Jul
30
2007
တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်..။ သူငယ်ချင်းဆိုတာ ကြီးမှခင်တဲ့ သူငယ်ချင်းပါ..။ ကျွန်တော်နဲ့သူနဲ့ ကွန်ပျူတာ သင်တန်းကျောင်းတစ်ခုမှာ အတူတက်ရင်း ခင်မင်လာခဲ့သူတွေပေါ့လေ..။ နောက်တော့ သူနဲ့ အတော်ကြာကွဲသွားတယ်..။ သူလည်း မိန်းမနဲ့ကလေးနဲ့ ဖြစ်သွားတယ်..။ သူက ကျွန်တော့်ထက် အသက်ကြီးတာပေါ့..။
သူနဲ့ပြန်တွေ့တော့ သူ့ရုံးမှာ သုံးနေတဲ့ကွန်ပျူတာအကြောင်း ပြောပြတယ်..။ Pentium II Celeron 1.0 GHz တဲ့ဗျာ..။ Memory 128 ကို Windows XP တင်ပြီးသုံးသတဲ့..။ DVD Writer ကလည်း တပ်ထားတယ်တဲ့..။ ကျွန်တော်က ပြတိုက်မပို့သေးဘူးလားလို့ မေးတော့.. ဟကောင်ရ.. ငါ့ရုံးက ဘော့စ်က အဲဒါကို နောက်ဆုံးထွက်တဲ့ Windows Vista ကို တင်သုံးဖို့လာပြောနေလို့ မနည်းပြန်ပြောလွှတ်လိုက်ရတယ်လို့ ပြောတယ်..။
ဟုတ်တာပေါ့..။ Windows Vista ရဲ့ Recommand Memory က 1GB ကိုး..။ ကျွန်တော်သူ့ကို ပြန်ပြောတယ်..။ မင်းဘော့စ်ကို ပြောလိုက် .. Windows Vista ကျွန်တော်စမ်းတင်ကြည့်တယ်ဗျာ..။ ဒါပေမယ့် ကျွန်တော်စက်ထဲကို Software Install လုပ်တဲ့အချိန်မှာ Message တစ်ခုပေးတယ်..။ ဘာလဲဆိုတော့ Windows ကို ဒီလိုတင်ဖို့ကြိုးစားတဲ့အတွက် မင်းရဲ့ဦးနှောက်ကို အရင် Upgrade လုပ်ပါဆိုတဲ့ Message ပဲလို့ ပြောလိုက်လို့ ကျွန်တော်သူ့ကို အကြံပေးလိုက်တယ်..။ သူလည်း ရယ်..။ ကျွန်တော်လည်း ရယ်ပေါ့လေ..။ အမှန်က ကျွန်တော်အဲဒါ ဟာသ တစ်ပုဒ်မှာဖတ်ဖူးတာပါ..။ သူ့ကိုနောက်ချင်လို့သာ နောက်လိုက်တာပါ..။
ဒီနေ့ဘက်ဆီမှာ ကွန်ပျူတာဈေးနှုန်းဟာ သိသိသာသာ တက်လာတယ်..။ ဒါ့အပြင် ကွန်ပျူတာပညာရပ်ရဲ့ ပြောင်းလဲမှုက ဖွံ့ဖြိုးစတိုင်းပြည်တွေကို chalance လုပ်လွန်းလာပါတယ်..။ ကွန်ပျူတာ ပညာရပ်ကို လေ့လာမယ့်သူတွေ လေ့လာနေတဲ့သူတွေ ကွန်ပျူတာပညာရပ်နဲ့ အလုပ်လုပ်ကိုင် အသက်မွေးဝမ်းကျောင်းနေတဲ့ သူတွေမှာ ငွေကြေးမမျှတမှုရဲ့ အခက်အခဲကို တွေ့ရတော့တာပဲ..။ ဒီနေ့ခေတ် ကွန်ပျူတာကို စိတ်တိုင်းကျ အကောင်းဆုံးဖြစ်အောင် သုံးချင်တယ်ဆိုရင် ၁၀ သိန်းဝန်းကျင် ရှိပါတယ်..။ ငွေ ၁၀သိန်းဟာ သာမာန်လူတစ်ယောက် ဘ၀ကို ပြောင်းနိုင်တဲ့ အင်အားဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် တချို့တချို့တွေရဲ့ အစွန်းထွက် အသုံးစရိတ်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်..။
ကွန်ပျူတာ ပညာရှင်တစ်ယောက် ဖွံ့ဖြိုးဆဲနိုင်ငံမှာ နေထိုင်လို့မရခြင်းရဲ့အကြောင်းအရင်း ပညာတတ်တွေ ပျံ့နှံ့ထွက်သွားခြင်းရဲ့အကြောင်းအရင်းက ဒါပါပဲ..။ နည်းပညာနောက် လိုက်ချင်တဲ့အတွက် နည်းပညာကို လေ့လာရတယ်..။ နောက်ထပ်အသစ်အသစ်ဖြစ်နေတဲ့ နည်းပညာကိုလည်း ဆက်တိုက်လုပ်ရတယ်..။ မလုပ်ရင်လည်း မဖြစ်..။ လုပ်ရင်လည်း အခက်..။ လူဟာကြားမှာ သိပ်ကိုညပ်ပိလာတယ်..။
ကမ္ဘာစစ် အတောအတွင်း စစ်ဘက်မှာ ကွန်ပျူတာသုံးရကောင်းမှန်း သိလာတယ်..။ နည်းပညာ ဆာလောင်မှုဟာ တရစပ်ဖြစ်တယ်..။ ၁၉၈၀ နောက်ပိုင်းခေတ်တွေရဲ့ နည်းပညာဆာလောင်မှု ဖန်တီးမှု အရှိန်အဟုန် မြင့်သည်ထက်မြင့်တက်လာတယ်..။ နောက်ဆုံး လူတွေ နည်းပညာကို ကြောက်ရွံ့မှုပါ ဖြစ်လာရတယ်..။ တစ်နည်းပြောရရင် Technomania ကနေ Technophobia ကို ပြောင်းတယ် ပြောရမယ် ထင်ပါရဲ့..။
ဘာရယ်မဟုတ်ဘူး..။ စဉ်းစားမိတာကို စကားမစပ် ပြောမိတာပါ..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
1 comment | posted in Thought
Jul
28
2007
(1)

(2)


(3)

(4)


VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
no comments | posted in Funny
Jul
28
2007
ဂျူး
ကျွန်မ၏ သစ်ပင်
စာမူခွင့်ပြုချက်အမှတ် – ၆၇၇/၉၆(၁၁)
မျက်နှာဖုံးခွင့်ပြုချက်အမှတ် – ၆၅၅/၉၆(၁၁)
မျက်နှာဖုံးပန်းချီ – ပိုပို
ပုံမှန်အားဖြင့် စာရေးဆရာမဂျူးရေးသော စာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိလှပါ။ လွန်ခဲ့သောစာအုပ် (စောင့်နေမယ်လို့ မပြောလိုက်ဘူး) ဆိုသော ၀တ္ထုမှစတင်ကာ စာရေးဆရာမဂျူး၏ စာအုပ်များကို တခုတ်တရလိုက်လံဖတ်ရှုမိသည်။ ခေတ်နှင့် စနစ်၊ လူငယ်သဘာဝနှင့် ဘ၀အခြေအနေ၊ ဘ၀အဆင့်အတန်း အနိမ့်အမြင့်၊ ပညာ၏ အမွှန်းကို ဂျူး၏၀တ္ထုတော်တော်များများတွင့် တွေ့ရသည်။
ယခုဖတ်ရသောစာအုပ်သည် ကျွန်တော်ကြိုက်သောစာအုပ်တစ်အုပ် ဖြစ်သည်။ ဂီတလောကို အခြေတည်ကာ ဇာတ်လမ်းကိုရေးသားထားသည်။ မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ရေးသားထားသည်မှာ ခေတ်ကာလ၏ အရိပ်ထင်ဟပ်နေသည်။ သို့သော် တချို့နေရာတွေ ကဲလွန်းသွားသည်။ ဆယ်ကျော်သက် သားတစ်ယောက် ဖခင်ကိုပြောသော ပြစ်တင်စွတ်စွဲချက်သည် ပြင်းထန်လွန်းလှသည်ဟု သုံးသပ်မိသည်။
ရော့ခ်ဂီတကို အရူးအမူးဖြစ်သော၊ “အုပ်စိုး” (ဇာတ်ကောင်)နှင့် သူငယ်ချင်းများ၏ တီးဝိုင်းအကြောင်း ရေးသည်။ မန္တလေးကို ကျောထောက်နောက်ခံထားကာ ရေးသားသော ဇာတ်လမ်းဖြစ်သည်။ ပညာမဲ့တစ်ယောက်အတွက် ငွေရှာရခက်ပုံကို ထင်းကနဲမြင်အောင် ပြထားသည်။ ဒီဘက်ခေတ် နိုင်ငံခြားဘာသာစကား၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား အရေးပါပုံကို ဖွဲ့ပြသည်။ မိတဆိုးသား ဇာတ်ကောင်သည် မိဘအိမ်မှ ခြေစုံကန်ထွက်ကာ ဖခင်က စာအုပ်အဟောင်း ရောင်း/၀ယ်ကာ ကျွေးမွေးစောင့်ရှောက်လာသည်ကို နှောင်းကြိုးအထင် ရုန်းထွက်၍ ရန်ကုန်မြို့တွင် အောက်ကျနောက်ကျခံ အလုပ်လုပ်ရင်း ကံတစ်ချက်ဟု ပြော၍ရနိုင်မည့် “ဒေါ်နီနီဇော်”ဖြင့်တွေ့ဆုံပြီး တဆင့်ပြီးတဆင့် မိမိဖြစ်ချင်သော အခြေအနေဖြစ်လာသည်ကို ရေးသည်။
ဂီတအကြောင်းကို အသားပေး ရေးသားထားသည်များ ပါဝင်နေသည်။ Copy နှင့် Owntune အကြောင်းကို ၀တ္ထု၏လေးငါးနေရာလောက်တွင် ရေးသားသည်ကို သတိထားမိသည်။ စာရေးဆရာမဂျူး ဖန်တီးသောဇာတ်ကောင်သည် Copy ကို မတတ်သာ၍ လက်ခံသီဆိုနေရပုံ ပေါ်အောင်ရေးထားသည်။ Owntune ကို အားသန်သန်ဖန်တီးဖို့အတွက် မီးမောင်းထိုးပြသည်။
ကံဆိုသောအရာမှာ လုပ်ယူ၍ရသောအရာတစ်ခုအဖြစ် ပြောသွားသော စကားလုံးကို သဘောကျမိသည်။ ယောက်ျားတစ်ယောက်၏ မာနလား မဟာပုရိသ ၀ါဒလား ယောက်ျားတစ်ယောက်ရင်ထဲတွင် ထားရှိပုံကို ရေးသည်။ အချစ်ဆိုသည့် အရာသည် တစ်ခါ တစ်ခါ မမြင်လိုက်ရ သတိမထားမိလိုက်သလို ဖြစ်နေတတ်သည်။ ရင်ဘတ်ဆီသို့ ငုံ့ကြည့်ဆင်ခြင်လိုက်ရာတွင် ကိုယ်ထင်သည်နှင့် ဖြစ်ပေါ်နေသည့်အရာ လွဲနေပြန်သည်ကို တွေ့ရသည်။
စာမျက်နှာ ၅၁၉ မျက်နှာပါဝင်သည်။ ၁၉၉၇ ဖေဖော်ဝါရီမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည်။
Credit to Ko ThaKhinGyi to borrow book for me.
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
3 comments | posted in Review
Jul
27
2007
A little boy died in Brazil after eating MENTOS and drinking Coca-Cola / PEPSI together. One year before the same accident happened with another boy in Brazil . Please check the experiment that has been done by mixing Coca-Cola (or Coca-Cola Light) with MENTOS . So be careful with your self eating MENTOS (POLO’s) and drinking COCA-COLA or PEPSI together.
CHECK THIS OUT…




VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
no comments | posted in News, Notes
Jul
27
2007
သဘောကျမိတာလေးပါ..။ မနေနိုင်မထိုင်နိုင် ကောက်တင်ပေးထားတာပါ..။ ကိုယ့်ချစ်သူက ကိုယ့်ကို ဒီလိုပြောရင် ဘယ်လိုနေပါလိမ့်နော်..။ ပိုင်ဆိုင်မှုရှိတဲ့ချစ်ခြင်းအတွက်သာ အဆင်ပြေကောင်း ပြေနိုင်မယ် ထင်ပါရဲ့ကွယ်..။ ကိုယ်တို့ယောက်ျားတွေ သတိထားစရာပါ..။ ချော်တော်ငေါ့ပြီး အပိုတွေအပြောကောင်းလို့ ပျိုမေသဘောကောင်းနဲ့တွေ့ရင်တော်သေးရဲ့ဗျာ..။ ဂလိုမှမဟုတ်ရင်.. ဂလိုအပြောခံရကိန်း ရှိသပါ့..။
VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
no comments | posted in Funny, Notes