At AVA

အင်းဝမှာရှိတဲ့ မယ်နုအုတ်ကျောင်းမှာ ရိုက်ထားတဲ့ပုံလေးပါ..။ မယ်နုအုတ်ကျောင်းက နာမည်ကျော်ပါတယ်..။ ကုန်းဘောင်ခေတ်လက်ရာ အပြောက်အမွှမ်းတွေနဲ့ ခန့်ခန့်ထည်ထည်ရှိနေတယ်..။ ကျောင်းရဲ့အောက်မှာ လူဝင်လို့ရတဲ့နေရာတွေရှိတယ်..။ ဒီနေရာတွေမှာ တော်တော်များများ ရိုက်ဖူးကြမယ် ထင်ပါတယ်..။ ကျွန်တော်လည်း ရိုက်ချင်နေတာတော်တော်ကြာပြီ..။ အခု မန္တလေးမှာ photography workshop လုပ်တော့မှပဲ ရိုက်ဖြစ်တော့တယ်..။

အလင်းကောင်းကောင်းမရတဲ့နေရာမှာ အလင်းကိုအမှန်အတိုင်းယူပြီး ရိုက်ထားတာ ဖြစ်တဲ့အတွက် အမှောင်များတဲ့ဓါတ်ပုံတစ်ပုံပါ..။ ဒါပေမယ့် subject ဖြစ်တဲ့လူကို အလင်းထိအောင်ပေးထားတယ်..။ အဲဒီဘက်မှာ မုခ်ပေါက်ရှိနေတဲ့အတွက် အလင်းဝင်ပေမယ့် အလင်းတန်းတွေတော့ တကယ်ကျမနေပါဘူး.။ ဒါတွေကိုစိတ်တိုင်းကျ ဖန်တီးယူပါတယ်..။ နောက်ပြီး အရောင်တွေကို အပြာဘက်နဲ့ အဝါဘက်ဖြစ်အောင် နည်းနည်းချိန်ပါတယ်..။ ဒီပုံလေးကို post processing လုပ်ရာမှာ စိတ်ကူးလေးတွေ အများရှိရခဲ့ပါတယ်..။

နောင်လည်း ဒီလိုပုံမျိုးလေးတွေ ဖန်တီးပါဦးမယ်..။

Leave a Reply

Your email address will not be published. Required fields are marked *