May
3
2010
မိခင်ဝမ်းတွင်းမှာ သန္ဓေတည်တဲ့ လူသားပုံတချို့ ကျနော်တို့ ကြည့်ခဲ့ဖူးတယ်..။ အခု ကျွန်တော်တွေ့ထားတာလေးတွေက တချို့သော သတ္တဝါလေးတွေ ဘယ်လို သန္ဓေတည်တယ်ဆိုတာကို ဒီတစ်ပတ် တိုလီထွာလီမှာ မျှဝေချင်ပါတယ်..။





တော်တော်သဘောကျမိတဲ့ ဒီဇိုင်းပုံတစ်ခုကိုလည်း တွေ့မိတယ်..။

ခဲပန်းချီနဲ့ ဓါတ်ပုံနဲ့ ရောထားတဲ့ ပုံလေးတွေလည်း သဘောကျတာနဲ့ မျှဝေကြည့်မယ်..။ အဓိက က Idea ပဲ..။ ကျွန်တော်တို့ တော်တော်လိုက်ရဦးမယ်..။









ဒီတစ်ပတ်တော့ ဒီမျှနဲ့ ကျေနပ်ပါခင်ဗျ..။
VN:F [1.8.8_1072]
Rating: 10.0/10 (5 votes cast)
VN:F [1.8.8_1072]
Rating: +2 (from 2 votes)
7 comments | posted in Design, Diary, Funny, Knowledge, News, Notes, Photography, Tips
Apr
10
2010
Studio room ဆိုပဲ..။

just 4 funny!

iPad fitted into car dashboard.

Google ရဲ့ VOIP service သိပ်မကြာခင်လာတော့မယ် ဆိုပါတယ်..။ Skype လိုပဲ မိုဘိုင်းဖုန်းတွေကို Application သုံးပြီး နယ်ခြားမြေခြား ခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်..။ စီစဉ်နေတာ ကြာပြီဖြစ်ပေမယ့် အခုလောလောဆယ်တော့ တီထွင်မှုပိုင်းတွေပြီးလို့ စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်ပါတယ်…။ ဘယ်တော့မှ အသုံးပြုသူတွေလက်ဆီ အရောက်ပို့မယ်ဆိုတာတော့ ကျိန်းသေမပြောတတ်သေးဘူး ဆိုပါတယ်..။

Photo of the day တဲ့..။ Afghan မှာ ရိုက်ထားတဲ့ ပုံပါ..။

Flash နဲ့ ဆော့လို့ရတဲ့ Game.. စမ်းဆော့ကြည့်ပါလား..။
Tatto သမားတွေ စိတ်ဝင်စားမယ့် web site ပါ..။ အဲဒီဆိုဒ်မှာ ကိုယ်ကြိုက်တဲ့ Tatto ကိုရွေး..။ ကိုယ့် photo ကို upload လုပ်..။ ပြီးတော့ အဲဒီပုံနဲ့ ကိုယ့်ပုံမှာ ဘယ်နားထည့်ချင်သလဲ ရွေးထည့်ကြည့်တာတွေ လုပ်လို့ရတယ် ဆိုပါတယ်..။
VN:F [1.8.8_1072]
Rating: 8.0/10 (1 vote cast)
VN:F [1.8.8_1072]
no comments | tags: Fun, Google, News, Photo, Review, Technology News, Web site | posted in Funny, Java Games, Knowledge, News, Notes, Review, Thought, Tips, Tutorial
Mar
1
2010
Apple ရဲ့ iTunes store ဟာ သီချင်းအရေအတွက် တစ်နောက်က သုညဆယ်လုံးအနေအထား ရောက်သွားပြီဖြစ်ပါတယ်..။ ဒီအခြေအနေဟာ Apple company ရဲ့ မှတ်တိုင်သစ်တစ်ခုလို့ ပြောလို့ရမယ့်အနေအထားဖြစ်ပါတယ်..။ iTunes ရဲ့ Download service ရဲ့အောင်မြင်မှုလို့လည်း ပြောလို့ရမယ်ထင်ပါတယ်..။ ၇နှစ်ဆိုတဲ့သက်တမ်းနဲ့ ဖြတ်ကျော်လာတဲ့ iTunes ရဲ့ service က ပေါ့သေးသေးလို့ ပြောလို့မရပေမယ့် နောက်ထပ်လာမယ့် နည်းပညာအပြောင်းအလဲတွေကြားမှာ အသစ်အသစ်သော အပြောင်းအလဲတွေနဲ့အတူ Apple အနေနဲ့ ဘယ်လိုခြေလှမ်း လှမ်းမယ်ဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်..။ အဲဒီအထဲမှာ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့ အွန်လိုင်းပေါ်ကနေ မီဒီယာပြိုင်ဘက်တွေနဲ့အတူ အသုံးပြုသူတွေရဲ့ web အခြေခံ music service တွေပေါ် ပြောင်းပြီးအာရုံရတဲ့ အနေအထားနဲ့ Hardware device တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ချဲ့ထွင်လာခြင်းတွေလည်း ပါဝင်ပါတယ်..။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကို ခန့်မှန်းသူတွေလည်း ခန့်မှန်းထားတာတွေရှိပါတယ်..။
ပြီးခဲ့တဲ့အပတ် ဗုဒ္ဒဟူးနေ့တုန်းက Facebook မှာ coding ပိုင်းဆိုင်ရာချို့ယွင်းမှုတချို့ကြောင့် email တွေ လမ်းကြောင်းလွဲပြီး alert လုပ်တဲ့ ပိုင်ရှင်မဟုတ်ဘဲ တလွဲတွေရောက်ကုန်တဲ့ ပြဿနာဖြစ်သွားပါသေးတယ်..။ ဖြစ်ပွားချိန် သိပ်မကြာလိုက်တဲ့အပြင် အနည်းငယ်သော user တွေဆီသာ ရောက်ခဲ့တယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ပြောထားတာ ဖတ်လိုက်ရပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သန်းနဲ့ချီရှိနေတဲ့ အသုံးပြုသူတွေ တစ်ပြိုင်နက်တည်း သုံးနေတဲ့ အခြေအနေမှာ အခုလို အပရိက ဖြစ်တာလောက်ကို ဇာချဲ့နေစရာ မလိုဘူးလို့ ပြောလို့ရပေမယ့် တစ်ဖက်ကကြည့်ရင် user တွေရဲ့ အချက်အလက်တွေ ပျက်စီးဆုံးရှုံးရတာမျိုး ကြုံရမယ်ဆိုရင် ဘယ်လိုအတိုင်းအတာနဲ့မှ လျော်ကြေးပေးလျော်လို့ ရတာမျိုး မဟုတ်ပါဘူး..။
iPhone တွေနဲ့ တွဲအသုံးပြုလို့ရတဲ့ extra battery တွေပြဿနာ တက်ပုံရတယ်..။ ပြဿနာတက်ရင် iPhone screen တစ်ခုလုံးမဲသွားပြီး ဘာမှဆက်လုပ်လို့ မရတော့ပါဘူး..။ extra battery ကိုဖြုတ်ပြီး အားပြန်သွင်းရင်လည်း ဘာမှတက်လာနိုင်မှာမဟုတ်ပါဘူး..။ အဲဒီအနေအထားမှာ sleep/wake button နဲ့ Home button ကိုတွဲပြီး ၁၀ စက္ကန့်စာလောက် ဖိထားပြီး ပြန်လွှတ်တဲ့ reset လုပ်တဲ့နည်းလည်း အဆင်ပြေချင်မှပြေပါတယ်..။ တချို့လည်း သုံးနေရင်းနဲ့ ဒီ extra battery ဟာ iPhone ကို support မလုပ်ပါဘူးဆိုတဲ့ error တက်လာတာမျိုးကြုံရတယ် ဆိုပါတယ်..။ ဖုန်းဟာ စကားပြောစရာ တစ်ခုကနေ entertainment အတွက်ဝင်ရောက်လာပြီဖြစ်သလို နည်းပညာရဲ့ အစိတ်ပိုင်းတစ်ခုအနေနဲ့လည်း ခေတ်တစ်ခုဖြစ်လို့နေပါပြီ..။ အပြောင်းအလဲတွေ အမျိုးစုံရှိတဲ့ကြားမှာ နောက်ထပ်နောက်ထပ် ဘာတွေဖြစ်လာမလဲ ဘာတွေပြောင်းလဲလာမလဲဆိုတာ ရင်ခုန်စရာကောင်းပေမယ့် ငွေကြေးတံတိုင်းကြောင့် ရင်မောမိတယ်..။
VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
no comments | posted in News, Review
Mar
1
2010
Barcamp Mandalay
လုပ်ဖို့စီစဉ်နေတယ်ဆိုတာ သိရပါတယ်..။ Facebook မှာ သွားပြီး Fan Member အနေနဲ့ join ဖို့ တိုက်တွန်းလိုပါတယ်..။ နေရာ အချိန်နဲ့ လိုဂိုတွေအတွက် မဲခွဲဆုံးဖြတ်နေတဲ့အတွက် ဝင်ရောက်မဲပေးနိုင်တဲ့အပြင် အကြံဥာဏ်တွေပေးဖို့အတွက် ဖိတ်ခေါ်နေပါတယ်..။ ရန်ကုန်မှာ barcamp ကို အောင်အောင်မြင်မြင်လုပ်သွားနိုင်ခဲ့ပါတယ်..။ Barcamp ပွဲ ၂ ရက်ကျင်းပခဲ့တာဖြစ်ပြီး IT နယ်ပယ်ကို စိတ်ဝင်စားတဲ့ လူငယ်များစွာတက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်..။ တစ်ဆက်တည်း Twitter မှာ barcampmandalay အကောင့်ကို following လုပ်ဖို့အတွက်လည်း ဖိတ်ခေါ်လိုပါတယ်..။
VN:F [1.8.8_1072]
Rating: 10.0/10 (1 vote cast)
VN:F [1.8.8_1072]
no comments | posted in News
Jan
30
2010

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၂၆ လမ်းနဲ့ ၇၁ လမ်းထောင့် Jefferson Center (JC) မှာ ကပွဲတစ်ခု စီစဉ်တင်ဆက်သွားမယ်ဆိုတာ သိရပါတယ်..။ အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်..။ကျွန်တော် ရှာဖွေကြည့်သလောက်တော့ ODC (Oberlin Dance Company)က လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်..။ အဲဒီ အဖွဲ့ကို ၁၉၇၁ မှာ တည်ထောင်ပါတယ်..။ အောင်မြင်တဲ့ အက သင်တန်းကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်..။ အနုပညာရှင်ပေါင်း ၆၀၀၀ ကျော်နဲ့ ကျောင်းသားပေါင်း နှစ်စဉ် ငါးသောင်းကျော် မွေးထုတ်ပေးနေတဲ့ နာမည်ကျော် သင်တန်းကျောင်းကြီးတစ်ခုပါ..။ အသစ်တွေ ကြည့်ရှုရမှာ ဖြစ်သလို သူတို့ရဲ့ အနုပညာကို လေ့လာခွင့်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေ သွားသင့်တဲ့ ပွဲလေးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်..။
VN:F [1.8.8_1072]
Rating: 0.0/10 (0 votes cast)
VN:F [1.8.8_1072]
no comments | posted in News