May 9 2010

တိုလီထွာလီ

စိတ်ကူးသိပ်ကောင်းတဲ့ Architect တစ်ယောက် ဖန်တီးထားတဲ့ အဆောက်အဦး ဒီဇိုင်းတစ်ခုပေါ့..။ ဒါက အတွင်းထဲကနေ ရိုက်ထားတာ..။

အပေါ်စီးကမြင်ရတဲ့ ပုံပါ..။

ဘရာဇီးလ်နိုင်ငံ လမ်းပေါ်မှာ ဆွဲထားတဲ့ ဂရပ်ဖစ်တီ ပုံတချို့ကိုလည်း မျှဝေချင်ပါတယ်..။ အယူအစနဲ့ စိတ်ကူးတချို့ မီးညှိချင်လို့ပါ..။

အသေးစိတ်ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်..။

လက်မှုအနုပညာမြောက်တဲ့ ပုံလေးတွေကိုလည်း မျှဝေချင်ပါတယ်..။

pikaland.com ဆိုတဲ့ web site ကလေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်..။

ဒီတစ်ပတ်တော့ ဒီမျှနဲ့ ကျေနပ်ပါခင်ဗျား..။

VN:F [1.8.8_1072]
Rating: 9.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Apr 24 2010

တိုလီထွာလီ

ဒီတစ်ပတ် ညီမင်းစံရဲ့ တိုလီထွာလီ အစီအစဉ်အရတော့ ဖတ်ခဲ့သမျှ သိခဲ့သမျှ ကြားခဲ့သမျှတွေထဲက ဖောက်သည်ချရမှာကတော့ ပထမဆုံး ကိစ္စက iPhone ဆိုတဲ့ ဖုန်းအမျိုးအစားနဲ့ ပတ်သက်တာလေးခင်ဗျ..။ သိတော်မူကြတဲ့အတိုင်း iPhone ကို ကမ္ဘာကျော် (ဆေးတိုက်မဟုတ်) Apple ကုမ္ပဏီက ထုတ်ခဲ့တာကိုး..။ အခုဆို 3GS ဆိုပြီး series update တောင် ထပ်ထွက်နေလိုက်သေးတယ်..။ Touch Screen phone လောကမှာတော့ iPhone က ဘုရင်တစ်စူပဲလို့ ဆိုရပါမယ်..။ ကျွန်တော် အခုပြောမှာ နည်းပညာအကြောင်း မဟုတ်ပါဘူးခင်ဗျာ..။ iPhone နဲ့ ပတ်သက်ပြီး survey တစ်ခု လုပ်ထားတာကနေ ရလာတဲ့ ကိစ္စလေးကို ပြောပြချင်ယုံသက်သက်ပါဗျား..။ အဲဒါတော့ တခြားမဟုတ်ပါဘူး..။ အမျိုးသမီး အယောက် ၁၅၀၀ ကို survey လုပ်ပါသတဲ့..။ သူတို့ရဲ့ ဖုန်းနံပါတ်ကို ဘယ် handset သုံးတဲ့သူတွေကို အများဆုံး ပေးသလဲဆိုတာမှာ ၅၄% ကျော်သော အမျိုးသမီးထုက iPhone ကိုင်တဲ့ ယောက်ျားတွေကို သူတို့ရဲ့ ဖုန်းနံပါတ်ပေးသတဲ့ဗျ..။ ဒါဆို iPhone ကိုင်တဲ့သူတွေ တယ်လည်း မျက်နှာပွင့်တယ်ပဲ ဆိုရတော့မယ် ထင်ပါရဲ့..။ ကိုင်း.. ဘယ့်နှယ်ရှိစ..။

အိပ်တယ်ဆိုတာ ပုံမှန်အနားယူခြင်းလို့ သတ်မှတ်ထားတာပါပဲ..။ တစ်နေကုန် တညနေလုံး အလုပ်တွေလုပ် အပြင်တွေသွား စကားတွေပြော ပြေးလွှားလှုပ်ရှား စားသောက် ရုန်းကန်နေလိုက်တာ နေဝင်ညရောက်မှ စက်တော်ခေါ်ရင်းကနေ ခန္ဒာကိုယ်ကြီး အနားပေးရတော့တယ်..။ အဲလို အနားပေးလိုက်တော့မှ နောက်နေ့တွေ လန်းဆန်း တက်ကြွပြီး လုပ်နိုင်ကိုင်နိုင် လှုပ်နိုင်ရှားနိုင်သကိုးဗျ..။ အခုပြောမှာ နေ့ခင်းနေ့လည်း တစ်မှေးအိပ်တတ်တဲ့ သူများအတွက်ပါခင်ဗျ..။ အဲဒါ သိပ်ကောင်းတယ်ဆိုပဲ..။ ကိုယ့်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး မြှင့်တင်ရာ ရောက်တယ်ဆိုပဲ..။ ဒါကို တွေ့ထားတာ သိပ်မကြာသေးပေမယ့် တချို့ ကျယ်ကျယ်လောင်လောင် ပြောနေကြပြီဗျ..။ အိပ်မက်ကလေး မက်လိုက်ရင် ပိုတောင်ကောင်းသေး ဆိုထားသဗျား..။ ကိုင်း … နောင်အနာဂတ် ရုံးတွေမှာ တစ်ရေးတမောအိပ်ခွင့် ပေးနိုင်မပေးနိုင် မြင်ယောင်ကြည့်ရင်း မျှော်လင့်ကြည့်ရအောင်လား..။

နောက်တစ်ခုက ပန်းကိစ္စဗျ..။ တောင်တွေးမြောက်တွေး တွေးတဲ့သူတွေ ဆက်မတွေးပါနဲ့ခင်ဗျ..။ ကြိုတင်စကားဦးသန်းထားတာပါ..။ တော်တော်ကြာ နားလည်မှုတွေ လွဲကုန်မှာ စိုးလို့ပါခင်ဗျ..။ အောက်မှာပြထားတဲ့စားပွဲမှာ ခုံကို အပေါက်သေးသေးဖောက်ပြီး နေကြာပန်းကို အဲဒီထဲ ထိုးထည့်ထားပါတယ်..။ နေကြာပန်း အခုလို ထောင်နေနိုင်အောင်ရယ် ကြာကြာလေး လန်းနေအောင် ထားဖို့အတွက် ပြင်ဆင်ထားပုံလေးကို သဘောကျလို့ပါ..။

အဖုံးပါတဲ့ ဖန်ပုလင်းအလွတ်တစ်ခုယူပါ..။ လှည့်ပြီးပိတ်ရတဲ့ ဗူးတစ်ခုခု ဖြစ်မယ်ဆိုလည်း ရပါတယ်..။ အဲဒီဗူးအဖုံးကို ခုံမှာဖောက်ထားတဲ့ အပေါက်ရာအတိုင်းဖောက်..။ ခုံအောက်မှာ ဝက်အူလှည့်နဲ့ ကြပ်..။ နောက်တော့ အဲဒီ ပုလင်း/ဗူး ထဲကို ရေထည့်..။ နောက်တော့ ပန်းကို ထိုးထည့်လိုက်..။ အောက်ကပုံအတိုင်းပေါ့..

နောက်တစ်ခုက နာမည်ကျော် အဆိုတော် Lady GaGa ကို စားချင်သူများ စားလို့ရပါတယ်..။ Lady GaGa ဒီဇိုင်းနဲ့ လုပ်ထားတဲ့ ကွတ်ကီးမုန့်လေးတွေကို ဆိုလိုတာပါခင်ဗျ..။ ဘယ်မှာ တစ်ခုဘယ်လောက်ဆိုတာကိုတော့ ညီမင်းစံ သေသေချာချာမသိရပေမယ့် ကွတ်ကီးဒီဇိုင်းတွေနဲ့ လုပ်ထားပုံတွေကိုတော့ ဟောဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကို ပြောရင်း ဒီတစ်ပတ်ရဲ့ တိုလီမိုလီအစီအစဉ်လေး ဒီမှာ ရပ်နားခွင့်ပြုပါခင်ဗျား..။

VN:F [1.8.8_1072]
Rating: 7.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: +1 (from 1 vote)
  • Share/Bookmark

Apr 10 2010

တိုလီထွာလီ

Studio room ဆိုပဲ..။

just 4 funny!

iPad fitted into car dashboard.

Google ရဲ့ VOIP service သိပ်မကြာခင်လာတော့မယ် ဆိုပါတယ်..။ Skype လိုပဲ မိုဘိုင်းဖုန်းတွေကို Application သုံးပြီး နယ်ခြားမြေခြား ခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်..။ စီစဉ်နေတာ ကြာပြီဖြစ်ပေမယ့် အခုလောလောဆယ်တော့ တီထွင်မှုပိုင်းတွေပြီးလို့ စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်ပါတယ်…။ ဘယ်တော့မှ အသုံးပြုသူတွေလက်ဆီ အရောက်ပို့မယ်ဆိုတာတော့ ကျိန်းသေမပြောတတ်သေးဘူး ဆိုပါတယ်..။

Photo of the day တဲ့..။ Afghan မှာ ရိုက်ထားတဲ့ ပုံပါ..။

Flash နဲ့ ဆော့လို့ရတဲ့ Game.. စမ်းဆော့ကြည့်ပါလား..။

Tatto သမားတွေ စိတ်ဝင်စားမယ့် web site ပါ..။ အဲဒီဆိုဒ်မှာ ကိုယ်ကြိုက်တဲ့ Tatto ကိုရွေး..။ ကိုယ့် photo ကို upload လုပ်..။ ပြီးတော့ အဲဒီပုံနဲ့ ကိုယ့်ပုံမှာ ဘယ်နားထည့်ချင်သလဲ ရွေးထည့်ကြည့်တာတွေ လုပ်လို့ရတယ် ဆိုပါတယ်..။

VN:F [1.8.8_1072]
Rating: 8.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

Mar 2 2010

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီးသဘောအတိုင်းပင်
လိုက်ချင်လိုက်ပေါ့ရှင်။

မောင်ကြီးမေတ္တာပန်းကိုဆင်
လပ်ထပ်မလား ဟင်။
မောင်ကြီးသဘောအတိုင်းပင်
နာယူပါ့မယ်ရှင်။

နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ်ရှင်။

မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလား ဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲရှင်။

သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူးထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဖူးလို့လားရှင်။    ။

ဖတ်ရင်းက ပြုံးမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဖတ်မိသူတိုင်း ပြုံးမိမှာ သေချာပါတယ်။ ကဗျာလေးက ရိုးရှင်းပြီး ဖတ်ရတာ ပါးစပ်ထဲစွဲနေခဲ့ပါတယ်။ ဒီကဗျာလေးကို ဆရာမင်းသုဝဏ် ရေးပါတယ်။ ဘယ်နှခုနှစ် ဘယ်နေရာမှာ ရေးခဲ့တယ်ဆိုတာ ကျွန်တော်ရှာလို့ မတွေ့ပါဘူး။ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ပြုံးချင်စရာ ကဗျာလေးတစ်ပုဒ်ပါ။

VN:F [1.8.8_1072]
Rating: 7.3/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

Mar 1 2010

Monday Review

Apple ရဲ့ iTunes store ဟာ သီချင်းအရေအတွက် တစ်နောက်က သုညဆယ်လုံးအနေအထား ရောက်သွားပြီဖြစ်ပါတယ်..။ ဒီအခြေအနေဟာ Apple company ရဲ့ မှတ်တိုင်သစ်တစ်ခုလို့ ပြောလို့ရမယ့်အနေအထားဖြစ်ပါတယ်..။ iTunes ရဲ့ Download service ရဲ့အောင်မြင်မှုလို့လည်း ပြောလို့ရမယ်ထင်ပါတယ်..။ ၇နှစ်ဆိုတဲ့သက်တမ်းနဲ့ ဖြတ်ကျော်လာတဲ့ iTunes ရဲ့ service က ပေါ့သေးသေးလို့ ပြောလို့မရပေမယ့် နောက်ထပ်လာမယ့် နည်းပညာအပြောင်းအလဲတွေကြားမှာ အသစ်အသစ်သော အပြောင်းအလဲတွေနဲ့အတူ Apple အနေနဲ့ ဘယ်လိုခြေလှမ်း လှမ်းမယ်ဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်..။ အဲဒီအထဲမှာ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့ အွန်လိုင်းပေါ်ကနေ မီဒီယာပြိုင်ဘက်တွေနဲ့အတူ အသုံးပြုသူတွေရဲ့ web အခြေခံ music service တွေပေါ် ပြောင်းပြီးအာရုံရတဲ့ အနေအထားနဲ့ Hardware device တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ချဲ့ထွင်လာခြင်းတွေလည်း ပါဝင်ပါတယ်..။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကို ခန့်မှန်းသူတွေလည်း ခန့်မှန်းထားတာတွေရှိပါတယ်..။

ပြီးခဲ့တဲ့အပတ် ဗုဒ္ဒဟူးနေ့တုန်းက Facebook မှာ coding ပိုင်းဆိုင်ရာချို့ယွင်းမှုတချို့ကြောင့် email တွေ လမ်းကြောင်းလွဲပြီး alert လုပ်တဲ့ ပိုင်ရှင်မဟုတ်ဘဲ တလွဲတွေရောက်ကုန်တဲ့ ပြဿနာဖြစ်သွားပါသေးတယ်..။ ဖြစ်ပွားချိန် သိပ်မကြာလိုက်တဲ့အပြင် အနည်းငယ်သော user တွေဆီသာ ရောက်ခဲ့တယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ပြောထားတာ ဖတ်လိုက်ရပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သန်းနဲ့ချီရှိနေတဲ့ အသုံးပြုသူတွေ တစ်ပြိုင်နက်တည်း သုံးနေတဲ့ အခြေအနေမှာ အခုလို အပရိက ဖြစ်တာလောက်ကို ဇာချဲ့နေစရာ မလိုဘူးလို့ ပြောလို့ရပေမယ့် တစ်ဖက်ကကြည့်ရင် user တွေရဲ့ အချက်အလက်တွေ ပျက်စီးဆုံးရှုံးရတာမျိုး ကြုံရမယ်ဆိုရင် ဘယ်လိုအတိုင်းအတာနဲ့မှ လျော်ကြေးပေးလျော်လို့ ရတာမျိုး မဟုတ်ပါဘူး..။

iPhone တွေနဲ့ တွဲအသုံးပြုလို့ရတဲ့ extra battery တွေပြဿနာ တက်ပုံရတယ်..။ ပြဿနာတက်ရင် iPhone screen တစ်ခုလုံးမဲသွားပြီး ဘာမှဆက်လုပ်လို့ မရတော့ပါဘူး..။ extra battery ကိုဖြုတ်ပြီး အားပြန်သွင်းရင်လည်း ဘာမှတက်လာနိုင်မှာမဟုတ်ပါဘူး..။ အဲဒီအနေအထားမှာ sleep/wake button နဲ့ Home button ကိုတွဲပြီး ၁၀ စက္ကန့်စာလောက် ဖိထားပြီး ပြန်လွှတ်တဲ့ reset လုပ်တဲ့နည်းလည်း အဆင်ပြေချင်မှပြေပါတယ်..။ တချို့လည်း သုံးနေရင်းနဲ့ ဒီ extra battery ဟာ iPhone ကို support မလုပ်ပါဘူးဆိုတဲ့ error တက်လာတာမျိုးကြုံရတယ် ဆိုပါတယ်..။ ဖုန်းဟာ စကားပြောစရာ တစ်ခုကနေ entertainment အတွက်ဝင်ရောက်လာပြီဖြစ်သလို နည်းပညာရဲ့ အစိတ်ပိုင်းတစ်ခုအနေနဲ့လည်း ခေတ်တစ်ခုဖြစ်လို့နေပါပြီ..။ အပြောင်းအလဲတွေ အမျိုးစုံရှိတဲ့ကြားမှာ နောက်ထပ်နောက်ထပ် ဘာတွေဖြစ်လာမလဲ ဘာတွေပြောင်းလဲလာမလဲဆိုတာ ရင်ခုန်စရာကောင်းပေမယ့် ငွေကြေးတံတိုင်းကြောင့် ရင်မောမိတယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark