Jun 7 2010

Temples

စန္ဒာမုနိ ဘုရားမှာ ရိုက်ခဲ့တဲ့ ပုံပါခင်ဗျ..။ Angle ကို တစောင်းယူထားတယ်..။ ဝေဖန်ပေးပါဦး..။

VN:F [1.8.8_1072]
Rating: 8.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 30 2010

On the Hill

အခန့်မသင့်ဘဲ လမ်းကြုံရိုက်ခဲ့ရတဲ့ မြင်ကွင်းလေးပေါ့..။ ကျနော် ကလောမှာ သိပ်အချိန်ကြာကြာမနေလိုက်ရပေမယ့် ပုံလေးတွေ တတ်နိုင်သလောက် မှတ်တမ်းတင်ဖြစ်ပါတယ်..။ ဒီပုံတွေရိုက်ထားတာ နှစ်နဲ့ချီပြီးတောင် ကြာလှပါပြီ..။ တလောဆီက စီဒီချပ်တွေထဲမှာ ပြန်တွေ့လို့ သဘောကျတာနဲ့ ပြန်တင်လိုက်တာပါ..။ ဝေဖန်ပေးကြပါဦးဗျာ..။

VN:F [1.8.8_1072]
Rating: 10.0/10 (4 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Apr 17 2010

Fourth Day of Mandalay Thingyan

အတက်နေ့ (သင်္ကြန်နောက်ဆုံးနေ့) မှာ သို့လော သို့လော အခြေအနေတွေ အများကြီး ဖြစ်ရပါတယ်..။ ရန်ကုန်မှာ ဗုံးကိစ္စအတွက် မန္တလေးက မဏ္ဍပ်တွေ အကြတ်နေ့ ညမှာ အစည်းအဝေးခေါ်ပြီး ပိတ်ဖို့ တိုက်တွန်းပါတယ်..။ တချို့ မဏ္ဍပ်တွေ ရေပိုက်တွေ ဖြုတ်လိုက်ပါတယ်..။ တချို့ ဖုန်းဆက်ပြီး မနက်ဖြန် လာမကြိုတော့ဖို့ ရေမပက်တော့ဘူး ဆိုတာ ပြောပါတယ်..။ မနက် ၂ နာရီလောက်မှ ပြန်ရပါတယ်..။ အဲဒီအခြေအနေထိ မဏ္ဍပ်ကို ဖွင့်မလား ပိတ်မလား ဆုံးဖြတ်ချက် မပြတ်ဘူး..။ နောက်ဆုံးနေ့ ကိုယ်က ပိတ်ရရင် လက်မှတ်တွေ ပြန်အမ်းရဖို့ရှိမယ်..။ စပွန်ဆာတွေနဲ့ စကားနည်းနည်းပြောရမယ်..။ စတဲ့ စတဲ့ ပြဿနာတွေရှိပါတယ်..။ တချို့လည်း မပိတ်ဘူး တချို့လည်း ပိတ်မယ်နဲ့ လူမညီ..။ အထူးသဖြင့် ရှယ်ယာတွေနဲ့ လုပ်တဲ့မဏ္ဍပ်တွေအတွက် တချို့က ဖွင့်ချင် တချို့ပိတ်ချင် ဖြစ်တဲ့အတွက် စကားပြောရတာတွေဖြစ်ကုန်ပါတယ်..။ ဒါက ပထမ သို့လော သို့လော အခြေအနေ..။

မနက်ခြောက်နာရီဝန်းကျင်လောက်မှာ လေပြင်းကျပါတယ်..။ လေပြင်းအားတော်တော်များပြီး မန္တလေး အရှေ့ဘက်မှာ အပျက်အစီးတွေ ရှိပါတယ်..။ မဏ္ဍပ်တချို့ ပျက်စီးပါတယ်..။ တချို့နောက်ခံဘုတ်တွေ ပျက်စီးကုန်ပါတယ.်.။ တချို့မဏ္ဍပ်တွေ အခြေအနေတော်တော်ဆိုးပါတယ်…။ ကျွန်တော် လက်ချည်းသက်သက် ထွက်ပြီး သူငယ်ချင်းတစ်ယောက်ကို သွားခေါ်နေရတဲ့ အချိန်ဖြစ်လို့ရယ် မဏ္ဍပ်တွေ ပိတ်မလား ဖွင့်မလား မသေချာတဲ့အတွက်ရယ်ကြောင့် ကင်မရာ ယူမသွားဖြစ်တဲ့အတွက် ဓါတ်ပုံတွေရိုက်ပြီး မတင်ဖြစ်ပါ..။ အဲဒီအတွက် တောင်းပန်ပါတယ်…။

မနက်ရှစ်နာရီကျော်တဲ့အချိန်ထိ ဆုံးဖြတ်ချက် မပြတ်သားသေးဘူး..။ တချို့မဏ္ဍပ်တွေ ဖွင့်မယ်.. ဆိုတာနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး မင်းတို့တွေလည်း ဖွင့်ကွာ ဆို ဖွင့်ခိုင်းရတယ်..။ ဟုတ်တယ်လေ..။ မြို့တော်ဝန်လည်း မဏ္ဍပ်ဖွင့်ဖို့ပြင်နေပြီ..။ လ.ပ.ခ လည်း ဖွင့်ဖို့ပြင်နေပြီ..။ ဒါဆို ဖွင့် ဆိုအကြံပေးပြီး ဖွင့်ခိုင်းရတယ်..။ အဲဒီတော့မှ အကြိုအပို့ကားတွေလွှတ်ပြီး ခေါ်ခိုင်းပါတယ်..။ ဆိုတော့ နောက်ဆုံးနေ့ မဏ္ဍပ်အဖွင့် နောက်ကျသွားပါတယ်..။

အဲဒီတော့မှ ကင်မရာပြန်ယူ.. ဓါတ်ပုံရိုက်ဖို့ပြင်ရပါတယ် ..။

ကားပေါ်က ကောင်မလေး သုံးယောက်…

လမ်းပေါ်မှာ

ကောင်မလေးလို့ ထင်လားဟင်..

ဒီလိုဒီဇိုင်းတွေ များတယ်..။

ဒါလည်း ဆံပင်ဒီဇိုင်းတစ်မျိုးပဲ..

ဂျစ်ကားပေါ်က ကောင်မလေး…

ရေပက်ခံကားပေါ်မှာ

မဏ္ဍပ်အောက်မှာ…

ဒါက ဒီဇိုင်းတစ်မျိုး.. (ကြိုးပျောက်ဗျား) :P

လှလှလေးဖြစ်အောင် ပြင်…

ရိုးရာ အကကလည်း ချစ်စရာကောင်းပါတယ်နော..

လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသူ တစ်ဦး..

သစ်ပင်ခွကြားကနေ အမှန်အကန် မီးသတ်ပိုက်နဲ့ ထိုး…

မဏ္ဍပ်အောက်…

ကားပေါ်မှာ  ငုတ်တုတ်…

လူတွေနားချင်နေပြီ.. စိတ်တွေ မနားနိုင်သေး… (ဒါ သင်္ကြန်နောက်ဆုံးနေ့)

သစ်ပင်ပေါ်ကနေ အမှန်အကန်…

ဝေလျှံ

မျက်လုံး တစ်လုံးတည်း ပါတဲ့ လူလား ?

အားလုံးမေ့ပြီး က …

အုတ်ကျစ်ကျော်အေး ဂန်းစတား အုပ်စု (ဘယ်ကနေညာ .. သူရိန်..  ဒီဂျေအုပ်.. ဒီဂျေကလင်း.. ခရန်ကီ.. ဖွေးဖွေး)

ရေတွေနဲ့ ပက်ဖြန်းလိုက်မယ်… လောကကြီးသို့ အေးစေ…

သင်္ကြန်နောက်ဆုံးနေ့ ညနေ …

မဏ္ဍပ်တွေနားမှာ လုံးခြုံရေးတွေ ချထားတဲ့အပြင် မဏ္ဍပ်ပေါ်ထိ မိုင်းရှာစက်တွေနဲ့ ရှာဖွေတာမျိုးတွေ လုပ်ပါသေးတယ်..။ အဲဒီလို တင်းကြပ်နေတဲ့အချိန် ဖြစ်နေလေတော့ ညနေပိုင်း ဖြစ်သွားတာ တစ်ခုက ရယ်ရခက် ငိုရခက်နဲ့ မနည်းကြီး ထိန်းယူလိုက်ရတာ ဖြစ်သွားပါသေးတယ်..။ ဖြစ်ပုံက ရေစက်မှာ တပ်ထားတဲ့ ပန်ကာကြိုးက ပူလွန်းလို့ ညှော်တာကနေ ထွက်လာတဲ့ ညှော်နံ့လည်း ရရော မဏ္ဍပ်ပေါ်က လူတွေအကုန်လုံးဆင်းပြေးတာ လုံခြုံရေးခေါ်ပြီး ဇွတ်ဆွဲထိန်းရတဲ့အပြင် အလိုက်မသိ စက်ကိုက်ဆရာက ဆောင်းဘောက်တွေ ပိတ်ချပစ်လိုက်တော့ အာပေါက်အောင် အော်ပြောဖြေရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောသွားတော့တာပဲ..။

အားလုံး မင်္ဂလာရှိသော နှစ်သစ်ပါခင်ဗျား..။ ကျွန်တော် အခုလို ပုံတွေ မျှဝေခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်..။ ဒီနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်..။ သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေခင်ဗျာ..။

VN:F [1.8.8_1072]
Rating: 8.5/10 (8 votes cast)
VN:F [1.8.8_1072]
Rating: +4 (from 4 votes)
  • Share/Bookmark

Apr 17 2010

Third Day of Mandalay Thingyan

အကြတ်နေ့ မန္တလေး သင်္ကြန်ပုံရိပ်တချို့ကို မျှဝေချင်ပါတယ်..။

ကဲ.. Get that man a Tiger! Cheers!

အမိုးဖွင့်ဂျစ်ကားနဲ့ သင်္ကြန်လည်တဲ့ ဖက်ရှင် မရိုးသေးဘူး..

ဈေးလေးနည်းနည်းကြီးလိုက်မိတာ ဘာဖြစ်လဲ… (ဈေးက အတော်ကြီးတာ.. အဲဒီ ရေသန့်ပုလင်း တစ်လုံး ၁၀၀၀ ကျပ်ဗျား.. ဘီယာတစ်လုံး ၃၀၀၀ ကျပ်ဗျား.. ကိုင်း)

အဝေးရောက်မြန်မာတွေအတွက်…

မဏ္ဍပ်ပေါ်မှာ…

မဏ္ဍပ်ပေါ်က စည်ပိုင်းပေါ်မှာ…

အဆိုတော် ထက်ထက်..

ဒီယံ.. (ရေလည် ဟဲ တယ်..)

က ဒီလို ဒီလို ဒီလို က..

အိုး.. ရင်ခွင်ထဲတိုး…

ပန့်ခ်ဒန့်စ်

ကားပေါ်မှာ က နေတဲ့ ကောင်မလေး… (ကြည့်သောသူ မြင်၏)

ကျုံးဘေးက မြောင်းထဲမှာ ရေတွေဆင်းကူးနေတဲ့ ချာတိတ်တွေ…

ဝမ်းစာ ဆိုတာ…

မျိုးဆက်သစ်..

ညနေခင်းအချိန်က အားကုန်လို့ ပြိုင်းတဲ့အချိန်ပေါ့..။

သင်္ကြန်အကြတ်နေ့ ဓါတ်ပုံတွေရိုက်နေတဲ့ အချိန်မှာ ရန်ကုန်သတင်း ဖုန်းဝင်လာပါတယ်..။ အဲဒီကိစ္စကို ရှုံ့ချပါတယ်..။ လူမဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ်ပါတယ်..။ အပြစ်မရှိတဲ့ လူတွေ သေကြကြေကြတဲ့ ကိစ္စကို စိတ်မကောင်း ဖြစ်မိပါတယ်..။

VN:F [1.8.8_1072]
Rating: 8.2/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Apr 15 2010

Second Day of Mandalay Thingyan

2010 သင်္ကြန်အကျနေ့ပေါ့ခင်ဗျာ..။ ကျွန်တော် အဲဒီနေ့ ဓါတ်ပုံရိုက်တာ အရင်းအနှီးအတော်များပါတယ်..။ နောက်ပြီး အကြိုနေ့က လမ်းလျှောက်ရတာရယ် တစ်နေရာကနေ တစ်နေရာ ကူးပြီး သူငယ်ချင်းတစ်ယောက် သွားခေါ်ရတာရယ်.. ရေက စိုလိုက်ခြောက်လိုက် ဖြစ် အပူရှပ်ပြီး အညောင်းကိုင်ချင် အားပြတ်ချင်သလိုဖြစ်ပြီး နောက်နေ့ ထ တောင် မထနိုင်လောက်အောင် ဖြစ်နေတာကို နောက်နေ့ ထပြီး ရိုက်နိုင် ပြေးနိုင်အောင် ကူညီပေးတဲ့ ဆရာသမားနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်..။ ကိုသခင်ကြီးနဲ့ ကိုမောင်လှပေါ့ဗျာ..။ စပါကလင်နဲ့ ကြက်ဥနဲ့ ဖျော်တိုက်လိုတိုက်.. ပါဝါနဲ့ ဆော်ဒါနဲ့ ရောတိုက်လိုတိုက်နဲ့ မဆိုးဘူး..။ ကျနော် အတော်လေး ပြေးနိုင်လွှားနိုင် ရိုက်နိုင်လိုက်တယ်..။ သူတို့နှစ်ယောက် ကျေးဇူးပေါ့ဗျား..။

၂၆ လမ်းနဲ့ ၇၅ လမ်းထောင့်ပေါ့ဗျား..။ ဆိုက်ကယ်တွေ လူတွေ ကားတွေနဲ့ ကြပ်နေလိုက်တာ ကျနော်တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်တာတောင် ခဲရာခဲဆစ်ပဲ..။ လီဗိုင်းတစ်ထည်တော့ ဒူးပြဲသွားတယ်..။ လမ်းအကူးမှာ ဆိုက်ကယ်နဲ့ ငြိလို့..။

ပန့်ခ်ဒီဇိုင်း..။

သင်္ကြန်သမီးပျိုလေး..

ဝမ်းဝေးလို့ ခေါ်သလား… (ကျွန်တော့်အစ်ကိုကြီး ကိုရဲလွင်ဦး ကို ဒီလိုဆံပင်မျိုး ထားစေချင်မိတယ်..။ အဟဲ)

ရေပက်ခံဖို့ ကားပေါ်မှာ စောင့်…

ရေစက်တွေနဲ့ ထိတွေ့ခိုက်ခဏ…

ကိုယ့်လို ဝါသနာအိုးလည်း ရှိသဗျ…

တချို့များ ဒီလို ဗီဒီယို ကင်မလာကြီးနဲ့တောင် ဆော်သဗျ…

ဒါက မဏ္ဍပ်အောက်မှာ ရေပက်ခံကားလေးနဲ့ လည်တဲ့သူတွေပေါ့ဗျာ..

ဒါက နောက်ထပ်ကားတစ်စင်းပေါ့ဗျာ..။

ဓါတ်ပုံရိုက်နေတာမြင်တော့ ကျနော့်ကို လာမေးတယ်..။ where are you come from တဲ့..။ ဟ ငါမြန်မာပါ လို့ ပြောတော့ ဟိုက်ရှားပါး.. ခင်ဗျား ဘာလာချောင်းတာတုန်းတဲ့..။ ဘာမှမချောင်းပါဘူး ငါဓါတ်ပုံလေး ရိုက်မလို့ဆိုတော့ ကျုပ်တို့လည်း ရိုက်ပေးဆိုပြီး ဂျီလာကျတဲ့ မန္တလေးသားတစ်စု..။ ကျွန်တော် မန္တလေးသူ မန္တလေးသားတွေကို ချစ်တယ်ဗျ..။ သူတို့မှာ ပွင့်လင်းတဲ့စိတ်အခံလေးတွေရှိတယ်..။ ပျော်ချင်သလို ပျော်ကြပေမယ့် သိတတ်တာလေးတွေ ကြုံဖူးထားတာကိုး..။ :)

လမ်းပေါ်က ရေတွေနဲ့ ဆော့နေတဲ့ကလေးတွေ..

သင်္ကြန်မှာ လျှောက်လည်နေကြတဲ့ မိသားစု…

ကျွန်တော် ဓါတ်ပုံရိုက်နေတာကို ရအောင် လိုက်ရှောင်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ညီ…

မျက်နှာဖုံးစွပ် တပ်ထားတော့ ဘယ်သူ ဘယ်လိုကဲနေမှန်း မသိတော့ဘူး..

ဒါ အဆိုတော် ထက်ထက်ပါ..။

ပလက်ဖောင်းကို ဒန်းလော့မှန်သူတွေ…

မရင်းတပ်သားများ လမ်းမှားရောက်လာလေသလားလို့…

အိုကေ..။ ဒါသင်္ကြန်အကျနေ့ပုံလေးတွေဖြစ်ပါတယ်..။ အကျနေ့ဟာ ကျွန်တော့်အတွက် တော်တော်ပင်ပန်းစရာ ဖြစ်သွားပါတယ်..။ ကိုဟဲလေးကို သွားကြိုရင်း လမ်းလွဲလိုလွဲ.. မဆူဇီနဲ့ ကိုယုန်လေးကို မဏ္ဍပ်တစ်ခုနဲ့ တစ်ခုအကူးမှာ ကိုယုန်လေးအကူအညီတောင်းလို့ လိုက်ပို့ပေးရ ကာပေးရ ကွယ်ပေးရတာတစ်မျိုး.. အမှတ်တွေ အများကြီး ပေးထားမိတဲ့ တော်တော်လေးစားမိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လုပ်ရပ်တွေက ဇဝေဇဝါ ဖြစ်မိပြီး စိတ်မကောင်းဖြစ်မိလိုဖြစ်မိ..။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့ဗျား..။

VN:F [1.8.8_1072]
Rating: 9.5/10 (6 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark