4th Day of Mdy Thingyan
သင်္ကြန်အတက်နေ့ ပုံရိပ်တွေ လုံးဝမကောင်းတဲ့ ကွန်နရှင်ကြားကနေ အခါခါ စိတ်ရှည်လက်ရှည် တင်ရပါတယ်..။ ကျွန်တော့်တစ်သက် ဒီလောက်ထိ လက်ပေါက်ကပ်တာ တစ်ခါမှ မလုပ်ဖူးဘူး..။ အတက်နေ့ ပုံရိပ်တွေကို မြင်ချင်ကြမှာပဲဆိုပြီး ဇွတ်မှိတ် ကြိုးစားနေရတယ်..။ နောက်ကျမှ တင်နိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်ဗျာ..။
ကျွန်တော်ပုံလေးတွေရိုက်ပြီး အခုလို share လုပ်တာ ကျွန်တော့်အနေနဲ့ ၀ါသနာပါလွန်းလို့ရယ် အပြင်မှာရောက်နေတဲ့ မြန်မာတွေ သင်္ကြန်နဲ့ ထိတွေ့စေချင်တာကြောင့် ကိုယ်ချင်းစာတဲ့အနေနဲ့ လုပ်ပါတယ်..။ မြန်မာ့သင်္ကြန်ဟာ ဘယ်လိုတွေဆိုတာကို ချပြချင်တာလည်း ပါပါတယ်.။ ဒီထဲမှာ တင်တဲ့ပုံတွေ တော်တော်များများ အကောင်းဆုံးနဲ့ စိတ်ကြိုက်လို့ ယူဆရတဲ့ ပုံတွေကိုပဲ ရွေးချယ်ပြီး တင်ပေးပါတယ်..။ ကျွန်တော့်မှာ တစ်ဦးတစ်ယောက်ကို နစ်နာစေလိုတဲ့ စိတ် မရှိပါဘူး..။ ပုံတွေကို ချပြချင်တာသက်သက်ပါပဲ..။ ဒီအတွက် အမှားအယွင်း ရှိကောင်းရှိနိုင်ပါတယ်..။ နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်..။ အတက်နေ့ပုံရိပ်တွေ ရှုစားကြတာပေါ့ဗျား..။
တစ်ဆက်တည်း ဘလော့ရောက်လာတဲ့ ညီအစ်ကို မောင်နှမတွေကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ.. ပျော်ရွှင်ပေါ့ပါးတဲ့ ဘ၀.. အေးချမ်းခိုင်မာတဲ့ဘ၀.. ခိုင်မာတဲ့ ပန်းတိုင်တွေ ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..။ Happy New Year ပါခင်ဗျာ..။
မန္တလေးပြသာဒ်နောက်ခံထားလို့ ရေကစားတဲ့ မဏ္ဍပ်
ငွေငန်းမြို့မ လာပြီလေ…
ဒီဆံပင်ကို သင်္ဘောဆေးသုံးပြီး ဆိုးထားတာ..။ နှစ်ဆန်းတစ်ရက်နေ့ဆို ခေါင်းတုန်းပေါ့..။
ဂျစ်ကားပေါ်က ရေပက်ခံမမ
ပုလင်းတူဗူးစို့
နေ့လည်စာ .. (လက်မှာ ကိုင်ထားတဲ့ ကြက်ဥကို မြင်မိလို့ပါဗျ.. ကြက်ဥပြုတ်သည်တွေလည်း အတော်အလုပ်ဖြစ်တယ်။)
လိဒ်ဂစ်တာသမားပါ .. ရတနာတိုင်းပြည်ဆောက်လုပ်ရေး မဏ္ဍပ်ကပါ.. ရှေ့က ကြိုးတန်း အတော်ဖျက်နေပေမယ့် သဘောကျတာနဲ့တင်လိုက်တာ.. ဒီဂျေသမားတွေကြားမှာ instrumental သမား သိပ်နည်းနေတယ်..။
မျက်နှာဖုံးနဲ့ လူတစ်ယောက်
က.. ဒီလိုဒီလို က .. .
တိုက်တိုက်ဆိုင်ဆိုင် အပြုံးတစ်ပွင်း ကင်မရာရှေ့မှာ ပွင့်နေတဲ့အချိန် ကျွန်တော့်လက်က ဖြတ်ခနဲ..
ရိုးရာသင်္ကြန်ကို အမွေပေးခြင်း…
မြန်မာလူငယ်တွေနဲ့ မစိမ်းတဲ့ ထုံးပေသီး.. (အလွမ်းပြေပေါ့)
ရဲကိုကို (မျက်မှန်ကြေငြာမဟုတ်)
ကားပေါ်မှာ က နေတဲ့ သူနှစ်ကို သဘောကျတယ်..။ အင်္ကျီရင်ဘတ်ပွင့်က ကျော်ဟိန်းခေတ်လား မသိ..။
ဒီလိုဆံပင်မျိုးဖြစ်အောင် မနည်းပဲ စိတ်ရှည်ရမယ်
ရွှေရောင်ဆံနွယ်တွေနဲ့ (R ဇာနည်ရဲ့ သီချင်း မဆီမဆိုင် သတိရမိတယ်..)
ဘယ်ကိုငေးလို့ဆွေး…
စောင့်စားတယ်ဆိုတာ ဒါမျိုးခေါ်တာ..။ မဏ္ဍပ်ကိုတိုးဖို့စောင့်ရင်း မုန့်စားနေတာမျိုး..။
မိန်းမနဲ့ အတော်ဆင်တူတဲ့ယောက်ျား.. ကားယားကြီး ဗိုင်းကောင်းကျောက်ဖိ နေတတ်တယ်..။
လောကကြီးနဲ့ ခေတ္တအဆက်အသွယ် ပြတ်နေသူတစ်ယောက်..
မဏ္ဍပ်ရှေ့ သစ်ပင်ပေါ်မှာ အမှန်အကန် အားပေးတဲ့လူ…
ဝေဖာစားရင် ရပ်ပါစတိုင်ပါတာပဲ…
သူငယ်ချင်း ဒီဂျေတောက်…
လည်ပင်းမှာ ကြောင်လျှာသီးနဲ့.. နှုတ်ခမ်းအောက်က ဖောက်ထားသေး.. ဘေးမှာ မြန်မာ ဘီယာ.. အိုဘာတဲ့ သင်္ကြန်..
အပြင်းအထန်ကို ပျော်ရွှင်ခုန်ပေါက်ပြီး က နေတဲ့ ကောင်မလေးတစ်ယောက်…
ခေါင်းလျှော်တဲ့သူလည်း ရှိသကိုး…
ဘုရားစူး မြန်မာဘီယာဗူးကို ရိုက်ပြတာပါဗျာ…
မြန်မာဘီယာပုလင်း လေထဲထောင်လို့… (မြန်မာဘီယာက ကျွန်တော့်ကို အနည်းနဲ့ အများတော့ စပွန်ဆာ ပေးသင့်နေပြီ.. ရိုက်လိုက်တိုင်း အဲဒါပါနေတယ်)
ဘယ်အသက်အရွယ်အတွက်မဆို သင်္ကြန်ဟာ နုပျိုနေတုန်းပါပဲ…
လူတွေနဲ့ သိပ်ကြပ်နေခဲ့တယ်..
ချာတိတ်ပုံစံက ခုပဲ ထရိုက်တော့မယ့် ဒီဇိုင်းနဲ့..
နှုတ်ဆက်လိုက်ပါတယ် ၂၀၀၉ သင်္ကြန်ရေ..။ နောက်နှစ်များမှာ အခွင့်ရှိရင် ရိုက်ပြီး တင်ပါဦးမယ်..။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..။
နှစ်ဟောင်း ကုန်သွားပြီး နှစ်သစ်ကို ရောက်ပါပြီ..။ ကျွန်တော် ၀ါသနာပါတဲ့ ဓါတ်ပုံရိုက်ရင်း အားလုံးအတွက် အခုလို share လုပ်ခွင့်ရတာ အတိုင်းမသိ ၀မ်းသာမိပါတယ်..။ ကျွန်တော့် ဘလော့ကို ၀င်ရောက်ကြည့်ရှုအားပေးတဲ့ မောင်နှမတွေကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်..။ နောင်လည်း ၀င်ရောက် လည်ပတ် ဝေဖန်ပေးပါဦးလို့ ကျွန်တော်က ဖိတ်ခေါ်ပါတယ်..။ အားလုံး ပျော်ရွှင်ကျန်းမာပါစေ..။


























































































