Jan 6 2012

မီးတွေရွာချတဲ့ညနေ

20120106-182116.jpg


Jan 4 2012

Happy new year

I have no plan to write a wish. This is remind for me this is new year of my life. Today, busy with lots of tutorials and some blah blah works of accounts. Actually, my new life is started from 2011. But, entering is just on this year. Hope all the best and wish a little easy life.

I just listen a song that’s include one sentence make me some thoughts. I don’t know my future. Also everybody don’t know about the future. And, also want to know how will be happen in coming days and years. Do not want to meet or suffer the bad things.

Do what you like, may get what you do.

This is very simple. But hard to notify what should I do the good and the bad.

2012… You are welcome!


Dec 13 2011

Blue

မနေ့ညနေက လမ်းလျှောက်ရင်း မြင်မိမြင်ရာလေး ဓါတ်ပုံရိုက်ထားမိတယ်.. ကောင်းကင်ပြာနဲ့ တိုက်ကြီးတွေ ကျွန်တော့ကို အုပ်လို့မိုးလို့..။

20111213-182754.jpg


Dec 12 2011

12-12-11

အခြေအနေ အကြောင်းကြောင့် ကျောင်းတက်နေရလေရဲ့.. ရန်ကုန်မှာသောင်တင် တောင်စဉ်ရေမရတွေလေ့လာရင်း ဘာတွေမှန်းမသိတဲ့ ခံစားချက်တွေရယ် ဘယ်လိုမှန်းမသိတဲ့ ကိစ္စတွေရယ်ကြား ရွာလည်တိုင်ပတ်နေတယ်ဆိုတဲ့ ငိုချင်းကို တစ်ယောက်တည်းတိုးတိုးလေးဆိုရမယ်..။

တစ်ခါတလေ အားငယ်တယ်.. တစ်ခါတစ်ခါ ဝမ်းနည်းတယ်.. တစ်ခါတစ်ခါ နားမလည်ဘူး ဖြစ်နေတယ်.. တစ်ခါတစ်ခါမှာလည်း စိတ်တိုဒေါသထွက်မိတယ်..

ဒါပေမယ့် .. ငါမှသည် ငါနှင့်ပတ်သက်နေသူများအတွက်ဆိုပြီး အားနည်းနည်းတင်းရင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေမိတယ်..

အိမ်ဆိုတဲ့နေရာလေးက စဉ်းစားလိုက်တိုင်း နွေးထွေးစေတဲ့ အရသာလေး သိတတ်နေပြီ..


Oct 7 2011

For Steve Jobs

Steve Jobs ကို အနုပညာရှင်လို့ ပြောကြတယ်…

Steve Jobs ကို အတတ်ပညာရှင်လို့ ပြောကြတယ်…

Steve Jobs ကို ပါရမီရှင်လို့ ပြောကြတယ်…

Steve Jobs ကို ဥာဏ်ကြီးရှင်လို့ ပြောကြတယ်…

Steve Jobs ကို ခေါင်းသိပ်မာသူလို့ ပြောကြတယ်…

Steve Jobs ကို နူးညံ့ပျော့ပြောင်းသူလို့ ပြောကြတယ်…

Steve Jobs ကို ဖန်တီးနိုင်စွမ်းရှိတဲ့သူလို့ ပြောကြတယ်…

Steve Jobs ကို ဖော်ဆောင်နိုင်စွမ်းရှိတဲ့သူလို့ ပြောကြတယ်…

Steve Jobs ကို နည်းပညာသူရဲကောင်းလို့ ပြောကြတယ်…

Steve Jobs ကို ဝိဇ္ဇာပညာရပ်တွေရဲ့ သူရဲကောင်းလို့ ပြောကြတယ်…

Steve Jobs ကို သတ္တိရှိတဲ့သူလို့ ပြောကြတယ်…

Steve Jobs ကို အရာရာအားလုံးခေါင်းဆောင်နိုင်သူလို့ ပြောကြတယ်…

Steve Jobs ကို ကိုယ်လုပ်ချင်တာကို လုပ်ရဲတဲ့သူလို့ ပြောကြတယ်…

Steve Jobs ကို ရူးသွပ်မှုတစ်ခုဖြစ်အောင် ဆာလောင်လာအောင် ဆွပေးတဲ့သူလို့ ပြောကြတယ်…

Steve Jobs ကို သိသလိုပြောကြ မသိသလိုပြောကြ…
ဘယ်လိုပဲဖြစ်ဖြစ် Steve Jobs က Steve Jobs အလုပ်ကို လုပ်သွားခဲ့ပြီ..
မျက်မိုးဆွေလို့ ရတက်ပွေခဲ့ရပြီ…
Steve Jobs အတွက် ဖြောင့်ဖြူးသောလမ်းက ကြိုဆိုနေခဲ့ပြီ…

နည်းပညာခေတ်ဦးရဲ့ သူရဲကောင်းတစ်ယောက် ကြွေလွင့်ခဲ့ရတဲ့အတွက်
စိတ်မကောင်းကြီးစွာဖြစ်ရသလို…
ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ကမ္ဘာမြေအတွက် နည်းပညာပန်းတွေ လန်းပွင့်စေခဲ့သူ…
ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပျော်ရွှင်စွာ နားယူအိပ်စက်နိုင်ပါစေတော့လို့…။

ညီမင်းစံ