Jan 30 2009

Brothers

bros

ရသတစ်ခုခု ရှာလို့တွေ့မယ် ယုံကြည်မိပါတယ်..။ ကျွန်တော့်ဆရာလီယို ကျွန်တော့်ကို ဒီပုံတွေ မတင်လို့ အော်နေတာ နည်းနည်းကြာပါပြီ..။ ကျွန်တော်လည်း တကယ်ကို မအားမလပ်ဖြစ်နေတာရယ် စိတ်သိပ်မကျန်းမာတာရယ်ကြောင့် ဘာမှ သိပ်မလုပ်ဖြစ်ဘူး ဖြစ်နေတယ်..။ ဒီနေ့တော့ အချိန်လေးနည်းနည်းရတာနဲ့ မရှိရှိတာလေး ရအောင်ရှာပြီး တင်ပေးလိုက်တယ်..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jan 26 2009

Food Photo – Seezar Bistro

Food

ကျွန်တော့်ဆရာသမားရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Seezar Bistro လုပ်ငန်းအတွက် အစားအသောက်တွေကို ကျွန်တော်တစ်ရက်တစ်မျိုး အလကားစားပြီးရိုက်ပေးထားတာပါ..။ ရှိတဲ့ lighting နဲ့ ရသလောက် ကြိုးစားရိုက်ထားရတော့ ပုံတွေသိပ်ကောင်းလှတယ် မဟုတ်ပါဘူး..။ ဒါပေမယ့် သဘောကျ ကျေနပ်စရာတော့ ကောင်းပါတယ်..။ ကြည့်ရင်စားချင်စိတ်ဖြစ်ပြီး သွားရည်ကျရင် နှိပ်စက်ရကျိုး နပ်တယ်လို့ သုံးသပ်မိပါကြောင်း..။ ဝေဖန်ပေးကြပါဦးဗျာ..။ ဒီပုံတွေကို picasa မှာ တင်ထားပါတယ်..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jan 26 2009

Ancient Burma

Ancient Burma

မနေ့က အိမ်မှာရှိတဲ့ ဗီဒိုကိုရှင်းပါတယ်..။ စာအုပ်ပုံလိုက်ကြီး မြင်မကောင်း ရှုမကောင်းဖြစ်နေတာရယ်ကြောင့် ရှင်းလင်းဖြစ်သွားပါတယ်..။ အဲဒီမှာ CD ချပ်တွေထွက်လာပါတယ်..။ ကျွန်တော် ပြန်ဖွင့်ကြည့်တော့ တချို့ကောင်းသေး.. တချို့ မကောင်းတော့ပါဘူး..။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကူးပေးထားတဲ့ CD တစ်ချပ်ထွက်လာတယ်..။ RW Disc နဲ့ ဘာlabel မှ တပ်မထားဘူး..။ ဒါနဲ့ ဖွင့်ကြည့်တော့ မြန်မာ့ရှေးဟောင်းပုံတွေဖြစ်နေတယ်..။ ဘယ်ကနေ ဘယ်လိုရောက်နေတာ မမှတ်မိပေမယ့် ကိုယ့်အိမ်မှာ သိမ်းထားရင် လုံခြုံမယ်မထင်ဘူး..။ ကြာရင် ပျက်သွားပျောက်သွားမယ်..။ ဒါနဲ့ပဲ အင်တာနက်က picasa မှာ တင်ထားလိုက်တယ်..။ ပုံအရေအတွက် ၉၅ ပုံရှိပါတယ်..။ 6 MB လောက်ရှိတယ်..။ ပုံတွေရဲ့ အရည်အသွေးမကောင်းလှပါဘူး..။ ဒါပေမယ့် ကြည့်လို့မြင်လို့တော့ ရတာနဲ့ပဲ ဒီပေါ်မှာ စုပြီးတင်ထားလိုက်တယ်..။ ရတဲ့အင်တာနက်ကလေး စိတ်ရှည်သည်းခံပြီး တင်ရတာ ကိုယ့်ကိုယ်ကိုယ် အတော်လေး ခန္တီစနဲ့ ပြည့်စုံတဲ့သူအဖြစ် သတ်မှတ်ချင်သလိုလိုတောင် ဖြစ်သွားတယ်..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jan 26 2009

Blurry Afternoon

blurry_afternoon

အလွန်တရာမှ စိတ်ရှုပ်ငြီးငွေ့ဖွယ်ကောင်းသော နေ့လည်ခင်းတစ်ခု ကျွန်ုပ်၏ရှေ့ဝယ် ဝေရီစွာ ကြွေကျလာခဲ့သည်..။

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Jan 25 2009

Today Poem

ဝဋ်လည်သူ

ရင်ခွင်ကို ပြေးဝင်လာမယ့်
ဒါးတစ်စင်းကို
စောင့်ကြိုနေသူ.. …။

ညီမင်းစံ

VN:F [1.8.8_1072]
Rating: 5.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark