Mar
2
2010
မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။
ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီးသဘောအတိုင်းပင်
လိုက်ချင်လိုက်ပေါ့ရှင်။
မောင်ကြီးမေတ္တာပန်းကိုဆင်
လပ်ထပ်မလား ဟင်။
မောင်ကြီးသဘောအတိုင်းပင်
နာယူပါ့မယ်ရှင်။
နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ်ရှင်။
မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလား ဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲရှင်။
သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူးထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဖူးလို့လားရှင်။ ။
ဖတ်ရင်းက ပြုံးမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဖတ်မိသူတိုင်း ပြုံးမိမှာ သေချာပါတယ်။ ကဗျာလေးက ရိုးရှင်းပြီး ဖတ်ရတာ ပါးစပ်ထဲစွဲနေခဲ့ပါတယ်။ ဒီကဗျာလေးကို ဆရာမင်းသုဝဏ် ရေးပါတယ်။ ဘယ်နှခုနှစ် ဘယ်နေရာမှာ ရေးခဲ့တယ်ဆိုတာ ကျွန်တော်ရှာလို့ မတွေ့ပါဘူး။ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ပြုံးချင်စရာ ကဗျာလေးတစ်ပုဒ်ပါ။
VN:F [1.8.8_1072]
Rating: 7.3/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
2 comments | posted in Poem, Review
Sep
29
2009
ခေါ်သံလေလား ကြားယောင်ရင်းက
ချန်ရစ်တော့မယ့် အတွေးတိမ်တွေကိုလှုပ်ခတ်
အရိပ်သစ်တွေကူးတဲ့ကမ်းပါးမှာ
ဘယ်ကောင်းကင် မဲမှောင်နေဦးမလဲ..။
ဆူသံအူသံ လှိုင်းဂယက်မှာ
ဘဝလှိုင်းတို့ပွက်ထ
မျှားချင်သူတွေလက်မှာ
အိပ်မက်တွေရောင်းလို့ကောင်းတုန်းပဲ..။
ကဗျာတစ်ပိုဒ်နဲ့
မီးတစ်မြိုက်ကြားမှာ
လဲလိုက်ပြိုလိုက် လွှဲလိုက်ကွဲလိုက်ရင်း
ဘဝက အိပ်မက်ပြာတို့နဲ့ ဖွေးသွားတယ်..။
ညီမင်းစံ
၂၉.၉.၀၉
VN:F [1.8.8_1072]
Rating: 5.5/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +1 (from 3 votes)
9 comments | posted in Poem
Jan
25
2009
ဝဋ်လည်သူ
ရင်ခွင်ကို ပြေးဝင်လာမယ့်
ဒါးတစ်စင်းကို
စောင့်ကြိုနေသူ.. …။
ညီမင်းစံ
VN:F [1.8.8_1072]
Rating: 5.0/10 (1 vote cast)
VN:F [1.8.8_1072]
2 comments | posted in Poem
Jan
4
2009
(၁)
ပြောပါ..
နားလည်အောင် သေချာပြောပေးပါ။
ငါ့နားတွေ မယုံအောင်
သေချာပြောပေးပါ..။
ဒါနောက်ဆုံးတောင်းဆိုမှုပါ..။
အဲဒီနောက်မှာ အသစ်တွေ မရှိနိုင်တော့ပါ..။
အိပ်မက်အကြောင်း မပြောတော့ပါ
ငြီးစော်နံခဲ့ပြီပဲလေ..။
(၂)
သူ့ရှေ့မှာ ဖြူနီဝါပြာ
ငါ့ရှေ့မှာ ပြာနီဖြူဝါ
ကွဲပေမယ့် မလွဲပါ..။
ဒါပေမယ့်…
အဲဒီဒါပေမယ့်မှာ လွဲနေ ကွဲနေပြန်တယ်..။
(၃)
နားထောင်နေပါတယ်
ပုလွေအိုကို မမှုတ်ပါနဲ့။
ဂစ်တာကို မခေါက်ပါနဲ့။
အရိပ်တွေ နိုးထရှင်သန်လာပါစေ။
တိမ်တွေ အော်ဟစ်ငိုယိုပါစေ။
ငါစိတ်ဝင်စားတဲ့ အကြောင်းလေး ပြောပေးပါ..။
ချစ်မှာလားလို့ ငါ့ကို မေးပါ။
ချစ်ပါတယ်လို့ ငါ့ကို ဖြေပါ။
အမေးအထူးတွေ သိပ်မပြောချင်ပါ။
ငှက်ပျောသီးတွေ အခွံနွှာရလွယ်ပါတယ်။
ကြိုးကြာအုပ်ကို ရေမစိုပါစေနဲ့။
ဟိမ၀န္တာမှာ အချစ်တရားမရှာပါနဲ့။
ငါ့ရင်ခွင်မှာ ရှာလှည့်ပါ။
လွယ်လွယ်နဲ့ရိုးရိုးတွေးပါ။
ရိုးရိုးရှင်းရှင်း မြင်ရမှာပါ။
(၄)
နှုတ်ခမ်းနိပါးပါးဆိုးထားပါ။
ငါ့ရင်ဘတ်ဆီ တံဆိပ်ကပ်နှိပ်ဖို့
ငါ့ပါးကို အပ်ပါတယ်။
ပျော်ကြည်မွေ့စရာ ညနေခင်းတွေ
ငါနဲ့မင်းအနားမှာ လာနေတယ်..။
ငါ့ကို ရှင်းရှင်းပြောပါ
တစ္ဆေတစ်ကောင်ရဲ့ ဆာလောင်မှုလို
ငါ မင်းရဲ့အချစ်ကို လိုနေတတ်ပြန်တယ်..။
နှုတ်ဆက်မယ်ရည်ရွယ်ချက်မရှိပါ။
အခမ်းအနားနဲ့ ပျော်တော်ဆက်မှာပါ..။
VN:F [1.8.8_1072]
Rating: 7.0/10 (1 vote cast)
VN:F [1.8.8_1072]
1 comment | posted in Poem
Jul
22
2007
ချစ်သူရေ..
ပွင့်ဖတ်စိတ်ကူးပေါ့..။
ရွက်လွှင့်တဲ့ကောင်းကင်ပြင်မှာ ..
ကြယ်ပွင့်တွေ စုံညီခလို့..
လမင်းကော.. ..
သူ နေမကောင်းဘူးတဲ့ ချစ်သူရယ်..။
ချစ်သူရေ..
စွဲကျန်ရစ်တဲ့ရနံ့တွေ လှိုင်သီလို့ ..
ကိုယ့်အတွေးကို ဖြုတ်ယူတယ်..
ကိုယ်.. လွင့်မြောလို့..
အထိအတွေ့ကြား တစ်ခဏလောက်တော့ ..
လစ်ဟာသွားပေါ့..
ချစ်သူရေ..
အိပ်မက်တေးသွားတဲ့လား..
အဆိပ်ရောင်နီမှုန့်မှုန့်..
ကိုယ့်ဘေးမှာ.. ..
မျက်ရည်စတို့ ရောသောက်ပါ့မယ်..။
ကိုယ်သေပါ့မယ်.. ..
ကိုယ့်နှလုံးသားတော့ မဖြုံဘူးတဲ့..။
ချစ်သူရေ..
အကြွင်းမဲ့အဖြစ်အပျက်တွေ..
အရိပ်မဲ့ ညဘက်တွေ..
လေပြေကြားက စကားလုံးပုံစောင်ခဲတွေ..
အိပ်မက်ဦးက ဘီလူး..
တစ်စစီလွင့်မြောလို့ပေါ့..။
.. …
မဆုံးတဲ့အစအတွက် အစနောက်အဆုံးမဲ့ အရောင်မဲ့ကွင်းပြင်. .. လွင့်မြောပျံ့လွင့်လေရဲ့..။
ချစ်ခြင်းများစွာဖြင့်
—
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
4 comments | posted in Poem