Apr 25 2008

Fifth Day

ကျွန်တော် အင်တာနက် ကွန်နရှင် မကောင်းတာရယ်.. အလုပ်တွေ မအားမလပ် ဖြစ်နေတာရယ်.. ခရီးလွန်နေတာတွေကြောင့် (ဆင်ခြေ ဆင်လက်တွေ တယ်များသကိုး..) နောက်ဆုံးနေ့ ပုံရိပ်တွေ မြည်းစမ်းပို့ တင်မပေးနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ် ခင်ဗျာ..။ ဒီနေ့တော့ မဖြစ်ဖြစ်အောင်.. (မဖြစ်နိုင်တာ ဖြစ်အောင်ကြိုးစားကြည့်ပြီး) တင်ထားတာပါ..။ မျှဝေ ခံစား ကြည့်ရှုပြီး ပီတိဖြစ်ပါစေတော့ဆိုတဲ့ စေတနာကြီး ရှေ့ထားပြီး အားအားလျားလျား လျှောက်ရိုက်ထားတာတွေကို ဟောဒီ ဒစ်ဂျစ်တယ်စာမျက်နှာပေါ် တင်ပေးလိုက်ရပါကြောင်း။ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ..။ (နောက်နှစ်တွေလည်း ဒီနှစ်ထက် ပိုလန်းပါစေ.. ဂွမ်းတာတွေ လျော့ပါစေလို့ပါ တစ်ခါတည်း ဆုတောင်းပေးကြဗျာ.. နော)

VN:F [1.8.8_1072]
Rating: 5.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 2 votes)
  • Share/Bookmark

Apr 15 2008

Fourth Day

လေးရက်တုန်းက ဓါတ်ပုံတွေ တင်ပေးချင်ပါတယ်..။ ဒုတိယ အကြတ်နေ့က မန္တလေး သင်္ကြန်ပုံတွေပေါ့လေ..။ ကျွန်တော် မနေ့က ဓါတ်ပုံအရိုက်ကောင်းတာ မူးပြီးမောင်းတဲ့ ဆိုက်ကယ်တစ်စီး ၀င်တိုက်တာ ခံလိုက်ရလို့ ခြေထောက်နည်းနည်းနာသွားပါတယ်..။ ဒါကြောင့် ဓါတ်ပုံတွေ လမ်းလျှောက်ပြီး သိပ်မရိုက်နိုင်ပါဘူး..။ ဆိုက်ကယ်နောက်က ထိုင်လိုက်ပြီး ရိုက်ရမှာ ဖြစ်လို့ သိပ်ပြီး မတင်နိုင်လောက်ပါဘူး..။ ဒါပေမယ့် သူငယ်ချင်းတွေအတွက် တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်..။ အားလုံး ပျော်ရင် ကျေနပ်ပါတယ်…။

Continue reading

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 15 2008

Third Day

ဘလော့ ပရိတ်သတ်ကြီး မင်္ဂလာပါ..။ (ဆိုင်းဆိုင်ခန်းဠိုင်သံဖြင့် ခပ်ဆင်ဆင်..) ကျွန်တော် ဒီနေ့တော့ ပထမ အကြတ်နေ့က ဓါတ်ပုံတချို့ တင်ပေးချင်ပါတယ်..။ ကျွန်တော် ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိပါမယ်..။ ဒါပေမယ့် မြန်မာပြည်နဲ့ဝေးနေတဲ့သူတွေအတွက်.. ရွှေမန္တလေးသင်္ကြန်နဲ့ ဝေးနေတဲ့ သူတွေအတွက်တော့ အလွမ်းပြေဖြစ်ချင် ဖြစ်ပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်ပါ.. ပျော်စေချင်တဲ့ ဆန္ဒနဲ့ပါ..။ ပျက်စေချင်တဲ့ ဆန္ဒ မပါရှိရိုး အမှန်ပါ..။ ခေတ်နဲ့ စနစ်နဲ့ အပြောင်းအလဲတွေကြားမှာ ထင်ဟပ်လာတဲ့ သင်္ကြန်သွင်ပြင်ဟာလည်း အပြောင်းအလဲတွေနဲ့ အရောင်စုံနေတာပါပဲ..။ ဒါကို သတင်းပုံရိပ်အနေနဲ့ရော အမှတ်တရအနေနဲ့ပါ ကျွန်တော် အပင်ပန်းခံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်..။ အားလုံး ခံစား ပျော်ရွှင်နိုင်ကြပါစေ.. လို့ ဆုတောင်းပါတယ်..။ မင်္ဂလာ နှစ်သစ်ဖြစ်ပါစေဗျာ..။

Continue reading

VN:F [1.8.8_1072]
Rating: 7.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: -1 (from 1 vote)
  • Share/Bookmark

Apr 13 2008

Second Day

သင်္ကြန်အကျနေ့ ပုံရိပ်တွေ ဖြစ်ပါတယ်..။ အဲဒီနေ့က ကျွန်တော် မဏ္ဍပ်နှစ်ခုပေါ် တက်ဖြစ်ခဲ့ပါတယ်..။ ပုံတော်တော်များများ ရပေမယ့် ကောင်းတဲ့ပုံ သိပ်မရလှပါဘူး..။ မန္တလေးသင်္ကြန်မှာ ပျင်းတာနဲ့ အပြင်ထွက်ပြီး ဓါတ်ပုံရိုက်ဖြစ်ပေမယ့် စိတ်တော့ သိပ်မပါလှဘူး ဖြစ်နေတာ ထူးခြားနေပါတယ်..။ ဒါပေမယ့် ပုံတွေကြည့်ပြီး ရင်ခုံပျော်ရွှင်နိုင်မယ့်လို့ ထင်ပါတယ်..။ လာရောက်လည်ပတ် ကြည့်ရှု့သူတွေ ကျေနပ်မယ်လို့တော့ ထင်ပါတယ်..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Apr 12 2008

First Day

မန္တလေးသင်္ကြန် အကြိုနေ့က ပုံရိပ်များ ဖြစ်ပါတယ်ခင်ဗျာ..။

Continue reading

VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark