Browsing the Nature

ရှမ်းပြည်တောင်ပိုင်းကို အလည်သွားရင် ဘယ်သူမဆိုတော့ ကလောဘက် ရွာငံဘက်တွေ သွားရပါတယ်..။ တောင်တန်းတွေနဲ့ စိုက်ထားတည် လည်ကွင်းတွေ တမျှော်တခေါ် လှမ်းမြင်ရတော့ ကြည်နူးရတာ အမှန်ပဲ။ လေယာဉ်ပေါ်ကများ ကြည့်ရင် မြင်ကွင်းတွေက ပိုပြီးတောင်စွဲမက်စရာ ကောင်းလှပါတယ်..။ ရောင်စုံဖြာဝေ မောတို့မြေရဲ့အလှပေါ့လေ..။

စိုက်ပျိုးထားတဲ့မြေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ အရောင်တွေအမျိုးမျိုးက တောင်ကုန်းတွေကို စောင်ကွက်ကြားကြီးလွှမ်းထားတယ်လို့တောင် ထင်ရလောက်ပါတယ်..။ ကြုံရင်သွားကြည့် ခံစားကြည့်ဖို့တော့ တိုက်တွန်းပါရဲ့..။ ဆောင်းတွင်းအခါက ခရီးသွားရတာ သိပ်ကောင်းသလို အခုလိုရှုမျှော်ခင်းတွေ အပြည့်အဝ ကြည့်ရတာနဲ့တင်ပဲ တန်ပါတယ်..။

 

Leave a Reply

Your email address will not be published. Required fields are marked *