Jun 7 2010

Close Your Eye

သူငယ်ချင်းကို မျက်စေ့မှိတ်ပြီး ရိုက်ထားတာလေး B&W version ပြောင်း 1:2 ration နဲ့ cropping လုပ်.. ဘောင်ခတ် စာတပ် လုပ်ပြီးသကာလ..။ ကျွန်တော် ဒီလိုပုံရိုက်ချင်လို့ ကြိုးစားနေတာ နည်းနည်းကြာပြီ..။ ပြင်ထားတဲ့ မျက်တောင်မျိုး မလိုချင်ဘူး..။ ဒီမျက်တောင်ရော မျက်ခုံးရောက ပြင်ထားတာမဟုတ်ဘူး..။ တကယ့် မူလအတိုင်းပဲ..။ သူ မိတ်ကပ်တောင်မလိမ်းဘဲ အရိုက်ခံထားတာပါ..။ ရမ်းသမ်းရိုက်ကြည့်တာ ဖြစ်တဲ့အတွက် လိုတာတွေရှိကောင်း ရှိနိုင်ပါတယ်..။

Black and White version ကို ပြောင်းတဲ့အချိန်မှာ နည်းနည်းလက်ပေါက်ကပ်ပါတယ်..။ တစ်ရောင်ချင်းဆီချိန်ရလို့ပါ..။ ပုံကို capture လုပ်ရင် color နဲ့ လုပ်မယ်ဆိုရင် အရောင်တွေရှိပါတယ်..။ လူ့အသားအရောင်မှာ အနီ အဝါတွေ ရှိတယ်.။ ဘေးပတ်ဝန်းကျင်မှာ အစိမ်းတွေ အပြာတွေ ခရမ်းတွေ စိမ်းပြာတွေရှိမယ်..။ အဲဒါတွေကို လိုတိုးပိုလျှော့ လုပ်ရပါတယ်..။ အခုပုံမှာ အဝါလျှော့ချ အနီလျှော့ချလိုက်တဲ့အတွက် အသားအရောင်က အဖြူဘက် ပိုလင်းတဲ့အရောင်ဘက်ကို သန်းပါတယ်..။ တကယ်လို့ အစစ်အမှန် Black and White version ဒီအတိုင်းပဲ ထားမယ်ဆိုရင်တော့ အနက်ရောင်များပြီး အရင့်ဘက်ကို သွားမှာ ဖြစ်တဲ့အတွက် ပုံမှာ ညစ်တစ်တစ်ဖြစ်နေသလို ဖြစ်နေပါလိမ့်မယ်..။

ကျွန်တော် တကယ့် Black & White version စစ်စစ်တွေ ကြိုးစား ဖန်တီးကြည့်ချင်ပါသေးတယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +3 (from 3 votes)
  • Share/Bookmark

Jun 7 2010

Temples

စန္ဒာမုနိ ဘုရားမှာ ရိုက်ခဲ့တဲ့ ပုံပါခင်ဗျ..။ Angle ကို တစောင်းယူထားတယ်..။ ဝေဖန်ပေးပါဦး..။

VN:F [1.8.8_1072]
Rating: 8.7/10 (3 votes cast)
VN:F [1.8.8_1072]
Rating: 0 (from 0 votes)
  • Share/Bookmark

May 29 2010

What they are dreaming about?

သူတို့အတွက် အိပ်မက်က ဘာလဲ..။ ငွေလား… ရွှေလား.. အိမ်တစ်လုံးလား.. ကျောတစ်ခင်းလား.. မေတ္တာတရားလား..။ ကျွန်တော် မသိ..။ ဒီကလေးလေး ကြီးလာရင် ဘာဖြစ်မလဲ..။ ကျွန်တော်မသိ..။ ဒီအမျိုးသမီး အိပ်နေတယ်ဆိုတာ ရင်ဆိုင်ဖို့အားမွေးတာလား.. အားပြတ်သွားလို့လား..။ ကျွန်တော်မသိ..။ အတိတ်ရဲ့ အရိပ်မဲလား.. အနာဂါတ်ရဲ့ မသေချာခြင်းတွေလား.. ကျွန်တော်မသိ..။ တံတိုင်းကြီးက ရင်ဖွင့်ထားရင်း ငုံ့ကြည့်နေတယ်…။ သူလည်း ဒဏ်ရာတွေ ဗရပွနဲ့..။ ကျွန်တော်… ….

VN:F [1.8.8_1072]
Rating: 10.0/10 (2 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark

May 27 2010

ပြိုမှာလေလားမိုးရယ်..

စိတ်ကြိုက်ပုံလေးတစ်ပုံပါ..။ ပြိုမှာလေလား မိုးရယ် လို့ နာမည်ပေးချင်ပေမယ့် အဲဒါကို အင်္ဂလိပ်လို ဘယ်လိုမှ ပြည့်စုံအောင် မဖော်ညွှန်းနိုင်ပါဘူး..။ ဒီစကားလုံး အသုံးလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်..။ ကျွန်တော်သိသလောက် အရင် ဖတ်စရာဂျယ်နယ် အယ်ဒီတာချုပ် ဆရာအောင်ပြည့် ရဲ့ စကားလုံးလေးပါ..။ ဝေဖန်ပေးစေလိုပါတယ်..။

VN:F [1.8.8_1072]
Rating: 10.0/10 (3 votes cast)
VN:F [1.8.8_1072]
Rating: +4 (from 4 votes)
  • Share/Bookmark

May 25 2010

Winking the Sunlight

ဒီပုံလေးရိုက်ထားတာ တော်တော်ကြာပြီ..။ သဘောကျလို့ တင်လိုက်ပါတယ်..။ ဝေဖန်ပေးပါဦး..။

VN:F [1.8.8_1072]
Rating: 8.4/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
  • Share/Bookmark