May
29
2010

သူတို့အတွက် အိပ်မက်က ဘာလဲ..။ ငွေလား… ရွှေလား.. အိမ်တစ်လုံးလား.. ကျောတစ်ခင်းလား.. မေတ္တာတရားလား..။ ကျွန်တော် မသိ..။ ဒီကလေးလေး ကြီးလာရင် ဘာဖြစ်မလဲ..။ ကျွန်တော်မသိ..။ ဒီအမျိုးသမီး အိပ်နေတယ်ဆိုတာ ရင်ဆိုင်ဖို့အားမွေးတာလား.. အားပြတ်သွားလို့လား..။ ကျွန်တော်မသိ..။ အတိတ်ရဲ့ အရိပ်မဲလား.. အနာဂါတ်ရဲ့ မသေချာခြင်းတွေလား.. ကျွန်တော်မသိ..။ တံတိုင်းကြီးက ရင်ဖွင့်ထားရင်း ငုံ့ကြည့်နေတယ်…။ သူလည်း ဒဏ်ရာတွေ ဗရပွနဲ့..။ ကျွန်တော်… ….
VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
10 comments | posted in Documentary, Photography, Street Life
May
5
2010

ဦးပိန်တံတားမှာ ရိုက်ထားတာပါ..။
VN:F [1.8.8_1072]
Rating: 10.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
7 comments | posted in Documentary, Landscape, Photography, Street Life
May
4
2010
ဧရာဝတီဟာ တသွင်သွင် စီးမျောရင်း မန္တလေးဆိုတဲ့ မြို့ဘေးကနေ ဖြတ်သန်းသွားတယ်..။ ဟိုး မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်တွေဆီက စီးဆင်းလာတဲ့ သွေးကြောမကြီးက သန်းချီတဲ့ လူတွေရဲ့ မနက် ညနေ ည အချိန်တွေရဲ့ အချိန်ကာလနဲ့ အသက်ရှူသံတွေကို ထုဆစ်တယ်..။ တစ်နေရာစီ တစ်ဖက်စီ ဝေးနေလှမ်းနေပေမယ့် မြစ်ရေကြောကို ဖြတ်လို့ သွေးချင်းနီးခဲ့ရတဲ့ သာဓကတွေနဲ့ ရာဇဝင်ပေါင်းများစွာ ဧရာဝတီမှာ စီးပျော်ဝင်နေခဲ့တယ်..။

ဧရာဝတီ ဖြတ်သန်းခဲ့တဲ့ နေရာတွေထဲက အလည်ပိုင်းတစ်နေရာဖြစ်တဲ့ မြို့မန္တလေးလည်း အပါအဝင်ပဲပေါ့..။ ကမ်းနှဖူးပေါ်က စီရရီ ဘုရားတွေကို ရိုကျိုးဦးတိုက်နေတဲ့ ဧရာဝတီက ကျွန်တော့်အမြင်မှာ သိပ်ကို သိမ်မွေ့လွန်းနေတယ်..။

ဧရာဝတီကို တည်မှီပြီး ဖြစ်လာတဲ့ ဘုရားပွဲလေးတွေ ရှိတယ်..။ လောကဇာတ်ခုံမှာ ဧရာဝတီရဲ့ ကပြကွက်တွေအပြင် လူတွေရဲ့ သူ့နေရာနဲ့သူ ကပြမှုတွေကလည်း ကဗျာတစ်ပုဒ်နဲ့ ဆင်ဆင်တူနေတယ်..။ ဖုန်တွေ တလုံးလုံး ထနေတဲ့ မြစ်ကမ်းနှဖူးက ရွှေကြက်ယက်ဆိုတဲ့ ဘုရားပွဲလေးမှာ ရုန်းကန်နေတဲ့ လူတချို့ကို တွေ့မိတယ်..။ အိုးကောင်းတစ်လုံးရဖို့အတွက် နာနာရိုက်ရ မီးမြိုက်ရတာတွေ လုပ်ရတယ်..။ အိုးကောင်းဖြစ်ဖို့ အိုးသည်ရဲ့ ထိန်းကျောင်းမှု ကောင်းရသေးတယ်..။ လူ့လောကကြီးမှာလည်း ဒီအတွက် ပုံခိုင်းနှိုင်းပြီး ဆိုဆုံးမတတ်ပေမယ့် တကယ့်တကယ်တမ်း အထုအထောင်း အပူအလောင်တွေကြားက ထူသားပေသား ကျလာတဲ့ လူသားတစ်ယောက်အတွက် ရင်ဘတ်ထဲက ခံစားချက်နဲ့ ဦးနှောက်ထဲက အသိပညာရေကြည်က အသုံးချစရာအကောင်းဆုံးပဲ..။

ပွဲတော်က ပူလို့ထင်တယ် သိပ်မစည်ကားလှ..။ လူတွေတစ်ယောက် တစ်မျိုးစီ..။ အရောင်တွေကိုယ်စီ ဝတ်ထားတယ်..။ အပြုံးတွေ တပ်ထားတယ်..။ တချို့ မျက်လုံးတွေက ဝမ်းက ငတ်လို့ ငတ်ပြနေတယ်..။ တချို့ အိပ်မက်တွေ ချိန်ခွင်ထဲ ထည့်ချိန်ကြတယ်..။

ပြင်ပ ပူလောင်မှုကို ဘယ်လိုအရာတွေနဲ့ ဖြေသိမ့်မလဲ..။ အေးမြတဲ့ ရေကြည်တစ်ပေါက်က ကိုယ့်အတွက် အားတွေအင်တွေ ဖြစ်စေနိုင်မလား..။ ကျွန်တော် မသောက်ခဲ့ရပေမယ့် မြင်မိတဲ့ကျွန်တော့်အတွက်တော့ အေးမြမှုတွေ ဓါတ်ကူးလို့..။ အေးစေဖို့ ရောင်းတဲ့ သူ့အတွက်တော့ နွေပူပူက ဘာတွေပေးမလဲ..။ သူ့ရဲ့ အိမ်တွင်းရေးက ဘာတွေပေးမလဲ..။ သူ့ရဲ့ ဘဝက ဘာတွေပေးမလဲ..။ အဝါရောင်အိပ်မက်တွေအတွက် သူဘာတွေ ပြောပြနိုင်မလဲ..။

တောက်လောက်လွန်းတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် သစ်ရိပ်ဝါးရိပ်ကလေးတွေက တန်ဘိုးတစ်ခု ဖြစ်စေတယ်ဆိုရင် ဦးထုပ်တစ်လုံး တန်ဘိုးလည်း ဈေးနဲ့ ဖြတ်ဖို့ လွယ်မယ် မထင်မိတော့ပါ..။ ယပ်တစ်ချောင်းရဲ့ တန်ဘိုးကို ငွေနဲ့ ဖြတ်လို့ မလွယ်တော့ပါ..။ ကျွန်တော် ဦးထုပ်တစ်လုံးလောက် အသုံးဝင်ပါ့မလား..။ ယပ်တစ်ချောင်းလောက် အေးမြစေပါ့မလား..။ ကျွန်တော်မသိပါ..။ အဲလိုအရာတွေနဲ့ ခိုင်းနှိုင်းကြည့်ဖို့ လိုသလား မလိုသလားဆိုတာလည်း ကျွန်တော် မရှင်းတတ်ပါ..။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝက တခြားသူတစ်ယောက် ဒါမှမဟုတ် အများအတွက် ပူနေစေတယ်ဆိုဦးတော့..။ ကောင်းနိုင်ပါ့မလား..။

ပစ္စည်းတစ်ခုရဲ့ စတင်ခြင်းကို ဘယ်က စသလဲဆိုတာ စူးစမ်းလို့ ရနိုင်ပေမယ့် လူသားတစ်ယောက်ရဲ့ အစ ကို ဘယ်က စ နိုင်မလဲဆိုတဲ့မေးခွန်းက ဖြေရကြပ်စေပါတယ်..။ ယူငင်သုံးသပ်ပြတဲ့ ဘက်တွေ မတူသလို အစောင်စောင်သော ကျမ်းကြီးကျမ်းငယ်တွေ ချကာ ငြင်းလို့ လူသားကို လူသားခြင်း တန်ဘိုးဖြတ် မေးခွန်းထုတ် ဆန့်ထွက်တွေးယူလို့ ပူလောင်နေကြတယ်..။ လူသားတစ်ယောက် ဖြစ်လာဖို့အတွက် ပိုင်ဆိုင်မှု လေးခုပဲရှိတယ်..။ ကိုယ် စိတ် ဂုဏ် ပစ္စည်း တွေပဲ..။ လိုနေတာဖြည့်ရင်း ကျင်လည်ရာ ဘဝမှာ မှတ်တိုင်တွေ ဖြစ်ကုန်မယ် ထင်ပါရဲ့..။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အတွက် ဝမ်းစာရှာဖွေခြင်းဆိုတာ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်မယ် မြင်ရပေမယ့် ဘဝက ပေးတဲ့ သင်္ခန်းစာတွေက တစ်ခါတလေတော့ ဆေးခါးကြီးဆိုတာ မမေ့သင့်ဘူးလေ..။ ပညာတွေ မိုးလောက်တတ်ထားနိုင်ဦးတော့ တတ်ထားတဲ့ ပညာတွေ အသုံးမချနိုင် အသုံးချဖို့ အခွင့်မရနိုင်ရင် ကိုယ်တတ်မြောက်ထားခြင်း ဆိုတာ ဖြုန်းတီးပစ်ခြင်း တစ်မျိုးပဲ..။
နေပူပူ မြေပူပူပါ မိုးခါးရေအိပ်မက်က ကလေးတွေဘဝကို ဘယ်လောက်ထိ လှိုက်စားနေမလဲဆိုတာ.. ကျွန်တော် မတွေးတတ်ပါ..။ ဒါပေမယ့် ဖြေသိမ့်ရတယ်..။ အကြော်လေးတွေဖြစ်လာရင် သူ့အမော တချို့တစိတ်တော့ ပြေလောက်ရောပေါ့..။

ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရရင် လူတွေ ပျော်ကြသတဲ့..။ ရောင်းသူရောင်း ဝယ်သူဝယ် သောက်သူသောက် ပျော်သူပျော် ဆော့သူဆော့ ငေးသူငေး သူ့တရားနဲ့သူ စီရင်ထားတဲ့ ဇာတ်ထုပ်တစ်ခုမှာ ကျွန်တော်ဘယ်ထောင့်နားဆီမှာ ရှိနေပါလိမ့်..။ ကိုယ်တိုင် ကပြတဲ့ အော်ပရာ မဟုတ်လေတော့ ကျွန်တော် နေရာ ရ ပါ့မလားဆိုတာ တွေးနေစရာ လိုမယ်မထင်ပေမယ့် နေရာတစ်နေရာမှာ အလံတစ်ခုခု စိုက်ပြရင် ကြွေးကျော်ခွင့်ရဖို့ စောင့်စားရင်း အပြာရောင်ကောင်းကင်ပေါ်မှာ မီးခိုးငွေ့ဖြစ်သွားတဲ့ သူတွေအကြောင်း စာတမ်းတစ်စောင် ရေးစရာ လိုမယ်မထင်ပါဘူး..။

ဒီလိုနဲ့ ဒီလိုနဲ့..။
ကျွန်တော်တို့တွေ ဖူးကြ ပွင့်ကြ.. ကျွန်တော်တို့တွေ နွမ်းကြ ကြေကြ.. ကျွန်တော်တို့တွေ… ….။
—
ဧရာဝတီသို့..
VN:F [1.8.8_1072]
Rating: 10.0/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
13 comments | tags: Landscape, Life, Mandalay, Mandalay Photo, Myanmar, Myanmar Photo, Photography | posted in Documentary, Items, Landscape, Photo Essay, Photography, Story, Street Life
Apr
17
2010
အတက်နေ့ (သင်္ကြန်နောက်ဆုံးနေ့) မှာ သို့လော သို့လော အခြေအနေတွေ အများကြီး ဖြစ်ရပါတယ်..။ ရန်ကုန်မှာ ဗုံးကိစ္စအတွက် မန္တလေးက မဏ္ဍပ်တွေ အကြတ်နေ့ ညမှာ အစည်းအဝေးခေါ်ပြီး ပိတ်ဖို့ တိုက်တွန်းပါတယ်..။ တချို့ မဏ္ဍပ်တွေ ရေပိုက်တွေ ဖြုတ်လိုက်ပါတယ်..။ တချို့ ဖုန်းဆက်ပြီး မနက်ဖြန် လာမကြိုတော့ဖို့ ရေမပက်တော့ဘူး ဆိုတာ ပြောပါတယ်..။ မနက် ၂ နာရီလောက်မှ ပြန်ရပါတယ်..။ အဲဒီအခြေအနေထိ မဏ္ဍပ်ကို ဖွင့်မလား ပိတ်မလား ဆုံးဖြတ်ချက် မပြတ်ဘူး..။ နောက်ဆုံးနေ့ ကိုယ်က ပိတ်ရရင် လက်မှတ်တွေ ပြန်အမ်းရဖို့ရှိမယ်..။ စပွန်ဆာတွေနဲ့ စကားနည်းနည်းပြောရမယ်..။ စတဲ့ စတဲ့ ပြဿနာတွေရှိပါတယ်..။ တချို့လည်း မပိတ်ဘူး တချို့လည်း ပိတ်မယ်နဲ့ လူမညီ..။ အထူးသဖြင့် ရှယ်ယာတွေနဲ့ လုပ်တဲ့မဏ္ဍပ်တွေအတွက် တချို့က ဖွင့်ချင် တချို့ပိတ်ချင် ဖြစ်တဲ့အတွက် စကားပြောရတာတွေဖြစ်ကုန်ပါတယ်..။ ဒါက ပထမ သို့လော သို့လော အခြေအနေ..။
မနက်ခြောက်နာရီဝန်းကျင်လောက်မှာ လေပြင်းကျပါတယ်..။ လေပြင်းအားတော်တော်များပြီး မန္တလေး အရှေ့ဘက်မှာ အပျက်အစီးတွေ ရှိပါတယ်..။ မဏ္ဍပ်တချို့ ပျက်စီးပါတယ်..။ တချို့နောက်ခံဘုတ်တွေ ပျက်စီးကုန်ပါတယ.်.။ တချို့မဏ္ဍပ်တွေ အခြေအနေတော်တော်ဆိုးပါတယ်…။ ကျွန်တော် လက်ချည်းသက်သက် ထွက်ပြီး သူငယ်ချင်းတစ်ယောက်ကို သွားခေါ်နေရတဲ့ အချိန်ဖြစ်လို့ရယ် မဏ္ဍပ်တွေ ပိတ်မလား ဖွင့်မလား မသေချာတဲ့အတွက်ရယ်ကြောင့် ကင်မရာ ယူမသွားဖြစ်တဲ့အတွက် ဓါတ်ပုံတွေရိုက်ပြီး မတင်ဖြစ်ပါ..။ အဲဒီအတွက် တောင်းပန်ပါတယ်…။
မနက်ရှစ်နာရီကျော်တဲ့အချိန်ထိ ဆုံးဖြတ်ချက် မပြတ်သားသေးဘူး..။ တချို့မဏ္ဍပ်တွေ ဖွင့်မယ်.. ဆိုတာနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး မင်းတို့တွေလည်း ဖွင့်ကွာ ဆို ဖွင့်ခိုင်းရတယ်..။ ဟုတ်တယ်လေ..။ မြို့တော်ဝန်လည်း မဏ္ဍပ်ဖွင့်ဖို့ပြင်နေပြီ..။ လ.ပ.ခ လည်း ဖွင့်ဖို့ပြင်နေပြီ..။ ဒါဆို ဖွင့် ဆိုအကြံပေးပြီး ဖွင့်ခိုင်းရတယ်..။ အဲဒီတော့မှ အကြိုအပို့ကားတွေလွှတ်ပြီး ခေါ်ခိုင်းပါတယ်..။ ဆိုတော့ နောက်ဆုံးနေ့ မဏ္ဍပ်အဖွင့် နောက်ကျသွားပါတယ်..။
အဲဒီတော့မှ ကင်မရာပြန်ယူ.. ဓါတ်ပုံရိုက်ဖို့ပြင်ရပါတယ် ..။
ကားပေါ်က ကောင်မလေး သုံးယောက်…

လမ်းပေါ်မှာ

ကောင်မလေးလို့ ထင်လားဟင်..

ဒီလိုဒီဇိုင်းတွေ များတယ်..။

ဒါလည်း ဆံပင်ဒီဇိုင်းတစ်မျိုးပဲ..

ဂျစ်ကားပေါ်က ကောင်မလေး…

ရေပက်ခံကားပေါ်မှာ

မဏ္ဍပ်အောက်မှာ…

ဒါက ဒီဇိုင်းတစ်မျိုး.. (ကြိုးပျောက်ဗျား)

လှလှလေးဖြစ်အောင် ပြင်…

ရိုးရာ အကကလည်း ချစ်စရာကောင်းပါတယ်နော..

လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသူ တစ်ဦး..

သစ်ပင်ခွကြားကနေ အမှန်အကန် မီးသတ်ပိုက်နဲ့ ထိုး…

မဏ္ဍပ်အောက်…

ကားပေါ်မှာ ငုတ်တုတ်…

လူတွေနားချင်နေပြီ.. စိတ်တွေ မနားနိုင်သေး… (ဒါ သင်္ကြန်နောက်ဆုံးနေ့)

သစ်ပင်ပေါ်ကနေ အမှန်အကန်…

ဝေလျှံ

မျက်လုံး တစ်လုံးတည်း ပါတဲ့ လူလား ?

အားလုံးမေ့ပြီး က …

အုတ်ကျစ်ကျော်အေး ဂန်းစတား အုပ်စု (ဘယ်ကနေညာ .. သူရိန်.. ဒီဂျေအုပ်.. ဒီဂျေကလင်း.. ခရန်ကီ.. ဖွေးဖွေး)

ရေတွေနဲ့ ပက်ဖြန်းလိုက်မယ်… လောကကြီးသို့ အေးစေ…

သင်္ကြန်နောက်ဆုံးနေ့ ညနေ …

မဏ္ဍပ်တွေနားမှာ လုံးခြုံရေးတွေ ချထားတဲ့အပြင် မဏ္ဍပ်ပေါ်ထိ မိုင်းရှာစက်တွေနဲ့ ရှာဖွေတာမျိုးတွေ လုပ်ပါသေးတယ်..။ အဲဒီလို တင်းကြပ်နေတဲ့အချိန် ဖြစ်နေလေတော့ ညနေပိုင်း ဖြစ်သွားတာ တစ်ခုက ရယ်ရခက် ငိုရခက်နဲ့ မနည်းကြီး ထိန်းယူလိုက်ရတာ ဖြစ်သွားပါသေးတယ်..။ ဖြစ်ပုံက ရေစက်မှာ တပ်ထားတဲ့ ပန်ကာကြိုးက ပူလွန်းလို့ ညှော်တာကနေ ထွက်လာတဲ့ ညှော်နံ့လည်း ရရော မဏ္ဍပ်ပေါ်က လူတွေအကုန်လုံးဆင်းပြေးတာ လုံခြုံရေးခေါ်ပြီး ဇွတ်ဆွဲထိန်းရတဲ့အပြင် အလိုက်မသိ စက်ကိုက်ဆရာက ဆောင်းဘောက်တွေ ပိတ်ချပစ်လိုက်တော့ အာပေါက်အောင် အော်ပြောဖြေရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောသွားတော့တာပဲ..။
အားလုံး မင်္ဂလာရှိသော နှစ်သစ်ပါခင်ဗျား..။ ကျွန်တော် အခုလို ပုံတွေ မျှဝေခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်..။ ဒီနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်..။ သူငယ်ချင်းများအားလုံး ပျော်ရွှင်ပါစေခင်ဗျာ..။
VN:F [1.8.8_1072]
Rating: 8.5/10 (8 votes cast)
VN:F [1.8.8_1072]
Rating: +4 (from 4 votes)
9 comments | tags: Mandalay, Mandalay Photo, Mandalay Thingyan, Myanmar, Myanmar Photo, Photography | posted in 2010 Mdy Thingyan, Documentary, Photography, Potrait, Street Life, urban
Apr
15
2010
2010 သင်္ကြန်အကျနေ့ပေါ့ခင်ဗျာ..။ ကျွန်တော် အဲဒီနေ့ ဓါတ်ပုံရိုက်တာ အရင်းအနှီးအတော်များပါတယ်..။ နောက်ပြီး အကြိုနေ့က လမ်းလျှောက်ရတာရယ် တစ်နေရာကနေ တစ်နေရာ ကူးပြီး သူငယ်ချင်းတစ်ယောက် သွားခေါ်ရတာရယ်.. ရေက စိုလိုက်ခြောက်လိုက် ဖြစ် အပူရှပ်ပြီး အညောင်းကိုင်ချင် အားပြတ်ချင်သလိုဖြစ်ပြီး နောက်နေ့ ထ တောင် မထနိုင်လောက်အောင် ဖြစ်နေတာကို နောက်နေ့ ထပြီး ရိုက်နိုင် ပြေးနိုင်အောင် ကူညီပေးတဲ့ ဆရာသမားနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်..။ ကိုသခင်ကြီးနဲ့ ကိုမောင်လှပေါ့ဗျာ..။ စပါကလင်နဲ့ ကြက်ဥနဲ့ ဖျော်တိုက်လိုတိုက်.. ပါဝါနဲ့ ဆော်ဒါနဲ့ ရောတိုက်လိုတိုက်နဲ့ မဆိုးဘူး..။ ကျနော် အတော်လေး ပြေးနိုင်လွှားနိုင် ရိုက်နိုင်လိုက်တယ်..။ သူတို့နှစ်ယောက် ကျေးဇူးပေါ့ဗျား..။
၂၆ လမ်းနဲ့ ၇၅ လမ်းထောင့်ပေါ့ဗျား..။ ဆိုက်ကယ်တွေ လူတွေ ကားတွေနဲ့ ကြပ်နေလိုက်တာ ကျနော်တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်တာတောင် ခဲရာခဲဆစ်ပဲ..။ လီဗိုင်းတစ်ထည်တော့ ဒူးပြဲသွားတယ်..။ လမ်းအကူးမှာ ဆိုက်ကယ်နဲ့ ငြိလို့..။

ပန့်ခ်ဒီဇိုင်း..။

သင်္ကြန်သမီးပျိုလေး..

ဝမ်းဝေးလို့ ခေါ်သလား… (ကျွန်တော့်အစ်ကိုကြီး ကိုရဲလွင်ဦး ကို ဒီလိုဆံပင်မျိုး ထားစေချင်မိတယ်..။ အဟဲ)

ရေပက်ခံဖို့ ကားပေါ်မှာ စောင့်…

ရေစက်တွေနဲ့ ထိတွေ့ခိုက်ခဏ…

ကိုယ့်လို ဝါသနာအိုးလည်း ရှိသဗျ…

တချို့များ ဒီလို ဗီဒီယို ကင်မလာကြီးနဲ့တောင် ဆော်သဗျ…

ဒါက မဏ္ဍပ်အောက်မှာ ရေပက်ခံကားလေးနဲ့ လည်တဲ့သူတွေပေါ့ဗျာ..

ဒါက နောက်ထပ်ကားတစ်စင်းပေါ့ဗျာ..။

ဓါတ်ပုံရိုက်နေတာမြင်တော့ ကျနော့်ကို လာမေးတယ်..။ where are you come from တဲ့..။ ဟ ငါမြန်မာပါ လို့ ပြောတော့ ဟိုက်ရှားပါး.. ခင်ဗျား ဘာလာချောင်းတာတုန်းတဲ့..။ ဘာမှမချောင်းပါဘူး ငါဓါတ်ပုံလေး ရိုက်မလို့ဆိုတော့ ကျုပ်တို့လည်း ရိုက်ပေးဆိုပြီး ဂျီလာကျတဲ့ မန္တလေးသားတစ်စု..။ ကျွန်တော် မန္တလေးသူ မန္တလေးသားတွေကို ချစ်တယ်ဗျ..။ သူတို့မှာ ပွင့်လင်းတဲ့စိတ်အခံလေးတွေရှိတယ်..။ ပျော်ချင်သလို ပျော်ကြပေမယ့် သိတတ်တာလေးတွေ ကြုံဖူးထားတာကိုး..။

လမ်းပေါ်က ရေတွေနဲ့ ဆော့နေတဲ့ကလေးတွေ..

သင်္ကြန်မှာ လျှောက်လည်နေကြတဲ့ မိသားစု…

ကျွန်တော် ဓါတ်ပုံရိုက်နေတာကို ရအောင် လိုက်ရှောင်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ညီ…

မျက်နှာဖုံးစွပ် တပ်ထားတော့ ဘယ်သူ ဘယ်လိုကဲနေမှန်း မသိတော့ဘူး..

ဒါ အဆိုတော် ထက်ထက်ပါ..။

ပလက်ဖောင်းကို ဒန်းလော့မှန်သူတွေ…

မရင်းတပ်သားများ လမ်းမှားရောက်လာလေသလားလို့…

အိုကေ..။ ဒါသင်္ကြန်အကျနေ့ပုံလေးတွေဖြစ်ပါတယ်..။ အကျနေ့ဟာ ကျွန်တော့်အတွက် တော်တော်ပင်ပန်းစရာ ဖြစ်သွားပါတယ်..။ ကိုဟဲလေးကို သွားကြိုရင်း လမ်းလွဲလိုလွဲ.. မဆူဇီနဲ့ ကိုယုန်လေးကို မဏ္ဍပ်တစ်ခုနဲ့ တစ်ခုအကူးမှာ ကိုယုန်လေးအကူအညီတောင်းလို့ လိုက်ပို့ပေးရ ကာပေးရ ကွယ်ပေးရတာတစ်မျိုး.. အမှတ်တွေ အများကြီး ပေးထားမိတဲ့ တော်တော်လေးစားမိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လုပ်ရပ်တွေက ဇဝေဇဝါ ဖြစ်မိပြီး စိတ်မကောင်းဖြစ်မိလိုဖြစ်မိ..။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့ဗျား..။
VN:F [1.8.8_1072]
Rating: 9.5/10 (6 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
13 comments | tags: 2010 Mandalay Thingyan, Diary, Mandalay, Mandalay Photo, Mandalay Thingyan, Myanmar, Myanmar News, Myanmar Photo, Photography | posted in 2010 Mdy Thingyan, Documentary, Photography, Potrait, Street Life, urban