Apr
10
2010
Studio room ဆိုပဲ..။

just 4 funny!

iPad fitted into car dashboard.

Google ရဲ့ VOIP service သိပ်မကြာခင်လာတော့မယ် ဆိုပါတယ်..။ Skype လိုပဲ မိုဘိုင်းဖုန်းတွေကို Application သုံးပြီး နယ်ခြားမြေခြား ခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်..။ စီစဉ်နေတာ ကြာပြီဖြစ်ပေမယ့် အခုလောလောဆယ်တော့ တီထွင်မှုပိုင်းတွေပြီးလို့ စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်ပါတယ်…။ ဘယ်တော့မှ အသုံးပြုသူတွေလက်ဆီ အရောက်ပို့မယ်ဆိုတာတော့ ကျိန်းသေမပြောတတ်သေးဘူး ဆိုပါတယ်..။

Photo of the day တဲ့..။ Afghan မှာ ရိုက်ထားတဲ့ ပုံပါ..။

Flash နဲ့ ဆော့လို့ရတဲ့ Game.. စမ်းဆော့ကြည့်ပါလား..။
Tatto သမားတွေ စိတ်ဝင်စားမယ့် web site ပါ..။ အဲဒီဆိုဒ်မှာ ကိုယ်ကြိုက်တဲ့ Tatto ကိုရွေး..။ ကိုယ့် photo ကို upload လုပ်..။ ပြီးတော့ အဲဒီပုံနဲ့ ကိုယ့်ပုံမှာ ဘယ်နားထည့်ချင်သလဲ ရွေးထည့်ကြည့်တာတွေ လုပ်လို့ရတယ် ဆိုပါတယ်..။
VN:F [1.8.8_1072]
Rating: 8.0/10 (1 vote cast)
VN:F [1.8.8_1072]
no comments | tags: Fun, Google, News, Photo, Review, Technology News, Web site | posted in Funny, Java Games, Knowledge, News, Notes, Review, Thought, Tips, Tutorial
Mar
1
2010
အင်တာနက်လိုင်းတွေ ဘာကြောင့် တက်လိုက်ကျလိုက်နဲ့ နှေးနေသလဲဆိုတာ စဉ်းစားမိတယ်..။ ကျွန်တော်တစ်ယောက်တည်း နှေးသလား..။ ကျန်တဲ့သူတွေကောနှေးသလား..။ ဘယ် plan တွေမှာ ပိုနှေးပြီး ဘယ် plan တွေမှာ မြန်နေသလဲ..။ ဘယ် service provider က မြန်ပြီး ဘယ်ဟာက နှေးသလဲ..။ (လက်ရှိ မြန်မာမှာ ISP ဘယ်နှခုရှိသလဲ မသိပေမယ့် အင်တာနက်လိုင်းအားလုံးကို ရတနာပုံတယ်လီပို့က တိုက်ရိုက်ချုပ်ကိုင်လိုက်ပြီ..။) တစ်ခါတလေ အင်တာနက်သုံးရတာ တော်တော်မြန်ပြီး တစ်ခါတလေ နှေးနေတတ်ပြန်တယ်..။ မိနစ်ပိုင်းအတွင်း ဖြစ်တဲ့အတွက် gateway မှာ အတက်အကျဖြစ်တယ်လို့ စဉ်းစားမိတယ်..။ Gateway မှာ router ဘယ်နှလုံးရှိတယ်မသိပေမယ့် router တွေအတက်အကျကြောင့် ဖြစ်နိုင်တယ်..။ ဆိုတော့ router လို့ ဘာကြောင့်စဉ်းစားမိသလဲဆို server တွေသာဂေါက်တယ်ဆိုရင် ဒီလောက်ထိကြာအောင် မဖြစ်ဘူး..။ Teleport က technical team က ပြင်တာနဲ့ပြန်ကောင်းနေလောက်ပြီလို့ စဉ်းစားမိတယ်..။ ဒါကြောင့် router တွေကဖြစ်တယ်လို့ စဉ်းစားမိတယ်..။ Router ဆိုတာ Layer 3 technology သုံးပါတယ်.။ Network Layer ထိသိပါတယ်..။ Packet ခွဲ addressing လုပ်တဲ့အဆင့်ထိဖြစ်တဲ့ LLC MAC layer ကိုသိတဲ့ Layer 2 မှာ attack တစ်ခုခု ဖြစ်တယ်ဆိုရင် router အတက်အကျဖြစ်ပါတယ်..။ Layer two ကို virus attack ထိတာမျိုးတွေရှိပါတယ်..။ သာမာန် virus attack ဆိုရင် ဖြေရှင်းလို့ ရတဲ့နည်းလမ်းတွေ ရှိပေမယ့် hack attack ဖြစ်တယ်ဆိုရင်တော့ အချိန်ကြာကြာယူပြီး ပြင်ဆင်ရပါတယ်..။ IP တစ်နေရာကနေ attack လုပ်တာနဲ့ နေရာပေါင်းများစွာက attack လုပ်တာနဲ့ဆိုရင် နေရာပေါင်းများစွာကနေ Attack လုပ်တာက ဖော်ထုတ်ရ ခက်ပါတယ်..။ ဒါ့အပြင် IP block လုပ်ဖို့မလွယ်ပါဘူး..။ အကုန်လုံးလိုက်လုပ်နေရင် router ပိတ်ပြီး ထိုင်နေဖို့ပဲရှိတယ်..။ ဒီတော့ လုပ်သလောက် ခံနေရမလား..။ တခြားနည်းလမ်းမရှိဘူးလား..။ Gtalk နဲ့ G-Mail ကျဘာလို့ရသလဲဆိုတော့ satellite link ကြောင့် ဖြစ်မယ်ထင်ပါတယ်..။ ကဲ ရတနာပုံတယ်လီပို့ရေ..။ ဘာတွေများဖြစ်နေသလဲ မသိဘူး..။ သိတဲ့သူများ ပြောကြပါဦးခင်ဗျ..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
no comments | posted in Thought
Jul
30
2007
တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်..။ သူငယ်ချင်းဆိုတာ ကြီးမှခင်တဲ့ သူငယ်ချင်းပါ..။ ကျွန်တော်နဲ့သူနဲ့ ကွန်ပျူတာ သင်တန်းကျောင်းတစ်ခုမှာ အတူတက်ရင်း ခင်မင်လာခဲ့သူတွေပေါ့လေ..။ နောက်တော့ သူနဲ့ အတော်ကြာကွဲသွားတယ်..။ သူလည်း မိန်းမနဲ့ကလေးနဲ့ ဖြစ်သွားတယ်..။ သူက ကျွန်တော့်ထက် အသက်ကြီးတာပေါ့..။
သူနဲ့ပြန်တွေ့တော့ သူ့ရုံးမှာ သုံးနေတဲ့ကွန်ပျူတာအကြောင်း ပြောပြတယ်..။ Pentium II Celeron 1.0 GHz တဲ့ဗျာ..။ Memory 128 ကို Windows XP တင်ပြီးသုံးသတဲ့..။ DVD Writer ကလည်း တပ်ထားတယ်တဲ့..။ ကျွန်တော်က ပြတိုက်မပို့သေးဘူးလားလို့ မေးတော့.. ဟကောင်ရ.. ငါ့ရုံးက ဘော့စ်က အဲဒါကို နောက်ဆုံးထွက်တဲ့ Windows Vista ကို တင်သုံးဖို့လာပြောနေလို့ မနည်းပြန်ပြောလွှတ်လိုက်ရတယ်လို့ ပြောတယ်..။
ဟုတ်တာပေါ့..။ Windows Vista ရဲ့ Recommand Memory က 1GB ကိုး..။ ကျွန်တော်သူ့ကို ပြန်ပြောတယ်..။ မင်းဘော့စ်ကို ပြောလိုက် .. Windows Vista ကျွန်တော်စမ်းတင်ကြည့်တယ်ဗျာ..။ ဒါပေမယ့် ကျွန်တော်စက်ထဲကို Software Install လုပ်တဲ့အချိန်မှာ Message တစ်ခုပေးတယ်..။ ဘာလဲဆိုတော့ Windows ကို ဒီလိုတင်ဖို့ကြိုးစားတဲ့အတွက် မင်းရဲ့ဦးနှောက်ကို အရင် Upgrade လုပ်ပါဆိုတဲ့ Message ပဲလို့ ပြောလိုက်လို့ ကျွန်တော်သူ့ကို အကြံပေးလိုက်တယ်..။ သူလည်း ရယ်..။ ကျွန်တော်လည်း ရယ်ပေါ့လေ..။ အမှန်က ကျွန်တော်အဲဒါ ဟာသ တစ်ပုဒ်မှာဖတ်ဖူးတာပါ..။ သူ့ကိုနောက်ချင်လို့သာ နောက်လိုက်တာပါ..။
ဒီနေ့ဘက်ဆီမှာ ကွန်ပျူတာဈေးနှုန်းဟာ သိသိသာသာ တက်လာတယ်..။ ဒါ့အပြင် ကွန်ပျူတာပညာရပ်ရဲ့ ပြောင်းလဲမှုက ဖွံ့ဖြိုးစတိုင်းပြည်တွေကို chalance လုပ်လွန်းလာပါတယ်..။ ကွန်ပျူတာ ပညာရပ်ကို လေ့လာမယ့်သူတွေ လေ့လာနေတဲ့သူတွေ ကွန်ပျူတာပညာရပ်နဲ့ အလုပ်လုပ်ကိုင် အသက်မွေးဝမ်းကျောင်းနေတဲ့ သူတွေမှာ ငွေကြေးမမျှတမှုရဲ့ အခက်အခဲကို တွေ့ရတော့တာပဲ..။ ဒီနေ့ခေတ် ကွန်ပျူတာကို စိတ်တိုင်းကျ အကောင်းဆုံးဖြစ်အောင် သုံးချင်တယ်ဆိုရင် ၁၀ သိန်းဝန်းကျင် ရှိပါတယ်..။ ငွေ ၁၀သိန်းဟာ သာမာန်လူတစ်ယောက် ဘ၀ကို ပြောင်းနိုင်တဲ့ အင်အားဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် တချို့တချို့တွေရဲ့ အစွန်းထွက် အသုံးစရိတ်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်..။
ကွန်ပျူတာ ပညာရှင်တစ်ယောက် ဖွံ့ဖြိုးဆဲနိုင်ငံမှာ နေထိုင်လို့မရခြင်းရဲ့အကြောင်းအရင်း ပညာတတ်တွေ ပျံ့နှံ့ထွက်သွားခြင်းရဲ့အကြောင်းအရင်းက ဒါပါပဲ..။ နည်းပညာနောက် လိုက်ချင်တဲ့အတွက် နည်းပညာကို လေ့လာရတယ်..။ နောက်ထပ်အသစ်အသစ်ဖြစ်နေတဲ့ နည်းပညာကိုလည်း ဆက်တိုက်လုပ်ရတယ်..။ မလုပ်ရင်လည်း မဖြစ်..။ လုပ်ရင်လည်း အခက်..။ လူဟာကြားမှာ သိပ်ကိုညပ်ပိလာတယ်..။
ကမ္ဘာစစ် အတောအတွင်း စစ်ဘက်မှာ ကွန်ပျူတာသုံးရကောင်းမှန်း သိလာတယ်..။ နည်းပညာ ဆာလောင်မှုဟာ တရစပ်ဖြစ်တယ်..။ ၁၉၈၀ နောက်ပိုင်းခေတ်တွေရဲ့ နည်းပညာဆာလောင်မှု ဖန်တီးမှု အရှိန်အဟုန် မြင့်သည်ထက်မြင့်တက်လာတယ်..။ နောက်ဆုံး လူတွေ နည်းပညာကို ကြောက်ရွံ့မှုပါ ဖြစ်လာရတယ်..။ တစ်နည်းပြောရရင် Technomania ကနေ Technophobia ကို ပြောင်းတယ် ပြောရမယ် ထင်ပါရဲ့..။
ဘာရယ်မဟုတ်ဘူး..။ စဉ်းစားမိတာကို စကားမစပ် ပြောမိတာပါ..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
1 comment | posted in Thought