသေးတဲ့ Wordpress ကို ဘယ်လိုလုပ်ရသလဲဆိုတာကို ရေးပေးချင်မိတယ်..။ wordpress က PHP နဲ့လုပ်ထားတာပါ..။ blogspot မှာ သုံးတဲ့ function တချို့ကိုလည်း ဒီမှာသုံးလို့ရပါတယ်..။ နောက်တစ်ချက် blogspot မှာရေးခဲ့စာတွေကိုလည်း ဒီဘက်ကို သယ်လာလို့ရပါတယ်..။ wordpress က ရိုးရှင်းတယ်..။ Template တစ်ခုပြောင်းချင်တယ်ဆိုဦး လွယ်လွယ်ကူကူ ကိုယ်ကြိုက်တာရွေး ကလစ်ခေါက်လိုက်ရုံပါပဲ..။ Install လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် ဟို့စ်တင်နဲ့ ဒိုမိန်းနဲ့ ရှိနေမှ အဆင်ပြေပါတယ်..။

သာမန် ဘလော့တစ်ခုကို ဖန်တီးရတာတော့ ပေါ့ပါးသလောက် ကိုယ်လိုချင်တာတွေ ထည့်ဖို့အတွက်ဆိုရင်တော့ အတော်လေး လက်ပေါက်ကပ်တတ်တာ ထုံးစံပါပဲ..။ အချိန်ပေးပြီး လေ့လာရင်း ညှိယူတယ်ဆိုရင်တော့ ကြာတော့လည်း အတွေ့အကြုံက သင်သွားတာပါပဲ..။

Step 1

ကဲ..။ ဘယ်လိုလုပ်သလဲ စ ရအောင်..။ ပထမဆုံး wordpress.com ကို သွားပါ။ Sing Up Now! မှာ click လုပ်ပါ။ Sing Up page ကို ရောက်သွားပါလိမ့်မယ်..။ အဲဒီမှာ Username (img 1), Password & Confirm (img 2), Email Address (img 3) တွေ မှန်အောင်ဖြည့်ပါ..။

21

(img 1)

32

(img 2)

41

(img 3)

နောက်တော့ Legal Floatsam မှာ Terms of service (img 4) ကို သဘောတူပါကြောင်း Check လုပ်ပေးပါ..။ Gimme a blog! (img 5) မှာ click လုပ်ပါ..။ ပုံမှန်အားဖြင့်တော့ ရွေးပြီးသား ဖြစ်နေတတ်ပါတယ်..။

51

(img 4)

11

ပြီးရင် Next မှာ click လုပ်ပါ။

Step 2

blog domain ကို ရွေးရပါတယ်..။ အနည်းဆုံး စာလုံးလေးလုံးပါဝင်ရပါမယ်..။ နာမည် ထပ်နေတယ်ဆိုရင်တော့ ပြန်လည်ရွေးချယ်ရပါမယ်..။ blog title ကို ကိုယ်နှစ်သက်တဲ့ Title တစ်ခုပေးပါ..။ Language မှာတော့ English ပဲ ထားပေးပါ..။ တကယ်လို့ ကျွန်တော်တို့ ဘလော့ကို search engine မှာရှာလို့တွေ့စေချင်တယ် ဆိုရင်တော့ Privacy မှာ On ထားပေးပါ..။ မလုပ်ချင်ရင် ဖြုတ်ထားလို့ရပါတယ်..။ ပြီးရင်တော့ Signup မှာ နှိပ်ပါ..။

Step 3

ဒီအဆင့်မှာတော့ Account Activate လုပ်ပေးရဖို့ပါ..။ ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ mail address ကို wordpress က စာလှမ်းပို့ထားပါလိမ့်မယ်..။ အဲဒီလင့်ခ်ကနေ activate လုပ်ပြီး ကျန်တဲ့ step တွေ ဆက်လုပ်ရမှာပါ..။

ဒါဆိုရင် ကိုယ့်နာမည်နဲ့ blog တစ်ခု wordpress.com မှာ ဖန်တီးပြီး ဖြစ်သွားပါပြီ..။

(ဆက်လက်ရေးသားပါဦးမယ်)

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark